မေ ၃၁
အအေးဓါတ်တစ်စက်ကလေးမှ ရှိမနေတဲ့ နေ့လည်ခင်း။
မနက်အိပ်ရာနိုးကတည်းက မရပ်မနား ထပ်ခါတလဲလဲ ဆိုပြနေရှာတဲ့ ကိုမျိုးကျော့မြိုင်။
မိုးတွေလည်း ရွာမနေသလို၊ စိတ်တွေလည်း လေမနေပါ။
သို့သော်..
ဒီနေ့မလုပ်ရင်မရဘူးဆိုတဲ့အလုပ်မရှိဘူးလို့ ဆုံးဖြတ်ထားတာကတစ်ကြောင်း၊ တစ်ညလုံး ကြွက်တက်ထားတဲ့ ခြေသလုံးရဲ့ ကြွက်သားနာကျင်မှုကြောင့်တစ်ကြောင်း၊ ဘာမှကို မလုပ်ချင်ဘူးဆိုတဲ့စိတ်ကို အဓိကအကြောင်းထားပြီး၊ မွန်းလွဲလာသည်အထိ မရွေ့မလျား ငြိမ်ငြိမ်သက်သက်။
သီချင်းထပြောင်းဖို့၊ တခုခုထစားဖို့၊ အဲဒါတွေထက် ငြိမ်ငြိမ်လေးသာ နေချင်နေသေးသည်။ အတွေးတွေကသာ………. ကမ္ဘာတစ်ဘက်ဆီသို့………. ယေဘုယျအားဖြင့် အိပ်မောကျနေမည့် သူတစ်ယောက်ဆီ…..။
ဂစ်တာကိုင်လိုက်ပြီး ဘာသီချင်းဆိုပြရမလဲ မေးလိုက်တိုင်း အဝေးကြီးပဲ.. တစ်ပုဒ်ကိုပဲ ဆိုခိုင်းတတ်တဲ့သူ။ နေ့နဲ့ည ဆန့်ကျင်ဘက်ဖြစ်နေတဲ့အရပ်နှစ်ခုမှာ ကိုယ်နဲ့သူ။ ခုများတော့တကယ်ကို အဝေးကြီးပဲ။ ကိုယ့်အကြောင်းပြောလိုက်တိုင်း နာမည်ကြားရင်တောင် အာရုံနောက်တယ်ဆိုတဲ့ တဆင့်စကားများ။ အလိုက်မသိ Friend Requestတွေ အကြိမ်ကြိမ်ပို့မိလို့။ ကိုယ့်နာမည်လည်း မကြားချင်၊ သူ့သတင်းတွေလည်း ပြောမပြကြပါနဲ့ဆိုတဲ့ လေထဲကအသံများ။ ဒေါသထွက် စိတ်ရှုပ်တိုင်း နီမြန်းလာတတ်တဲ့ မျက်နှာကို မြင်ယောင်ရင်း Cancelပြန်လုပ်ပြီးတာရဲ့နောက်၊ ကိုယ့်မျက်စိရော နားကိုပါ ပိတ်ထားလိုက်တော့တာ.. တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်။
ခင်ဗျားဖြစ်ချင်တာ သိပ်များလွန်းမနေဘူးလား။ ကျွန်တော်နဲ့သွားရင် ခင်ဗျားခရီးမတွင်ဘူး ထင်နေတယ်မဟုတ်လား။ ခုချိန်လာမေးရင်လည်း ထိုထိုမေးခွန်းများတွေအတွက် အဖြေမရှိသေးပါ။ မိန်းမ၀ါဒီပါဗျာ.. နင်နဲ့ငါ မသုံးစမ်းပါနဲ့ဗျာ.. စသဖြင့် ညည်းတွားရင်း ပုခုံးပေါ် ခေါင်းလာမှီတဲ့အချိန်ကို အချစ်ဆုံးဆိုတာ ပြောမယ် ပြောမယ်နဲ့ မပြောဖြစ်လိုက်ခဲ့ဘူး။ ဘယ်ဆုံးဖြတ်ချက်ကိုများ ကျွန်တော်နဲ့ တိုင်ပင်ဖူးလို့လဲ ဆိုတိုင်း ကိုယ်ပြုံးဖြစ်ခဲ့တယ်။ အချစ်ဆုံးသူငယ်ချင်းတွေဆီက ငါတို့လည်း နင့်ကို နားမလည်ဘူး ဆိုတဲ့လှိုင်းတွေ ရောက်လာတုန်းကလည်း ကိုယ်ပြုံးနေခဲ့တယ်။ ကိုယ်က ဘုရင်မဖြစ်နေပြီး၊ သူလိုချင်တာက ပန်းတပွင့်ဖြစ်တယ် ဆိုပြီး ကဗျာဆရာ သူငယ်ချင်းက သုံးသပ်ပြန်တယ်။ ကိုယ်ပြုံးရုံသာ။ သတိမရဘူး သီချင်းတပုဒ်ကို အကျယ်ကြီး ဖွင့်ဖွင့်ထားတတ်တဲ့အကြောင်း စာအိတ်နဲ့ထည့်ထားတဲ့ လက်စွပ်လေးနဲ့အတူ  ရောက်လာတုန်းကလည်း ကိုယ်ပြုံးနေဖြစ်ခဲ့တယ်။
တစ်ယောက်တည်း လျှောက်ရတဲ့လမ်းတွေမှာ နေသားကျမှုနဲ့အတူ ကျေနပ်ခြင်းပါထပ်ပေါင်းလို့။ နောက်ပြန်လှည့်ဖို့ အိပ်မက်ထဲတောင်ထည့်မမက်မိသေးပါ။ ဘယ်ဘက်လက်သူကြွယ်ကို မြင်ပြီး၊ ဇဝေဇ၀ါအကြည့်ခံရတိုင်း၊ မျက်နှာကို ခပ်မော့မော့ထားပစ်လိုက်ဖို့သာ အကျင့်လုပ်ထားဖြစ်တယ်။ လွန်လေသော နှစ်တွေကအတိုင်း ရှိနေဆဲ ဘယ်ဘက်ရင်ဘတ်အောက်က စည်းချက်တွေကိုလည်း အလို.. ဘာမှကိုကြားရတော့ပါလားလို့ မှတ်ဥာဏ်ကို သတင်းပို့ အယုံသွင်းနိုင်ခဲ့ပြီ။ သူပြောနေကျ.. သိပ်မာတဲ့ခေါင်းနဲ့ ကိုယ့်ဘာသာ တောက်ပချင်တဲ့ ကြယ်..။ တသက်လုံးသာ ကိုယ့်အစွမ်းနဲ့ကိုယ် တောက်ပဖို့ စိတ်ကူးနဲ့.. တကယ်ကို ကိုယ်မလွမ်းတတ်ပါ။
တညနေ
အား..
မျက်စိထဲ ဒီလောက် စူးခနဲ ၀င်လာရလား။ ဘယ်လိုကားမီးရောင်လဲ။ ဒါကြောင့် ယဉ်ကြောနဲ့ ပြောင်းပြန် လမ်းလျှောက်လို့ အဆင်မပြေတာ။ မျက်လုံးတွေကတော်တော် မကောင်းတော့တာပဲကိုး။ ဒီညစာ မုန်လာဥနီစားရင်ကောင်းမလား။ မြင်းခွာရွက်ဟင်းချို ချက်သောက်ရင်ရော။ ခုပဲ ည ၇နာရီ။ အိုက်စပ်စပ်နဲ့မို့လို့ လမ်းနည်းနည်းလျှောက်မယ်စိတ်ကူးနဲ့ လမ်းလျှောက်လာမိပြီးကာမှ အိမ်ပြန်ရောက်ဖို့က နောက်ထပ် ၁နာရီကျော်ကျော်လိုဦးမယ်။ ဟင်းချက်စားမယ့်အကြံဖျက်ဖျက်။ အေးအေးဆေးဆေး လမ်းလျှောက်တာမှ ကောင်းဦးမယ်။ မျက်စိအတွက်ကတော့ မျက်စိအားဆေးရှိတာပဲလေ။ သောက်တာပေါ့။ ခုတလော လေအလုံအလောက်မရသလိုလို ဖြစ်နေတဲ့  ဦးနှောက်အတွက် လေအေးအေးရှူရင်း လမ်းလျှောက်တာက ပိုကောင်းပါတယ်လေ။
ကြည့်စမ်း..
ဒီအပင်လေး အရွက်တွေ ကြွေတော့မှာပဲ။ ဒီလမ်းတလျှောက်က အမြဲလမ်းလျှောက်လို့ ကောင်းတာ ဒီအပင်တွေ ကျေးဇူး။ နေရာဒေသ ခေတ်ကာလအရ အပင်ခြေရင်းမှာ ရေချမ်းစင်လေးတွေတော့ မရှိရှာဘူးပေါ့။ အပင်လေးတွေ စီစီတန်းတန်းရှိနေသေးတာပဲ တော်လှပြီ တွေးရမယ်။ ငယ်တုန်းရွယ်တုန်းကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြည်ရေး စိတ်ဝင်တစားရှိဖူးပါရဲ့။ စာအုပ်တွေဖတ်လို့၊ စိတ်ကူးတွေယဉ်လို့၊ မြင့်မြင့်မားမားတွေ မြင်ကြည့်လို့၊ အတွေးတူသူတွေနဲ့ ဆွေးနွေးလို့ပေါ့။ နောက်ကျတော့လည်း တစ်ကိုယ်စာ အတွက်ပဲ လှုပ်ရှားရုန်းကန်ရင်း ကူညီရာမရောက်ချင်နေမယ် ဖျက်ဆီးသူထဲတော့ မပါတော်ပြီနဲ့ပဲ ရသေ့စိတ်ဖြေ နေဖြစ်သွားတာပဲကိုး။ အပင်ကြီးတွေအောက် ဖြတ်လျှောက်ရင်း ခေါင်းမော့ပြီး အသက်ပြင်းပြင်းရှူလိုက်ရရင်ကိုပဲ ဦးနှောက်ထဲ လေတွေတော်တော် ရောက်သွားသလိုပါလား။ ဒီလိုဆိုတော့လည်း အဆုတ်တင် မဟုတ် ဦးနှောက်ကပါ လေရှူတတ်တယ်ပုံ။ အိုက်စပ်စပ်အချိန် လေအေးအေးတွေ ဖြတ်တိုင်းတိုင်း အဖွားပြောနေကျစကားရှိတယ်။ လေနတ်မင်းကြီးကျန်းမာပါစေတဲ့လေ။ ငယ်ငယ်ကတော့ ခဏခဏ လိုက်ပြောနေကျ။ ဘယ်သူ့ကို ကျေးဇူးတင်ရမှန်းမသိတာသာ ရှိခဲ့တယ်။ အပင်တွေရဲ့ ဖြစ်တည်မှုက တခါတခါ လူတစ်ယောက်ရှိနေခြင်းထက် အရေးပါသလိုလို။
အယ်..
ယိုင်ခနဲပါလား။ ဒီလောက်ရှင်းနေတဲ့ လမ်းမှာ ပုခုံးချင်းတိုက်ပြီးတောင် အပြေးအလွှား သွားနေတဲ့ အမျိုးသမီး။ လက်ထဲက ခြင်းထဲမှာလည်း ဈေးဝယ်လာပုံ အသီးအရွက်တွေ ထိုးထိုးထောင်ထောင်။ အလုပ်ကအပြန် နောက်တစ်ရက်စာအတွက် ဈေးဝယ်ပြီးမှ အပြေးအလွှားပြန်ရတဲ့ အိမ်ရှင်မများလား။ ဒီလို ညနေစောင်းအချိန်တွေ တစ်နေရာရာမှာ ထိုင်ပြီး ဖြတ်သွားဖြတ်လာတွေကို အေးအေးဆေးဆေး ထိုင်ကြည့်ကြည့်စမ်းပါ။ တကယ်စိတ်ဝင်စားစရာ ကောင်းတာ တွေ့လိမ့်မယ်။ အလုပ်အပြန်၊ ကျောင်းအပြန်၊ တနေကုန် သွားလာ လှုပ်ရှားပြီး၊ ပင်ပန်းနွမ်းနယ်နေပုံရှိတဲ့သူတွေ၊ ပင်ပန်းပုံရပေမယ့် တက်ကြွနေသေးတဲ့လူတွေ၊ ခုမှ လှပမွှေးကြိုင်ပြီး ထွက်လာတဲ့သူတွေ၊ အကြိုအပို့ ၀တ္တရားပိုင်ရှင်တွေ၊ အပူအပင်နဲ့ မျက်နှာတွေ၊ လွတ်လပ်ပေါ့ပါးသွားတဲ့ မျက်နှာတွေ၊ အလုပ်ရှုပ်လို့ ကောင်းဆဲ ပျာယီးပျာယာ မျက်နှာတွေ၊ တဖျတ်ဖျတ် တလွှားလွှားခြေလှမ်းတွေ၊ ယိုင်တိုင်တိုင် ခြေထောက်တွေ၊ တကယ်ကို ကြည့်နေရင် မရိုးနိုင်အောင် တွေ့ရပြီး၊ မမောနိုင်အောင် တွေးချင်ရာ တွေးကြည့်လို့ရတယ်။ တခါတလေ ဒီလိုနည်းနဲ့ အပန်းဖြေရတာလည်း စိတ်လွတ်ကိုယ်လွတ်တော့ အရှိသားပါ။
ဟူး..
ကားပေါ်ရောက်တော့လည်း ဘယ်ကလူတွေဒီလောက်များလဲ တွေးရလောက်အောင် ကြပ်နေတာပါပဲလား။ ဒီလိုကြားထဲ ထိုင်စရာရဖို့ဆိုတာ စဉ်းကို မစဉ်းစားချင်ဘူး။ ခပ်ဝေးဝေးစီးရမယ့် အတူတူ ခပ်ချောင်ချောင် အနောက်နား တိုးကပ်ရပ်တာပဲ သက်သာရာရမှာ။ တက္ကသိုလ်တက်ဖို့ မြို့ကြီး ပြကြီးရောက်ခါစက အပေါင်းအသင်းတွေနဲ့ ပြောနေကျစကားကို သတိရမိပါ့။ Golden chance.. Diamond chance.. နဲ့ ထိုင်ခုံရဖို့ အခွင့်အရေးကို။ ခရီးအကွာအဝေး၊ လူအသွားအလာလမ်းကြောင်းပေါ်မူတည်ပြီး ဒီကားစီးလို့ ထိုင်စရာရလို့ကတော့ ဒါ Diamond Chanceပဲဆိုတာ။ ဒီလောက်ကြပ်ညှပ်တဲ့ကားပေါ် နောက်ရင်းပြောင်ရင်း စီးပါမှပဲ သက်သာရာ ရသလိုလို ခံစားမှုမျိုးဖန်တီးယူခဲ့သလိုပေါ့။ ကိုယ့်အလှည့်တုန်းက ခပ်လောင်လောင်မို့ပေပဲလား၊ အများပြည်သူစီး လိုင်းကားတွေပေါ် လူငယ်တွေ ဆူဆူညံညံလုပ်လည်း ခပ်ပြုံးပြုံးကြည့်နေတတ်တဲ့ အကျင့်ရှိသွားတာ။ ငယ်ဘ၀ဆိုတာ အတွေးထဲတော့ အမြဲလင်းလက်နေတာပဲလေ။ အချိန်ဆိုတာ တခါပဲ ဖြတ်ခွင့်ရတယ်မဟုတ်လား။ တိပ်ခွေတွေ ရစ်သလို အချိန်ကိုရော ရစ်လိုက် တိုးလိုက် လုပ်လို့ရရင်  ပြန်ရစ်ချင် ဆုတ်ချင်တဲ့သူတွေ ရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့်လေ တခါပဲ ဖြတ်ခွင့်ရှိတာ ပိုမကောင်းပေဘူးလား။
ကျွီ…
တစ်ယောက်တည်း နေတဲ့အခန်းထဲအ၀င်မှာ တံခါးက ဒီလိုအသံမျိုးကြားရတာ နည်းနည်းတော့ အောင့်သီး အောင့်သက်နိုင်ပါလား။ ပြင်ဦးမှပါ။ ထုံးစံအတိုင်း လူသာပြန်ရောက်လာပေမယ့် စားချင်သောက်ချင်စိတ်ကတော့ ပါမလာပြန်ဘူး။ ကိုယ့်ကိုယ်ကိုယ်မှ ဂရုမစိုက်ရင် ဘယ်သူ့မှ ဂရုစိုက်ပေးလို့မရဘူး။ ဘယ်နဲ့ နံရံက စကားများပြောနေလေရော့သလား။ ပဲ့တင်သံတွေက နှစ်ဘယ်လောက်ကြာကြာ နံရံတွေထဲ ခိုအောင်းနိုင်သလဲ။ ရေခဲသေတ္တာထဲတော့ အသီးတချို့၊ ဒိန်ချဉ်၊ ပြုတ်စားစရာ အရွက်တစ်ချို့ ရှိဦးမှာ အသေအချာ။ ညစာစားဖို့ထက် ကိုယ်ပေါ်က အ၀တ်တွေကိုသာ အရင်လဲချင်တယ်။ အခန်းထဲဝင်မိရင်ကို ထုံးစံအတိုင်း ဖွင့်လက်စ ကွန်ပျူတာမျက်နှာပြင်ပေါ်က ဖွင့်လက်စ playerက Playကို အရင်ဆုံးနှိပ်ဖြစ်တယ်။ Jessie J ရဲ့Price Tagနဲ့ ဂျီလတ်ရဲ့ အရာရာခြားနားလည်း ကသူတပြန် ကိုယ်တပြန် ဆိုပြနေမှာ။ ခုတလော ဒီသီချင်း နှစ်ပုဒ်သာ နားထောင်ဖြစ်တော့တယ်။ တစ်အိမ်လုံး မီးတွေ လိုက်ဖွင့်။ တချိန်ကတော့ အမှောင်ထဲ မီးဖွင့်ဖို့ကိုပဲ ကြောက်တတ်နေခဲ့ဖူးတယ်။ ခုတော့လည်း ချောချောမောမောပါပဲ။ အရာအားလုံးက နေသားတကျ။ တခုခုတော့ စားဦးမှပါပဲ။ နွားနို့တွေလည်း ရှိသေးသားပဲ။ ဒီနေ့ ဘယ်နှစ်ရက်နေ့ပါလိမ့် ရက်လွန်နေပြီလား။ စဉ်းစားမရတော့ ပြက္ခဒိန်ပဲ အားကိုးရမှာပဲပေါ့။ အင်္ဂါနေ့ဆိုတော့…………… ပြက္ခဒိန်တစ်ခုလုံးမှာ တစ်ခုတည်းသော အမှတ်အသား။ အနီရောင် အမှတ်အသား။ တစ်နှစ်ထပ်ကုန်ပြန်ပြီလား။ ပြီးခဲ့တဲ့ အနီရောင်အမှတ်ကလေးကို မြင်ခဲ့ရတာပဲ မနေ့တနေ့ကလိုလို။ အချိန်တွေ ကုန်သွားတာပဲ ကျေးဇူးတင်လိုက်တာ။
ဟယ်လို…
ပြန်မထူးတော့သာရှိတယ်။ ရှုတည်တည်နဲ့တော့ ပြုံးပြနေတုန်းပါလား။ ကွန်ပျူတာ မျက်နှာပြင်ပေါ်က ရုပ်ပုံတွေ တဖျတ်ဖျတ်။ တောင်ပေါ်မှာ၊ အပင်တွေ အောက်မှာ၊ အဆောက်အအုံလှလှကြီးရှေ့မှာ၊ သောင်ပြင်ပေါ်မှာ၊ နှင်းတွေကြားမှာ၊ အရောင်မျိုးစုံ၊ ပုံစံမျိုးစုံ၊အိုက်တင်ပေးထားတဲ့ပုံရော၊ လျှပ်တပြက်ပုံရော၊ မမိတမိပုံရော၊ အပျော်တွေ၊ အပြုံးတွေ၊ အစုံအလင်။  ရုတ်တရက် ရထားတစ်စီး။ အရေးပေါ်ခလုတ်တော့ ပြေးဆွဲခဲ့ကြတာပါပဲလေ။ ကလစ်နှိပ်ရင်း တရွေ့ရွေ့ပုံရိပ်တွေကြား ခေါင်းတွေ ခပ်နောက်နောက် ဖြစ်လာပြန်ပြီ။ ခဏက ရှူခဲ့တဲ့လေတွေ ဘယ်ထွက်ပြေးကုန်ပါလိမ့်။ ဟော.. ထီးမိုးပေးထားတဲ့သူနဲ့ ထီးအောက်က မော့ကြည့်နေသူ။ လုံလုံခြုံခြုံရှိလိုက်တာ။ ဒါနဲ့များတောင် ဒီလောက်အေးခဲတဲ့အရပ်မှာ ဘယ်လိုစိတ်ချမှုမျိုးနဲ့များ နေခဲ့ခိုင်းရတာပါလိမ့်။ အသက်ရှူတတ်တဲ့အဖော်အလှော်လေးမှ မထားခဲ့ဘဲနဲ့။ မျက်စိတွေ ညောင်းလောက်မှ အပြင်ကြည့်ဖို့ သတိရတယ်။ အော်.. လလည်း သာနေတာပဲ။ စောစော အိပ်ရာဝင်ဖို့ပဲ။ နောက်နေ့မနက်ကျ အလုပ်မသွားခင် ခပ်စောစော ဘုရားတက်ရမယ့်နေ့။ ငြိမ်းချမ်းရာမှာ ရှိနေမှာ သေချာတဲ့အတွက် နာမည်ခေါ်ပြီး အမျှဝေတဲ့ အလှူမျိုးတော့ မလုပ်ချင်လှတော့ပါဘူး။ မရေးဖြစ်တာကြာပြီဖြစ်တဲ့ နာမည်ကိုပဲ ဖြတ်ပိုင်းစာရွက်လေးပေါ်ချရေးရုံ။ စိတ်ချလက်ချနဲ့သာ မမြင်ရတော့တဲ့ အဝေးကြီးမှာ ငြိမ်းချမ်းသာယာနေပါစေ။  ။
အိမ်သူ
(၁)
အဝေးပြေးကားဂိတ်ဝင်းလိုနေရာမျိုးမှာ မနက် ၃နာရီဆိုတဲ့အချိန်က သက်ရှိ သက်မဲ့တော်တော်များများ သက်ဝင်လှုပ်ရှားစပြုနေကြတဲ့အချိန်။ ကျွန်မတစ်ယောက်တည်း ကြောက်နေလို့ ပြီးမတဲ့လား။ ခရီးသည်အလုအယက်ခေါ်နေကြတဲ့ တက္ကစီတွေကြား ဘယ်တစ်စီးကို ငှားရမယ်မှန်း ကျွန်မ မဝေခွဲနိုင်သေး။ လက်ဆွဲအိတ်ခပ်သေးသေးတစ်လုံး၊ မုန့်နဲ့အသီးမျိုးစုံထည့်ထားတဲ့ အိတ်တစ်လုံးနဲ့ ကျောမှာလွယ်လျက်သား ကျောပိုးအိတ်၊ ၀န်စည်စလယ်လည်း မများလှလေတော့ လွယ်လွယ်ကူကူ တက္ကစီတစ်စီး ကောက်ငှား၊ ဈေးဆစ်ပြီး၊ ကားပေါ်တက်လိုက်သွားရုံနဲ့ အိမ်ရောက်မှာလေ။ အဝေးပြေးကားဂိတ်မှာ ကားငှားတာလောက်လွယ်လွယ်ကူကူကိစ္စလေးတစ်ခုတောင် ကျွန်မအတွက်တော့ ချိတုံချတုံ။ ဒီအသက်အရွယ်အထိ အဖေ၊ အမေ၊ အစ်ကို၊ သူငယ်ချင်း အဖော်မပါဘဲ တခါမှ ကျွန်မခရီးမသွားခဲ့ဖူးပါ။ အဖော်ပါတာတောင် ကားဂိတ်၊ ဘူတာရုံမှာ လာကြိုတဲ့သူက အမြဲရှိနေတတ်ခဲ့တော့၊ တစ်ယောက်တည်း ကားပေါ်ကအဆင်း၊ လာကြိုမယ့်သူမရှိတဲ့အချိန်၊ ဘာစလုပ်ရမယ်မှန်း ဇဝေဇ၀ါ။ ဒီအပြန်ခရီးကို လာကြိုပါလို့ ပြောခဲ့လိုက်ရင် အကောင်းသား။
(၂)
ပထမတော့ ဒီခရီးကို သူနဲ့အတူတူ သွားဖို့ စီစဉ်ထားပြီးသား။ ကျွန်မတို့နှစ်ယောက်အတွက် ပထမဆုံး အတူတူ သွားဖူးတဲ့ခရီးဖြစ်ဖို့ဆဲဆဲမှာ ရုတ်တရက် သူလိုက်ဖို့ အဆင်မပြေဖြစ်ခဲ့တာလေးတခုပဲ။ ကျွန်မဇာတိမြို့ကို ကျွန်မပြန်တာဖြစ်လို့ ကျွန်မအတွက် သူပါပါ မပါပါ ဘာမှထူးခြားတာ သိပ်မရှိပါဘူးလို့ နှစ်ယောက်လုံး တညီတညွတ်ဆုံးဖြတ်ပြီး၊ မသွားမဖြစ် ဒီခရီးကို ကျွန်မတစ်ယောက်တည်း ထွက်လာခဲ့တာ။ အချိန်ကလည်း လေးရက်ပဲကြာမှာကိုး။ မြို့လေးဆီ ပြန်ရောက်တော့ ကားဂိတ်ထဲ ကားမှ မ၀င်ရသေး၊ လာကြိုတဲ့ အဖေ့ကို အရင်တွေ့ပြီ။ အိမ်ကိုပြန်ရောက်တာနဲ့ အစာအိမ်နာနဲ့ အစာအမာမစားနိုင်သေးတဲ့ ကျွန်မအတွက် နွားနို့စစ်စစ်က အဆင်သင့်။ မတွေ့တာကြာပြီဖြစ်တဲ့ မိသားစုနဲ့ စကားဖောင်ဖွဲ့။ ကျွန်မရဲ့ အကောင်သေးသေးလေးတွေကို ပွေ့ဖက်နှုတ်ဆက်။ စာအုပ်ဗီဒိုဆီ ပြေးကြည့်။ တော်တော်ကြာကြာ သူ့ကို မေ့သွားပါသေးတယ်။ ထုံးစံအတိုင်း အမေက သူရော နေထိုင်ကောင်းရဲ့လား ဘာညာနဲ့ သူ့အကြောင်းမေးပါမှ သူ့ကိုသတိရမိရုံ။ ခဏကြာပြန်တော့ မတွေ့တာကြာပြီဖြစ်တဲ့ ငယ်သူငယ်ချင်းတွေနဲ့ ချိန်းချက် သွားဖို့လာဖို့ ပြောဆိုနဲ့ သူ့ကိုတင်မက လာရင်းကိစ္စကိုတောင် ခပ်မေ့မေ့ဖြစ်သွားပါတော့သည်။ ဆောင်ရန် ရှောင်ရန် အစားအစာတွေကိုလည်း ရောက်တုန်းရောက်ခိုက်ဆိုတဲ့ ဆင်ခြေလေးတစ်ခုတည်းနဲ့၊ ငါ့ဆေးတွေပါသားပဲဆိုတဲ့ အားကိုးနဲ့ အားရပါးရ စားသောက်၊ မရောက်တာကြာပြီ ဆိုပြီး ဟိုနားပြေးသွား ဒီနားပြေးသွားနဲ့ အိမ်ပြန်ရောက်တဲ့အချိန် မောပန်းပြီး အိပ်ပျော်၊ ဒီလိုနဲ့ နှစ်ရက်ကုန်သွားခဲ့တော့သည်။
သုံးရက်မြောက်နေ့ မနက်ကျကာမှ တစ်ယောက်တည်း အလုပ်တွေ ရှုပ်နေမယ့် သူ့ဆီ အခြေအနေလေးပြောမှဆိုတဲ့ စိတ်လေး ပြန်ဝင်လာတော့သည်။ အမြဲတမ်း လက်တွေ့ကျနေကျ သူ့ဆီက လေအေးပေးစက်ပြင်ထားတယ်၊ ပိုက်ဆံတ၀က်ပြန်ပေးရမယ် သိလားဆိုတဲ့ ခပ်ဆောင့်ဆောင့်အသံက ဘာမဆိုင်ညာမဆိုင် အရင်ဆုံး ၀င်လာတော့မှ ကျွန်မ ခေါင်းနည်းနည်းငဲ့ကာ စဉ်းစားမိပြီ။ ဘာကို အလိုမကျနေပါလိမ့်။ အလုပ်များအဆင်မပြေလို့လား။ အဖြေရှာမတွေ့ခင် နှုတ်ကတော့ လေးရက်အပြင် နောက်ထပ် နှစ်ရက် ဒီမှာ ထပ်နေလိုက်ရင် ကောင်းမလားဆိုတာ အရင်ပြောဖြစ်သွားသည်။ မာနေသည့် သူ့အသံက ခပ်ထန်ထန် အသွင်ပြောင်းပြီး၊ အလုပ်က ခွင့်ယူဖို့ မလွယ်ဘူးဆို၊ အဲဒီမှာ ကိစ္စတွေလည်း ပြီးပြီပဲ၊ ဘာလုပ်မလို့လဲ၊ ဒီမှာ အလုပ်လည်း ရှိသေးတာကို၊ ဘာညာဖြင့် လက်တွေ့ကျကျ စဉ်းစားဖို့ စကားတွေ တရစပ်ထွက်လာတော့သည်။ ဆူဆူဆောင့်ဆောင့် အသံကို နားထောင်ရင်း ဘယ်က ဘယ်လို သူ့ကို သတိရစိတ်က ၀င်လာတယ်မသိ၊ အင်း.. မနေတော့ပါဘူး ပြန်လာမည်ဟု ခေါင်းညိတ်ဖြစ်သွားသည်။ အဲဒီနောက်မှ ကျွန်မလာရင်း ကိစ္စအခြေအနေ၊ ကျန်းမာရေး အခြေအနေနဲ့ လိမ်လိမ်မာမာနေဖို့၊ အားမွေးထားဖို့ စသဖြင့်သောစကားများ ပြောဖြစ်သည်။ သူဖုန်းချပြီးသောအခါမှာတော့ လွမ်းသလိုလိုနှင့် မျက်ရည်က ကျချင်ချင်ဖြစ်လာတော့သည်။
တကယ်တော့ ကျွန်မနှင့်သူ အတူတူရှိပြီးကတည်းက တခါမှ မခွဲဖူးသေး။ ကိုယ့်ကွန်ပျူတာ သူ့ကွန်ပျူတာ မျက်နှာအပ်လျက် အလုပ်များရင်း၊ ဘေးချင်းကပ်တော့ ထိုင်နေဖြစ်သည်ပဲ။ မရှိတဲ့အချိန်ထဲ အိမ်အလုပ်တွေ အတူတူလုပ်ရင်း ထမင်းတော့ လက်ဆုံစားဖြစ်သည်ပဲ။ သူ့ထက် အလုပ်ချိန်စောတဲ့ ကျွန်မ အိမ်ကအထွက် ဘယ်လောက်ပဲ အိပ်ချင်နေပါစေ တံခါးဝအထိသူလိုက်ပို့တတ်သည်ပဲ။ ကျွန်မသွားရမည့် နေရာများကိုလည်း လိုင်းကားကျပ်ကျပ်တိုးစီးရင်း အတူလိုက်ပေးတတ်သည်ပဲ။ အကြိုက်မတူတတ်သော ကျွန်မနှင့်သူ ဘုရားပန်း ၀ယ်တာကအစ၊ အမှိုက်ပစ်တာအဆုံး အမြဲတစေ ငြင်းခုန်နေတတ်သည်ပဲ။ ဘယ်လောက် ပင်ပန်းနေပါစေ ပြောစရာ တိုင်ပင်စရာများကို မအိပ်ခင်အချိန်လေးတော့ ပြောဖြစ် ဆိုဖြစ်ကြသေးသည်ပဲ။ ရန်ဖြစ်ကြတိုင်းလည်း ကျွန်မကို အလွန်ခေါင်းမာသည်ဟု စွပ်စွဲတတ်တဲ့သူ့ကို ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းသည်ဟု ပြန်ခံပြောတတ်စမြဲ။ ဆောင့်ခနဲ ဘေးနားလာချတတ်တဲ့ အိုဗာတင်းခွက်ကလည်း စစ်ပြေငြိမ်းကြောင်း သင်္ကေတတစ်ခုဖြစ်သလို၊ ကော်ဖီသောက်မှာလားဆိုတဲ့ ကျွန်မလေသံခပ်ပြင်းပြင်းကလည်း အလျော့ပေးကြောင်း အသိပေးသလို။ သူ့အမွှာညီမကို ကျွန်မအရေးတယူ အချိန်ပေးတိုင်း အပိုတွေပါဆိုတဲ့အပြောနဲ့ သူ့အတွက် အချိန်ကိုလည်း ဂျီကျယူနေကျ။ ဒီလိုနဲ့ ကျွန်မတို့ နှစ်ပတ်လည် နှစ်ခုကို ကျော်ဖြတ်ခဲ့ပြီးပြီ။ လေးရက်ဆိုတဲ့အချိန်က အဲဒီအရိပ်တွေကို လွမ်းဆွတ်စေပါသလား။ ဆိုရင်တောင် တစ်ယောက်တည်း ကျန်ခဲ့တဲ့သူက သတိရသင့်သူမဟုတ်ပါလား။ ဘာလို့ ကျွန်မက အရင်သတိရမိပါလိမ့်။
ဒီလိုနဲ့ အပြန်ခရီးကို စတင်တော့ သူကြိုက်တတ်တဲ့ အသီးကို အလေးခံပြီး သယ်ဖြစ်ခဲ့သည်။ တလမ်းလုံးအိပ်လာခဲ့သမျှ ရန်ကုန်ပြန်ဝင်သည်နှင့် ရန်ကုန်ဝင်ပြီဖြစ်ကြောင်း စာတိုလေးတော့ ပို့ဖြစ်လိုက်ရင်း၊ ဒီနေ့သူပင်ပန်းနေမှာ ဆိုတော့ အိပ်နေမှာပါဆိုတဲ့ အသိကလည်း ထပ်ကျပ်မကွာ။ ကားဆိုက်တော့ ကြောက်တတ်တဲ့ကျွန်မ တယောင်လည်လည်နဲ့ လာကြိုဖို့ ပြောထားရမှာဆိုပြီး နောင်တရချင်ချင်ကြားက စိတ်တင်းပြီး တက္ကစီပေါ်တက်ဖြစ်တော့သည်။ တက္ကစီ စီးရင်းနဲ့မှ အိပ်ပျော်နေရင် တံခါးလာဖွင့်ဖို့ ခက်နေမယ်ဆိုတာရော၊ ကားပေါ်မှာ ကြောက်တာရောနဲ့ ဖုန်းခေါ်ဖြစ်သည်။ အိမ်ရှေ့အရောက် အဝေးကတည်းက လမ်းပေါ်မှာ ရပ်နေတဲ့ သူ့ကို တွေ့တော့ လှိုက်ခနဲ ပျော်မိသည်။ အထုပ်တွေ လာကူဆွဲတော့ မလေးပါဘူး ကျွန်မတစ်ယောက်တည်း ဆွဲလာနိုင်ကြောင်း အောက်အထိ ဆင်းလာရတဲ့သူ့ကို အားနာစကား ဆိုဖြစ်သည်။ ဘာစကားတစ်ခွန်းမှ မဆိုဘဲ အထုပ်တွေသာ ယူတက်သွားတော့ ကျွန်မမှာ လွမ်းလိုက်ရတာ သူကတော့ စကားတောင်ဟဟ မဆိုဘူးဆိုတဲ့စိတ်ကလေး လှိုက်ခနဲ။ ကျွန်မအထုပ်တွေကို နေရာတကျ ချပေးရင်း ခြေလက်ဆေး မနက် အလုပ်သွားမှာဆို အိပ်တော့ ဆိုတော့ ၀မ်းနည်းစိတ်က တိုးလာလေသည်။ သူလည်း ပင်ပန်းထားတဲ့ကြား အိပ်နေရာက ထလာရတော့ ဒီလိုပဲ ဖြစ်မှာပေါ့လို့သာ ဖြေတွေးတွေးဖြစ်သည်။ ခြေလက်ဆေးပြီးတော့မှ ကားဆိုက်တာ အရမ်းစောသွားကြောင်း အိပ်ရေးပျက်သွားပြီပေါ့ဆိုပြီး စကားစတော့။ ကျွန်တော် အိပ်တောင် မအိပ်ရသေးဘူး။ အိပ်မလို့ လုပ်ရင်းက စောင့်နေဖြစ်တာ။ ကျွန်တော်လည်း မျှော်တတ်နေပြီပဲ.. တဲ့။ ကျွန်မရုတ်တရက် တအံ့တသြ။
(၃)
ထိုသို့ ထိုသို့သော……..။ ကျွန်မကို ချစ်သည်ဟု ပြောရမှာ ၀န်လေးသော၊ သတိရကြောင်းကို ထုတ်ပြရမှာ နှောင့်နှေးသော၊ လက်တွေ့ကျကျဆိုသော စကားကိုရေလဲသုံးရင်း တကယ်လည်း လက်တွေ့ကျချင်သော သူသည် စိတ်အလိုလိုက်တတ်လွန်းသော၊ စိတ်ကူးအလွန်ယဉ်တတ်သော ကျွန်မ၏ အသွင်မတူသော အိမ်သူသာ ဖြစ်လေသည်။
အချိုးအကွေ့မှလူတချို့ (၁)
တချို့များကတော့ ဘ၀ကို အစီအစဉ်တကျ စီမံကိန်းတွေချလို့ ဖြတ်သန်းကြတယ်။ ဒီနှစ်မှာ ဘာဖြစ်ရမယ်။ ကိုယ်က ဘာလိုချင်တယ်၊ ဘာဖြစ်သင့်တယ်။ ဘယ်လမ်းကိုလျှောက်မယ်။ ဒါအဆင်မပြေခဲ့ရင် ဘယ်ဟာကို အစားထိုးမယ်။ စသဖြင့် စည်းစနစ်ကျကျ စီမံကြသူတွေ ဒုနဲ့ဒေး ရှိသလို၊ အဆင်ပြေသလိုလေးဆိုပြီး ရေလိုက်ငါးလိုက်နဲ့ ပြီးသွားကြတဲ့လူတွေလည်း တပုံတပင်ရှိမှာပါ။ ဖြစ်ချင်တာတွေ ရည်ရွယ်ချက်တွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် ဘယ်အချိန် ဘာဖြစ်ရမယ်။ ဘာညာ မစဉ်းစားထားဘဲ ဖြစ်လာသမျှကို အဆင်ပြေသလိုဆိုပြီး နေထိုင်နေကြတဲ့ လူအမျိုးအစား။ ခပ်ညံ့ညံ့လူတွေလို့ပဲ သတ်မှတ်ကြလေမလား။ ကျွန်မကတော့ ဒုတိယလူအမျိုးအစားထဲမှာ သေသေချာချာကြီးကို ပါဝင်ပါတယ်။ စီမံကိန်းတွေ၊ ကြိုတင်ပြင်ဆင်မှုတွေဆိုတာလည်း ကျွန်မနဲ့ ခပ်ဝေးဝေးမှာပဲ ရှိနေကြပါတယ်။ ဒီအရွယ်အထိ ကျွန်မလျှောက်ခဲ့တဲ့လမ်း၊ ကျွန်မရောက်နေတဲ့နေရာ၊ ကျွန်မရွေးခဲ့တဲ့အလုပ် အားလုံးဟာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ဖြစ်ပေမယ့်၊ ဒီအရာတွေအတွက် ကျွန်မ အစီအစဉ်တကျ လာခဲ့တာ မဟုတ်ခဲ့ပါ။ ပြောရရင် ဒီလမ်းကို လျှောက်ချင်လို့ ဒီလမ်းကို ရှာဖွေပြီး လျှောက်ခဲ့တာမျိုး မဟုတ်ဘဲ၊ လျှောက်လာရင်းကနေ တွေ့တဲ့လမ်းထဲက ကိုယ်ထင်ရာ မြင်ရာလမ်းကို အမြဲတစေ စွပ်စပ်လျှောက်မိခြင်းပဲ ဖြစ်တယ်ပေါ့။
အဲဒီအချိန်တုန်းကလည်း မရည်ရွယ်ပါပဲ လျှောက်မိတဲ့ ဒီလမ်းပေါ်မှာ ဒီလူတွေနဲ့ တွေ့ဆုံခဲ့ရပါတယ်။ အဲသည်တုန်းက…
ကျွန်မက လခခပ်နည်းနည်း၊ သက်တောင့်သက်သာ၊ ပေါ့ပေါ့ပါးပါးနဲ့ မိသားစုဆန်ဆန် အလုပ်တစ်ခုကို လုပ်လက်စ။ မထင်မှတ်ဘဲ စိတ်အားထက်သန်လှတဲ့ သူငယ်ချင်းနဲ့ အဖော်လိုက်ပေးရင်း၊ နောက်ဆုံးမှာ သူလုပ်ချင်တဲ့အလုပ်ကို သူ မလုပ်လိုက်ဘဲ ကျွန်မက လုပ်ဖြစ်တော့မယ့် အနေအထား။ အလုပ်မ၀င်ခင် လိုအပ်တဲ့ ဘာသာစကားသင်တန်းတက်ရတဲ့အချိန်။ လုပ်လက်စ အလုပ်ကလည်း ထွက်ခွင့်မရသေး၊ နားလည်မှုနဲ့ပဲ အလုပ်ချိန်ကို မနက်၁၀နာရီမတိုင်ခင်ရောက်အောင် ပြေးပြေးလွှားလွှားနေရတဲ့အချိန်ဆိုတော့ ပတ်ဝန်းကျင်ဘေးဘီ တော်တော်များများ သတိမထားမိခဲ့ဘူး။ ကြုံရင်ပြုံးပြအနေအထားထက်ပိုပြီး ဘယ်သူ့ကိုမှ စိတ်မ၀င်စားနိုင်ခဲ့ဘူး။
တစ်နေ့။ အလုပ်မ၀င်ခင် လိုအပ်တဲ့ ဆေးစစ်ချက်တွေလုပ်ဖို့အတွက် ညွှန်ကြားထားတဲ့ ဆေးခန်းကို သွားရမယ်လို့ သိထားတဲ့နေ့။ မထွက်ရသေးတဲ့ အလုပ်ကနေ မျက်နှာပူပူနဲ့ပဲ နေ့တ၀က်ခွင့်တောင်း။ အဲဒီမှာ ဆေးစစ်ဖို့ သွားရမယ့် နောက်ထပ် အဖော်ကိုကြည့်လိုက်တော့ ရွယ်တူ ယောက်ျားလေး တစ်ယောက်။ တစ်ယောက်တည်းထက်စာရင် နှစ်ယောက်ကတော့ ပိုအဆင်ပြေပါတယ်လေ။ ဘတ်စ်ကားပေါ်ရောက်တော့မှ နာမည်မေးမိတ်ဆက်။ အော်.. ငါ့ထက် တစ်နှစ်ကြီးပါလားပေါ့။ ငါ့ထက်တစ်လငယ်ရင် ဒါ ငါ့ထက်အငယ်၊ ငါက အစ်မ။ ငါ့ထက်တစ်နှစ်၊ နှစ်နှစ်လောက်ကြီးရင်တော့ ငါနဲ့ရွယ်တူပဲ ဆိုတဲ့ ကျွန်မထုံးစံအတိုင်း နင်နဲ့ငါပေါ့။ ဒီလိုနဲ့ သူ့ကို ကျွန်မ စသိတယ်။
တကိုယ်လုံး ဆေးစစ်ချက်တွေ လုပ်တဲ့ အဲဒီအချိန်မှာ ကျွန်မက အဆုတ်အအေးပတ်ထားပြီး ချောင်းဆိုး မပျောက်တပျောက်ကာလ၊ ဟိုကောင်လေးပုံစံကြည့်ရတာကလည်း မီးခိုခေါင်းတိုင်အလား၊ အငွေ့တလူလူ။ ဒီလိုနဲ့ ဆေးစစ်ချက်ထွက်လာတော့ ကျွန်မတို့ ဓါတ်မှန်clearမဖြစ်ဘူးဆိုတဲ့ result တူညီစွာထွက်လာပါရောလား။ ကျွန်မတို့ နှစ်ယောက်တင်ဘယ်ကမတုန်း။ ကျွန်မတို့နောက်တရက်မှာ ဆေးစစ်ခဲ့တဲ့ အစ်မတစ်ယောက်ကလည်း တူညီစွာပါပဲ။ အဲဒီအစ်မက သင်တန်းမှာ ကျွန်မနားထိုင်တာပါ။ သူလည်း သူ့အလုပ်နဲ့သူ၊ ကျွန်မလည်း ကျွန်မအလုပ်နဲ့ကျွန်မမို့လို့ ထွေထွေထူးထူး ရင်းနှီးတာတော့ မဟုတ်သေးဘူး။ နောက်ထပ်တခါ လိုအပ်တဲ့ ဆေးစစ်ချက်တွေ ထပ်လုပ်ဖို့သွားတော့ အဲဒီအစ်မနဲ့ တူတူဖြစ်သွားတယ်။ ပိုက်ဆံအကုန်ခံ၊ ဆေးတွေထပ်စစ်ပြီး ထွက်လာတဲ့ resultကမှ အိုကေ သွားတော့လည်း အတူတူ။ မှတ်မှတ်ရရ ကျွန်မတို့ သောက်ဖို့လိုအပ်တယ်ဆိုပြီး ပေးလိုက်တဲ့ ဆေးတွေကို စပ်စပ်စုစု လျှောက်မေး၊ သူ့ဆေးနဲ့ ကိုယ့်ဆေးတိုက်ကြည့်လိုက်တော့၊ အကုန်တူပြီး၊ ကျွန်မမှာက အိပ်ဆေးပိုတယ်။ အစ်မမှာက ၀မ်းနုတ်ဆေးပိုသတဲ့ကွယ်။ အဲဒီဆေးစစ်ချက်ကနေ အကြောင်းပြုပြီး အစ်မနဲ့ကျွန်မ စရင်းနှီးခဲ့တယ်။
အဲဒီနောက် နဂိုလုပ်နေတဲ့အလုပ်က ထွက်ခွင့်ရသွားပြီဖြစ်တဲ့ ကျွန်မလည်း သင်တန်းကနေ အရင်လို တက်သုတ်ရိုက်ပြန်စရာမလိုတော့မှ ဘေးပတ်ဝန်းကျင်ကို လေ့လာမိတော့တယ်။ ကျွန်မအနောက် ဘယ်ဘက်မျက်စောင်းထိုးလောက်မှာ ထိုင်တဲ့ ယူနီဖောင်းဆင်တူနဲ့ နှစ်ယောက်တမ္ဘာဖြစ်နေတတ်တဲ့ ကောင်မလေးနှစ်ယောက်၊ ကျွန်မအနောက်တည့်တည့်မှာ ထိုင်တဲ့ စာကြမ်းပိုးပုံစံ၊ ကျွန်မထက် အသက်ကြီးတယ်ဆိုပေမယ့် ကလေးမျက်နှာလေးနဲ့ အစ်မတစ်ယောက်၊ ကြောင်အကြောင်းခဏခဏပြောတတ်တဲ့ ခပ်တုတ်တုတ်ကလေး တစ်ယောက်၊ အလုပ်မ၀င်ခင်ကတည်းက ထွက်ဖို့ စဉ်းစားနေတဲ့ သူ့ကိုယ်သူ အစ်မ၊ အစ်မနဲ့ ပြောတတ်တဲ့ ကောင်မလေးတစ်ယောက်၊ အတန်းထဲမှာ ခပ်လောင်လောင် ကောင်လေးနှစ်ယောက်၊ သူတို့နဲ့တွဲတဲ့ ဂစ်တာတီးပုံရတဲ့ ခပ်အေးအေး ကောင်လေးတစ်ယောက်။ စသဖြင့် အနားပတ်ဝန်းကျင်က တချို့တလေကို သတိထားမိလာပါတယ်။
ထို့ထက်ပိုပြီး..။ သင်တန်းဆင်းပြီးချိန်တိုင်းမှာ လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ကြတဲ့အလေ့အထ။ မနက်၉ခွဲ သင်တန်းဆင်းတာကနေ စထိုင်လိုက်ရင် ၁၀ခွဲ ၁၁မှ ပြန်ဖြစ်ကြရင်းကနေ ကျွန်မအတွက် မှတ်မှတ်ရရ လူနှစ်ယောက်ကို ကျွန်မဆီရောက်လာစေခဲ့တယ်။ သူငယ်ချင်း အပေါင်းအသင်းဆိုတဲ့နေရာမှာ အကြိုက်မတူ၊ စရိုက်မတူ၊ အကြိုက်တူ၊ စရိုက်တူ၊ သူ့အားကျ၊ ကိုယ့်အားကျ မျိုးစုံနဲ့ ရှိကြတယ်လေ။ ကျွန်မအတွက်  သူငယ်ချင်းတိုင်းက ခင်မင်ရတယ်ဆိုပေမယ့် တချို့ တချို့တွေဆီမှာ သဘောကျတဲ့အချက်၊ မကြိုက်တဲ့အချက်တွေ ကျွန်မက သတ်မှတ်ဖြစ်တတ်တယ်။ ဒါတွေက သူတို့အပေါ်ထားတဲ့ ကျွန်မ ခင်မင်မှုပေါ်မှာတော့အကျိုးသက်ရောက်မှုမရှိပါဘူး။ လုံးဝမကြိုက်တဲ့သူလည်း ကျွန်မနားမှာ ကျွန်မအရင်းနှီးဆုံး သူငယ်ချင်းဖြစ်နိုင်သလို၊ ကျွန်မချစ်တဲ့သူလည်း ဖြစ်နေနိုင်တာပါပဲ။ တချို့သူငယ်ချင်းတွေဆီက ကျွန်မအားကျတဲ့ အချက်လေးတွေကို သတိထားမိတတ်တယ်။ အားကျတယ်ဆိုပေမယ့်လည်း သူတို့လိုကြီး ဖြစ်အောင်လိုက်လုပ်ဖို့ စိတ်ကူးတော့လည်း မရှိပြန်ဘူး။ ဒီအတိုင်း အားကျရုံလေးပဲ။
ဆေးစစ်တာကနေ စပြီးသိခဲ့ကောင်လေးကို ပေါ့ပေါ့ပါးပါးပုံစံနဲ့ပဲ သတ်မှတ်ခဲ့ပေမယ့် လက်ဖက်ရည်ဆိုင်ထိုင်ကြ၊ စကားတွေပြောကြရင်းမှ သူ့ခေါင်းထဲက ထူးခြားတဲ့အတွေးအခေါ်တချို့ကို အသိအမှတ်ပြုဖြစ်တယ်။ ဒေါက်တာသန်းထွန်းစာအုပ်တွေကို အရမ်းဖတ်ချင်နေတဲ့အချိန် သူ့ဆီက တော်တော်များများ ငှားဖတ်ခွင့်ရခဲ့တယ်။ သူ့ဆီက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တဲ့ သူ့အချစ်၊ လက်တွဲဖော်နဲ့ပတ်သက်တဲ့ ဒသနလေးကလည်း ကြားတုန်းကသာ ဘာမှမထူးခြားတာ တကယ်ကို လက်ခံနိုင်စရာ၊ ခုထက်ထိ မှတ်မှတ်ရရရှိနေတုန်း။ နောက်အလုပ်ဝင်ကြတော့ သူအလုပ်လုပ်တဲ့ပုံစံ။ ဘယ်တော့မှ ပျာယာမခတ်ဘဲ သက်တောင့်သက်သာ။ တခါတခါ ပျင်းရိပျင်းတွဲ။ ကျွန်မအားကျတဲ့ သူပိုင်ဆိုင်တဲ့အချက်က သက်တောင့်သက်သာရှိမှုပဲ။
အစ်မဆီက ကျွန်မအားကျတာကတော့ အစ်မရဲ့ ရဲရင့်မှုနဲ့ ပြတ်သားမှု။ ဘယ်နေရာမဆို ကိုယ်လုပ်ချင်တာပဲ ကိုယ်လုပ်ပြီး၊ ဘာမဆို ပြတ်သားစွာ ပြောရဲတာ။ ဆေးစစ်ရာကနေ အလုပ်မ၀င်ခင်စပ်ကြား၊ နောက် အလုပ်ဝင်ပြီးတဲ့အထိ အစ်မနဲ့ကျွန်မတတွဲတွဲရှိခဲ့ကြတယ်။ ပျော့ညံ့ညံ့ကျွန်မကို ဆူဆူပူပူ၊ တွဲတွဲထူထူနဲ့ အစ်မ၊ အစ်မကြောင့် သိခဲ့ရတာတွေလည်း အများအပြား၊ ကျွန်မနား အစ်မမရှိတော့တဲ့နောက်ပိုင်းလည်း အားငယ်တဲ့အချိန်၊ မပြတ်မသားဖြစ်တဲ့အချိန် မကြာခဏဆိုသလို အစ်မလို ဇွတ်တရွတ်ဆန်ဆန် ရဲရဲရင့်ရင့် လုပ်တတ်တဲ့ စိတ်ဓါတ်မျိုး တောင့်တောင့်တတနဲ့ အစ်မကိုခဏခဏ လွမ်းတတ်ပါသေးတယ်။
ဒီလိုပဲ… ရုတ်တရက် အနားရောက်လာလိုက်၊ ဖြည်းဖြည်းချင်းနီးကပ်လာလိုက်၊ ဖျတ်ခနဲ ပြန်ထွက်သွားလိုက်၊ မသိမသာဝေးကွာသွားလိုက်နဲ့ ပုံစံစုံ၊ အသွင်စုံလူတွေကြား၊ စွဲစွဲထင်ထင်လူတချို့၊ အားကျစရာလူတချို့၊ အမှတ်တရခပ်များများနဲ့.. ဒီလမ်းပေါ်ဆက်လျှောက်ဆဲ..
အ၀ါေ​ရာ​င်ေ​လ​ည​င်း
အ၀ါနုေ​ရာ​င် ငု​ပ​န်းေ​တွ။ အစိ​မ်း​ရ​င့်ေ​ရာ​င် အရွ​က်ေ​တွ​နဲ့​ အ၀ါေ​ရာင်ပ​န်း​ခို​င်ေ​တွ။ မျက်စိ​ပ​ဒသ ရှိ​လိုက်တာ။ အေ​ရာင္အ​ဆ​င​္း၊ အခ်ိန္အ​ခါ​ေ​တြ​ကို လိုက္ဖက္ညီ​ေ​အာ​င​္ ဖန္တီး​ေ​ပး​ထားနိုင်တဲ့ သဘာဝ​တရားြ​ကီး။  ခံနိုင်ရည်န​ည်းြ​ပီး ပျော့ြေ​ပာ​င်း​ပုံ​ရ​တဲ့ အ၀ါန​ုေ​ရာင္ငု​ပ​န​္းေ​တြ ပူ​ျ​ခ​စ​္ေ​တာ​က​္ေ​န​တဲ့ ေ​န​အပူ​ေ​အာက္မွာ လွလွ​ပ⁠ပ​ရပ္တ​ည​္ေ​နႏ​ိုင္တ​ယ်။ ခပ်မှို​င်း​မှို​င်း​ရှိ​တဲ့ နွေ​မှာ​ထ​က် ပူ​သ​ထက်ပူ​တဲ့​နွေ​မှာ ပိုြ​ပီး အသ​က်​၀​င်ေ​န​တတ်သာ ငု​ပ​န်း​ပဲ။ ေ​နျ​ခ​စ​္ျ​ခ​စ​္ေ​တာက္ပူ​ေ​လ ငု​၀ါ​ေ​တြ​က လွေ​လ​ပဲ။ တ​ခါ​တု​န်း​က ငု​ပ​န်း​ပ​င်ေ​တွ​မှာ ငု​ပ​န်းေ​တွ ေ​၀ေ​န​တာ​ျ​မင္တာ​ေ​တာ​င​္ လွ​တယ္ဆို ေ​တြး​ရံု​ေ​တြး​ၿ​ပီး ေ​ဘး​နား​က သက္ရွိ ငု​၀ါ​ကို ပ​န​္း​ငု​၀ါ​နဲ​႔ မ​တြဲ​မိ​ခဲ့​တာ​ေ​လး​လ​ည်း ငု​ပ​န်ြး​မင်တို​င်း သတိ​တ​ရ။
ြ​ဖ​ည်ြး​ဖ​ည်းြ​ဖ​ည်ြး​ဖ​ည်း လျှောက်တ​ယ်။ ေ​ခ​ၽြး​ေ​တြ​ထြက္ထား​တဲ့​ၾ​ကား ေ​လေ​လး​တို​က​္ေ​တာ့ ေ​အးခ်​မ​္း​လိုက္တာ။ ဘယ​္ေ​လာက္ပူ​ေ​လာင္ခဲ့ ပူ​ေ​လာင္ခဲ့၊ ေ​အး​ျ​မ​တဲ့ တစ္ခ်ိ​န​္ေ​တာ့ ရွိ​တာ​ပဲ​ကိုး။ ေ​စာ​င​့္ေ​န​တတ္ဖို​႔​ပဲ လို​တာ​ေ​ပါ့။ နွေ​ရာသီ ညေ​န​ခ​င်းေ​တွ​က လ​မ်းလျှောက်လို့​ သိ​ပ်ေ​ကာ​င်း​တာ။ တခ်က္တခ်က္သာ တိုက္လာ​တဲ့​ေ​လေ​အး​ေ​အး​ေ​လး​ေ​တြ​ၾ​ကား သီခ်​င​္းေ​လး​ည⁠ည်း​ရ​င်း ေ​ဘး​ဘီ​၀ဲ​ယာ​ကို ေ​မ့​ၿ​ပီး တ​လွ​မ်းချ​င်း တ​လှ​မ်းချ​င်း။ မြ​ကာ​ခ​င် ဒီေ​လ​ည​င်းေ​တွ​က ပျောက်သွား​ေ​တာ့​မွာ​ေ​လ။ ဒီ​ေ​တာ့​လ​ည​္း ေ​နာက္တႏ​ွစ္အ​တြ​က် အပူ​ဒ​ဏ်ေ​တွ​ကို​ထ​ပ်ေ​စာ​င့်ြ​ဖစ်မှာ​ပဲ။ မေ​သ​မချ​င်း။ တ​စ်နှစ်ချ​င်း တ​စ်နှစ်ချ​င်း။ ။
ပျောက်ဆုံးနေသော..
အေးစက်စက်လေတွေ မျက်နှာကိုဖြတ်တိုက်သွားမှ မျက်လုံးနှစ်ဖက်ကို ဖွင့်ကြည့်မိတယ်။ ခေါင်းအောက်မှာ ကွေးပြီးအအုံးခံထားရတဲ့ ညာဘက်လက်ရဲ့ ထုံကျင်မှုအတိုင်းအဆကိုကြည့်ရင် ကျွန်မ အချိန်တော်တော်ကြာ အိပ်ပျော်သွားပုံရတယ်။ ဖတ်လက်စ စာအုပ်ကလည်း ဒီအတိုင်းဘေးမှာ ဖရိုဖရဲကျလို့။ ဒီအချိန် ဒီလိုနေရာမျိုးမှာ အိပ်ပျော်သွားတဲ့ ကျွန်မကိုယ်ကျွန်မ ဇဝေဇ၀ါဖြစ်နေတုန်းမှာပဲ ခန္ဓာကိုယ်က သစ်သားခုံတန်းရှည်ပေါ်မှာ ထိုင်လျက်ဖြစ်နေပြီး လက်က စာအုပ်ကို ပြန်ကောက်ပြီးနေပြီ။ ပွယောင်းယောင်းဖြစ်နေမယ့် ဆံပင်ကို တတ်နိုင်သလောက် လက်နဲ့သပ်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်တော့မှ ကျွန်မကို စူးစိုက်ကြည့်နေတဲ့ မျက်လုံးတစ်စုံကို ခလုတ်တိုက်မိတော့တယ်။
ဒီအမျိုးသမီး ဘယ်တုန်းကတည်းက ကြည့်နေတာပါလိမ့်။ ခပ်ရှက်ရှက်၊ မလုံမလဲ၊ အူကြောင်ကြောင်ပြုံးပြမိသွားတာနဲ့ တပြိုင်နက် သူမ ကျွန်မရှိရာ ခုံတန်းရှည်ရဲ့ တဖက်စွန်းကို ရောက်လာပါတော့တယ်။ ဘာစကားမှလည်းမဆို လှုပ်ရှားမှုလည်းမရှိ အတန်ကြာ ထိုင်နေရာကနေ ဘာရယ်မဟုတ် ကျွန်မ အိမ်စာတွေ မပြီးတဲ့ အကြောင်း သူမကို ပြောဖြစ်သွားတယ်။ အလိုလိုက်တတ်တဲ့ အစ်မတစ်ယောက်အပြုံးမျိုးကို သူမကပြုံးပြီး၊ ကိစ္စမရှိပါဘူး လို့အဆက်အစပ်မရှိပြောရော။ နောက် သူမဘေးမှာချထားတဲ့ ခရမ်းရောင်အဖုံးထူနဲ့ စာအုပ်ကိုကောက်ယူပြီး ဖတ်ပြမယ် နားထောင်တဲ့။ ဘာစာအုပ်လဲဟင်ဆိုတော့ အိမ်မက်တွေ အကြောင်းမှတ်ထားတာလို့ဆိုပြီး၊ ငယ်ငယ်က အိမ်မက်တွေအကြောင်း ပြန်နားမထောင်ချင်ဘူးလားတဲ့။ ကျွန်မငယ်ငယ်က အိမ်မက်တွေက ဘယ်လိုဒီစာအုပ်ထဲ ရောက်နေမှာလဲ။ ကြံကြီးစည်ရာ။ ဒီတော့မှ အမျိုးသမီးကို သေချာအကဲခတ်ဖြစ်တော့တယ်။ ဆွတ်ဆွတ်ဖြူဝတ်စုံက ထူးထူးခြားခြားကို ဖြူဆွတ်နေတာပါပဲ။ နောက် ဒီမျက်နှာနဲ့ ဒီအပြုံး တနေရာရာမှာ ရင်းနှီးဖူးပါတယ်။ ထားပါတော့။ ခုတလော ကျွန်မ တော်တော်လေး မေ့တတ်နေတာပဲ။
ကျွန်မမှာ ထူးထူးခြားခြား ငယ်အိမ်မက်တွေ မရှိပါဘူးလို့ ပြောဖြစ်တော့ သူမက ဟက်ဟက်ပက်ပက်ရယ်ပါတယ်။ ရွံတွံ့တွံ့ဖြစ်သွားရမယ့်အစား သူမရယ်သံက ကျွန်မစိတ်ထဲအထိကို လှိုက်လှိုက်လှဲလှဲ ၀င်လာပြီး၊ ကျွန်မကိုယ်တိုင် လိုက်ရယ်မိတော့တယ်။ ကျွန်မသာဆို ခရမ်းရောင်အဖုံးနဲ့ စာအုပ်ကို ဘယ်တော့မှ သုံးမှာမဟုတ်တဲ့အကြောင်းလည်း လွှတ်ခနဲ ပြောမိပြန်ရော။ သူမကတော့ မင်းရွေးချယ်ထားတဲ့အရောင်ပါပဲတဲ့။ မသေချာခြင်းဆိုတာကို ရုတ်တရက်ကြီး ခံစားမိလာသလိုလို။ သူမ ထိုစာအုပ်ထူကြီးရဲ့ ခရမ်းရောင်အဖုံးကို ဖွင့်လိုက်တာနဲ့ တပြိုင်နက် ကျွန်မ မကြာခဏနားထောင်လေ့ရှိတဲ့ ဝေဖြိုးရဲ့ အိမ်မက် သီချင်းက နားထဲ အလိုလိုကြားလာတယ်။ စာအုပ်ထဲက ထွက်လာတာလား၊ ကျွန်မစိတ်က ကြားနေတာလား မခွဲခြားမိခင်ပဲ၊ ထိုင်ရာကထပြီး သီချင်းနဲ့တူတူ လိုက်ကမိတော့တယ်။ သူမကတော့ တတွတ်တွတ်နဲ့ စာအုပ်ကိုဖတ်နေလေရဲ့။ ကျွန်မမျက်စိထဲမှာတော့ ခေါင်းအုံးအောက်မှာ ဖွက်ဖွက်ထားတဲ့ အိမ်မက်တွေ၊ ကျပျောက်သွားတဲ့အိမ်မက်တွေ၊ အမှိုက်ပုံထဲရောက်နေတဲ့ အိမ်မက်တွေ၊ လွှင့်ပစ်လိုက်တဲ့အိမ်မက်တွေ၊ အဖြူအစိမ်းဝတ်စုံတွေ၊ ခေါင်းစည်းကြိုးအနီလေးတွေ၊ ဘောပင်နဲ့ စာရွက်ရှည်တွေ၊ လေယာဉ်စာအိတ်လေးတွေ၊ စာအုပ်ဗီဒိုမြင့်မြင့်ကြီးတွေ၊ ကလင်ကလင်ဖုန်းသံတွေ တခုခုပြီး တခုခုဖြတ်ဖြတ်ပြေးသွားလိုက်တာ။ ပြုံးမိလိုက်၊ ရှုံ့မဲ့မဲ့ဖြစ်လိုက်ကြားကကို ပျော်ပျော်ရွှင်ရွှင် မရပ်မနား ခုန်ပေါက်ကနေမိတော့တယ်။
ရုတ်တရက် အသံတွေ တိခနဲရပ်သွားပြီး၊ အမျိုးသမီးက ခုမင်းကိုယ်တိုင်ဖတ်ရမယ့်အလှည့်ဆိုပြီး၊ စာအုပ်ကိုလှမ်းပေးပါတယ်။ ကျွန်မလည်း ယောင်နနနဲ့ ယူလိုက်ပြီးမှ ကျွန်မအရမ်းမောနေလို့ ခုမဖတ်နိုင်သေးကြောင်း ပြောဖို့ သူမဆီကိုအကြည့်၊ သူမ၀တ်စုံက အဖြူဆွတ်ဆွတ်မဟုတ်တော့ဘဲ မီးခိုရင့်ရောင် ပြောင်းနေတာကို သတိထားမိသွားတယ်။ လွဲချော်မှုကို ကျွန်မသတိထားမိတာကို သူမလည်းသိသွားတဲ့ပုံစံနဲ့၊ “ကိစ္စမရှိပါဘူး။ အရောင်ဆိုတာ ပြောင်းလဲတတ်တာမျိုးပဲ။ ပြောင်းလဲတတ်တဲ့အရာကို ပြောင်းလဲမသွားအောင် အတင်းကြိုးစားနေတာကမှ လွဲချော်နေတာပဲ။ အလိုလိုဖြစ်ပျက်နေတာကို သူ့အတိုင်းလေးထားလိုက်ပါ။ အတင်းမတည့်မတ်ပါနဲ့။” လို့ခပ်တိုးတိုးပြောပါတယ်။ ပြီးတော့မှ “တွေ့လား။ အိမ်မက်ကလေးတွေ ဘယ်လောက်ချစ်စရာကောင်းလဲ။ ပျက်ပျက်ပြိုပြို အိမ်မက်က အိမ်မက်ပဲ။ ကဲပါလေ မောနေရင်လည်း ခဏနားလိုက်ဦး” ဆိုပြီး၊ ထိုင်ရာကနေ ထပါတယ်။
သွားတော့မလို့လားလို့ ကျွန်မမေးတော့။ ဟုတ်တယ်။ ခုက မင်းဘာသာမင်း ဆက်ဖတ်ရမယ့်အလှည့်လေ။ အမောပြေရင် ဆက်ဖတ်ထားပေါ့ တဲ့။ နောက်ထပ် ကျွန်မတို့ ဆုံကြဦးမှာလားမေးကြည့်တော့ သူမက အင်း နောက်တခေါက်ကျရင် ဆေးစွဲတဲ့သူတွေအကြောင်း လာပြောပြမယ်ဆိုလို့ ကျွန်မလည်း ဟုတ်ကဲ့၊ ကျွန်မစောင့်နေပါ့မယ်လို့သာ ပြန်ပြောဖြစ်လိုက်တော့တယ်။ သူမထွက်သွားတော့မှ လက်ထဲကိုင်ထားလျက်သားဖြစ်နေတဲ့ ခရမ်းရောင်စာအုပ်ထူထူကို လှန်လှောကြည့်တယ်ဆိုရင်ပဲ၊ စာရွက်အားလုံးဟာ အလွတ်ကြီးတွေဖြစ်နေတာကို အလန့်တကြားတွေ့ရပြီး၊ ကျွန်မဆက်ဖတ်ရမယ်ဆိုတဲ့နေရာမှာတော့ စာလုံးတချို့ရေးထားလေရဲ့။ Believe your Dream တဲ့။
အိမ်မက်တွေထဲက အမည်းရောင်လေးတစ်ကောင်..
…တူးပို့.. တူးပို့.. တူးသံမြူးသာယာ…
.. ရေမပက်တဲ့ အပျိုတွေ မုဆိုးဖိုနဲ့ညားပါစေ.. ဗွမ်း..
ဟိုမှာ ဟိုမှာ.. ဟိုကားပေါ်က ခွေးကလေး တစ်ကောင်ကျကျန်ခဲ့တယ်.. လမ်းအလယ်မှာလေ.. သွားခေါ်ထားလိုက်ပါ.. အိုး.. မြန်မြန်.. ကားတွေတိုက်သွားဦးမယ်..
တစ်ကိုယ်လုံး မည်းနက်နေတာပဲ.. ကြည့်စမ်း.. တကယ့် blackyပဲ.. ပြုတ်ကျသွားတာ သိရင် လာပြန်ရှာမယ်ထင်တယ်..
ဒီမှာပဲ ထားထားလိုက်မယ်လေ.. ချစ်စရာလေးနော်.. ခွေးပေါက်စနကလေးပဲ ရှိသေးတာ.. သင်္ကြန်လည်တယ်ပေါ့လေ… ဟေးဟေး
…………………………………..
တီ..တီ..တီ…
ကိုကိုကြီးထင်တယ်.. ခြံတံခါးသွားဖွင့်ပေးလိုက်ဦးမယ်…
ဟဲ့… အဲဒါ မနေ့က ခွေးကလေး မဟုတ်လား.. သူ့သခင်က လာပြန်မခေါ်ဘူးလား ..
အေး.. လာမခေါ်ဘူး.. အိမ်မှာမွေးလိုက်တော့မယ်..
ရိုးရိုးခွေးလေးလား.. စပ်ထားတာလား မသိဘူးနော်..
အင်း.. ဒိုဘာမင်နဲ့စပ်ထားတယ်လို့ ပြောတယ်ဟ.. ဆိုးမယ့်ရုပ်လေးနော်..မွေးထားလိုက်မယ်လေ… ဘာကျွေးရမှန်းမသိလို့.. ညကတော့ ငါတို့ အမြည်းလုပ်မယ့် ကြက်ကြော်တွေ ကျွေးလိုက်ရတယ်..
…………………………………..
ကိန်..ကိန်..ကိန်..
cujo.. cujo..မလုပ်နဲ့စမ်း.. ကလေးကို.. နင်ကတော့လေ.. blacky.. လာသား.. ကြောက်သွားလား.. cujo စတာပါ..
cujo..blackyက သားနဲ့ တူတူနေမှာလေ.. သားက ထိန်းရမှာပေါ့.. ဒီလိုအနိုင်မကျင့်ရဘူးလေ.. cujoလေးက လိမ္မာပါတယ်..
…………………………………..
ဝုတ်..၀ုတ်….
ဟဲ့.. ပလုတ်တုတ်..
blacky.. cujo.. လာခဲ့စမ်း.. ခုပြန်လာ…. အစ်မ ရလား.. လန့်သွားလား အစ်မ… မကိုက်ပါဘူး.. သူတို့က..
cujoနော်.. cujo.. နင်ရှေ့ကနေ.. လုပ်ပြသမျှ ဟိုblack က အကုန်လိုက်လုပ်တာ.. နင်က အီးပေါလော.. တကယ်မကိုက်ဘူး.. ဟိုက တကယ်သွားကိုက်မှာ.. ငါ့နှယ် စိတ်ညစ်ပါတယ်..
…………………………………..
blacky.. ပြောပြလိုက်ပါဦး သားရယ်.. ကိုကိုcujoကို.. ရေချိုးရတာ ဘယ်လောက်ကောင်းလဲဆိုတာ.. cujo လာ.. ရေချိုးမယ်.. ပြေးပြီတွေ့လား..
cujoကနော်.. blackကိုဆို အကုန်မနာလိုဖြစ်တယ်.. လည်ပတ်ပတ်ပေးရင်.. သူလည်းပတ်ချင်တယ်.. blackကိုပွတ်ပေးရင်.. သူလည်းပါမယ်.. ဟင်း.. ခုရေချိုးပေးတော့ မပါချင်တော့ဘူး.. ပြေးပြီ.. အရင်ဘ၀က ရေနစ်သေတာများလား မသိ.. ရေဆို အသားကုန်ကြောက်တယ်.. black ကတော့ ရေချိုးရတာ ကြိုက်တယ်နော်.. သားနော်..
…………………………………..
အမေ.. အမေရေ..
ဟဲ့.. ခုပဲ သွားတာ.. ခုပဲ ပြန်ရောက်ပြီလား.. မြန်လိုက်တာ..
ဘယ်ကလာ.. ပြန်လှည့်လာရတာ.. အမေ့ cujo နဲ့ blacky လေ.. တောက်လျှောက် ဆိုင်ကယ်နောက်လိုက်လာတာ.. ဘယ်လိုမှ လုပ်လို့မရဘူး.. ပြန်ခေါ်ထားဦး.. နှစ်ကောင်ပေါင်း လောင်းကျော်… ဒီနှစ်ကောင် ဘယ်လို ၀ါသနာမျိုးမှန်း မသိဘူး.. .. သွားလေရာ လိုက်ချင်တယ်.. မလိုက်နဲ့ဆို မလိုက်နဲ့ပေါ့.. နောက်ကျနေပါတယ်ဆိုမှ.. အိမ်ထဲမှာ တံခါးခဏပိတ်ထားလိုက်ပါဦး..
တွေ့လား.. တွေ့လား.. ပြန်ထွက်မှာ သိနေတော့ အိမ်ထဲမ၀င်ချင်ဘူး.. ငလည်တွေ..
ခေါ်ထား အမေ.. ဟိုဘက်က ပတ်ထွက်လိုက်မယ်..
…………………………………..
အယ်.. blacky.. အောက်မှာအိပ်လေ သားရယ်.. ပေါင်ပေါ်မှာ အိပ်လို့ ဘယ်ရမတုန်း.. မမစာဖတ်နေတယ်လေ.. အမေ.. ဒီမှာလာကြည့်ဦး.. အမေ့သားတွေ.. အောက်က တစ်ကောင်က ခြေထောက်ကို အတင်းတိုး.. ဒီတစ်ကောင်က ပေါင်ပေါ်အတင်းတက်.. ဘယ်လိုများ ဖြစ်ပြီး.. ဒီလောက်ကပ်ချွဲနေကြလဲ မသိပါဘူး.. နော်.. အေးအေးဆေးဆေး စာဖတ်ပါရစေ…. နင်တို့နှစ်ကောင်နဲ့တော့ ငါရူးမှာပဲ..
…………………………………..
ဆုဆု.. ဗိုလ်န. ခဏလာကြည့်ကြဦး..
ဘာဖြစ်လို့လဲ အမေ..
black လေ.. ဟိုဘက်အိမ်က ကြက်တွေ သွားကိုက်တယ်.. အဲဒါ cujo လုပ်ပြတာ.. ဟိုကောင်က တကယ်ကိုက်ပလိုက်တယ်.. blackyကလည်း ခု တော်တော်လေးကိုထွားလာတာပဲ.. အကောင်ကြီးက ကြီးလာတော့ ဆွဲလို့ကို မနိုင်ဘူး..
…………………………………..
အောင်မလေး.. နင်တို့ခွေးကို လုပ်ပါဦး..
blackyလာလာ သား.. သားကလည်း ဒေါသကြီးပဲ.. ကိုယ့်အိမ်လာတဲ့သူလေ.. စိတ်လျှော့.. စိတ်လျှော့..
…………………………………..
အမေ.. black ကမလွယ်ဘူးနော်.. ကြီးလာတော့ ဒေါသတအားကြီးတယ်..
ကြိုးချည်ထားရတော့မယ် ထင်တယ်..
ချည်တော့ မချည်ထားချင်ပါဘူး.. သနားပါတယ်..
နေ့ဘက်တော့ ချည်ထားမှ ရတော့မယ်.. မနက်ဆို ချည်ထားလိုက်.. ညဘက်မှ လွှတ်တာပေါ့.. ဘယ်တတ်နိုင်မလဲ.. လူတွေက ဖြတ်သွား ဖြတ်လာ များတော့ ကိုက်မိသွားဦးမယ်..
…………………………………..
blacky blacky.. ဘယ်ရောက်နေတုန်း.. blacky.. blacky
ဟော.. လာပြီ.. လိမ္မာလိုက်တဲ့ blackလေး.. လာ.. လာ.. ဘယ်များ သွားလည်နေတာလဲ.. ကြိုးချည်လိုက်တော့မယ်နော်.. လိမ္မာလိုက်တာ..
…………………………………..
ဆုဆု.. ဟိုမှာ blacky အော်နေပြီ.. ထမင်းမကျွေးရသေးဘူးလား..မိုးချုပ်နေပြီ.. သွားကျွေးပြီး ကြိုးလွှတ်ပေးလိုက်…
အာ.. မေ့သွားလို့ .. ဆောရီးနော်.. blackလေး.. အပြင်သွားချင်နေပြီလား.. ရော့.. ရော့.. ထမင်းစားလိုက်ဦး.. ပြီးရင် သွားနော်..
…………………………………..
ကိုကိုကြီး.. ဟိုမှာ အန်တီအေးဝင်း တိုင်ပြန်ပြီ.. ညက blacky ကြက်တွေ ကိုက်ပစ်လိုက်ပြန်သတဲ့..
ဟေ.. လုပ်ပြန်ပြီလား.. လျော်များလျော်ရရင် လျော်မလောက်ဖြစ်တော့မှာပဲ..
အေးလေ.. ဟိုအိမ်မှာလည်း ကုန်ပြီ.. ကြက်တွေ.. ဒင်းကိုက်တာနဲ့.. ငါလည်း အားနာလိုက်တာနော်..
…………………………………..
ဝုန်း..
ဟဲ့.. ဆုဝေ. နင့်ခွေးက ကြောက်စရာကြီးနော်..
နင်တို့ကလည်း.. ကြိုးချည်ထားပါတယ်ဟ..
အောင်မလေး.. လွတ်သွားမှဖြင့်.. အတင်းရုန်းနေတာ ကြည့်ပါဦး…
ရတယ်.. ငါဆွဲထားတယ်.. သွား.. သွား..
နင့်ကိုလည်း ကိုက်မိဦးမယ်နော်.. ကြည့်လည်းလုပ်ဦး..
ဘယ်တော့မှ မကိုက်ဘူး.. ခုကြည့်.. တွေ့လား.. သခင်ဖက်ထားရင်.. တဖြည်းဖြည်း.. ဒေါသပြေသွားပြီ.. ခွေးပါဟ.. သစ္စာရှိတယ်..
…………………………………..
သိလား.. အမေ.. သိလား.. ဟိုနေ့က ဟိုကောင်နှစ်ကောင် ပေါင်းပြီး.. ကြောင်ကို မောင်းထုတ်ပစ်လိုက်တယ်..
ဘယ်ကကြောင်တုန်း.. ငါမရှိတဲ့တပတ်.. ဘယ်ကကြောင် ရောက်လာတာလဲ..
အမေကလည်း ကြောင်မွေးချင်ပါတယ်ဆိုမှ.. ကိုကိုငယ်သူငယ်ချင်းဆီက ကြောင်တစ်ကောင်ရတယ်.. သူတို့အိမ်မှာ တခြားကြောင်တွေ ၀ိုင်းကိုက်လို့ တုတ်တန်းပေါ်မှာ တက်နေရတယ်ဆိုပြီး.. ဒီကိုပေးလိုက်တာ.. နက်နက်လို့တောင် နာမည်ပေးပြီးပြီ.. ကြောင်က ကြောက်တတ်ပါတယ်ဆိုမှ.. ဟိုနှစ်ကောင် ၀ိုင်းလိုက်လိုက်တာ.. ဘယ်ကိုပြေးသွားမှန်းကို မသိတော့ဘူး.. ရှာမတွေ့တော့ဘူး.. ဟိုအိမ်မှာဆိုရင်တောင် ပုန်းပြီးနေလို့ရသေးတယ်.. ခုတော့… လမ်းဘေးကြောင် ဖြစ်ပါပြီ.. ဟိုနှစ်ကောင်ကြောင့်..
blacky ရှိနေရင် ကြောင်မွေးလို့ မရပါဘူးဆိုနေမှ.. နင်တို့ကလည်း ဘာလို့မွေးချင်ရတာလဲ.. မမွေးနဲ့..
…………………………………..
ဟဲ့.. blacky တစ်ကောင် ပြန်မရောက်သေးဘူးလား.. ၁၀နာရီတောင် ရှိနေပြီ..
လျှောက်လည်နေပြန်ပြီပေါ့..အမေရယ်.. ပြန်လာမှာပါ.. ထားလိုက်..
အော်.. blacky ဒီအပြင်မှာ အိပ်နေတာကိုး.. ခြံထဲဝင်လေ.. ဟဲ့… black.. black..
ဟာ..အမေ.. black သေနေတာလားမသိဘူး.. ဟုတ်တယ်.. သေသွားပြီ…. ဟာ…
…………………………………..
ဆရာမတို့အိမ်က ခွေးထင်တယ်.. အမည်းလေးဟာလေ… မနက်က ကျွန်တော်တို့ဆိုင်ရှေ့မှာ.. ကားတိုက်မိတယ်.. ဖြတ်ကျိတ်သွားတာ.. ဘာမှတော့ မဖြစ်ဘူးထင်တယ်.. ပြန်ထပြေးသွားတာပဲ..
…………………………………..
ဟိုး လမ်းထိပ်ကနေ.. အိမ်အထိ ရအောင်ပြန်ပြေးလာတာပေါ့.. ဒီရောက်မှ သေသွားတာ.. ငါ့ခွေးလေး ဘယ်လောက်သနားစရာ ကောင်းသလဲ.. နင်တို့ ကြောင်မွေးချင်တယ်ဆိုလို့.. ငါ့သားလေးက သွားပေးရရှာတာ..
Blacky.. Black..