မင်းအဝေးကိုထွက်သွားတဲ့အခါ…………………..

/* အရမ်းစိတ်ဆင်းရဲနေမယ့် ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းလေးရဲ့ကဗျာပါ။ ဘယ်သူ့အတွက်ရည်ရွယ်ထားမှန်းတော့ ကျွန်မကို ပြောမပြပါဘူး။ မတွေ့တာအရမ်းကြာနေပေမယ့် အမြဲတမ်းသူ့ကို ကျွန်မ စိတ်ပူနေတာပါ။ စိတ်လည်းမချဘူး။ သူစိတ်ဆင်းရဲနေမှန်းသိရက် သူ့နားကို ပြန်မသွားနိုင်လို့ အမှတ်တရ တင်ထားလိုက်တယ် သူ့ကဗျာပဲ။*/

မင်းအဝေးကိုထွက်သွားတဲ့အခါ…………………..

မင်းရဲ့အပြုံးတွေဟာ
ငါ့အတွက်မဟုတ်ပါလားဆိုတာကို
မသိချင်ဟန်ဆောင်ပြီး ငါနားလည်လိုက်ပါ့မယ်။

မင်းရဲ့လေးနက်တဲ့အကြည့်တွေဟာ
ငါ့အတွက် တစ်ချိန်တုန်းက
စိတ်ကူးယဉ်စရာကောင်းခဲ့ပေမယ့်
နိုးတစ်ဝက်နဲ့မက်ခဲ့တဲ့
အိမ်မက်လိုပဲ
ငါ့စိတ်ကိုငါ လှည့်စားလိုက်ပါဦးမယ်။

မင်းနဲ့အတူရှိခဲ့ဖူးတဲ့
အတိတ်က အချိန်တွေ
သွားခဲ့ဖူးတဲ့ နေရာတွေ`
စိုးရိမ်စိတ်နဲ့ ပြောခဲ့ဖူးတဲ့
မင်းစကားသံတွေ
အခုတော့
ရေပေါ်အရုပ်ရေးသလိုပါပဲ။

ချစ်တယ် ဆိုတဲ့
စကားတစ်ခွန်းမပါဘဲနဲ့
တို့နှစ်ယောက်ကြားမှာ
နားလည်နိုင်တဲ့ သင်္ကေတတွေ ရှိခဲ့ကြတယ်။

ဒါပေမယ့်
ငါကခံစားချက်ကို
ဦးစားမပေးတတ်တော့
အချိန်က ကုစားပေးစရာတောင်မလိုပါဘူး။
တစ်နေ့နေ့တော့
ဒါတွေ ဒါတွေဟာ
အလိုလိုပျောက်ပျက်သွားမှာပါ။။

ကျိန်စာသင့်အလွမ်း

/* ညက စာအုပ်ရှာရင်း ချစ်လှစွာသော သူငယ်ချင်းတွေ ပေးထားတဲ့ တိုလီမုတ်စတွေ ပြန်ကြည့်ဖြစ်တယ်။ အဲဒီထဲက သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာလေးတစ်ပုဒ်ကို အမှတ်တရတင်လိုက်တယ်။ ၂၀၀၄ ဆိုတော့ သူအသက် ၁၇ နှစ်ကရေးထားတာပေါ့။ သူ့ကိုတော့ ခွင့်မတောင်းရသေးဘူး။ ခွင့်မပြုလည်း မတတ်နိုင်ဘူး။ 🙂 တင်လိုက်ပြီလေ။ ဖတ်ကြည့်ကြပါဦး။ */

ကျိန်စာသင့်အလွမ်း

ကောင်လေးရေ
ကျိန်စာသင့်နေတဲ့
ငါ့ရဲ့ ရင်ခုန်သံတွေပြန်ပေးပါ။

နှလုံးသားကို နာအောင်
ကိုက်နေတဲ့ အကောင်တွေသာ
ပုရွက်ဆိတ်တွေ ဖြစ်မရ်ဆိုရင်
လုံးချေပစ်တာ ကြာပေါ့။

ဘရ်တုန်းကမှ မကွဲဖူးတဲ့အသဲ
နင်နဲ့ကျမှ ကွဲချင်နေတာတဲ့။

ပျင်းတာကို ပျင်းတရ်လို့
အော်ရမှာ ပျင်းတဲ့ (ဒီနေ့မျိုးမှာ)
နင့်ကို တကရ် သတိရနေတာပါ။

နင့်ကို တွေ့ရမှ ကမ္ဘာကြီးကို
ကျေးဇူးတင်ရမှန်း သိတဲ့ငါ
မသေချာ မရေရာမှုတွေ ပြည့်လို့ပေါ့။

အသက်မရှိတဲ့ ရင်ခုန်သံတွေကို
အစာတွေ ကျွေးနေတဲ့ ခပ်ညံ့ညံ့ကောင် ..
တနေ့ .. ငါသေသွားရင်
နင့်မျက်မှန်လေး ငါယူသွားမယ်။    ။

ကြည်ဖြူ
30th Oct ’04 (10:45 PM)

HoLOLo DiLoLO

“ဟိုလိုလို ဒီလိုလို”

ဟိုလိုလိုဒီလိုလို ဘလော့ဂ်ကိုသွားဖူးလား
ဟိုလိုလိုဒီလိုလိုတော့ဖြစ်မှာအသေအချာ
ခံစားချက်တွေက ဟိုလိုလိုဒီလိုလိုနဲ့
ဟိုလိုလိုဒီလိုလို ကောင်မလေးကရေးထားတာ
အကြောင်းအရာတွေက ဟိုလိုလိုဒီလိုလိုပ
ဟိုလိုဒီလိုအတွေးတွေ ထုံနေချိန်မှာတော့
ဟိုလိုလိုဒီလိုလိုမှာ ဟိုကိုဒီကို ငေးကြစို့ ။ ။

/* သူငယ်ချင်း ကိုဂစ်တာ ကရေးပေးလိုက်တာ။ ရယ်ရတယ်နော်။ အမှတ်တရ အနေနဲ့ တင်ထားလိုက်တာပါ။ */

HoLOLo DiLoLO

“ဟိုလိုလို ဒီလိုလို”

ဟိုလိုလိုဒီလိုလို ဘလော့ဂ်ကိုသွားဖူးလား
ဟိုလိုလိုဒီလိုလိုတော့ဖြစ်မှာအသေအချာ
ခံစားချက်တွေက ဟိုလိုလိုဒီလိုလိုနဲ့
ဟိုလိုလိုဒီလိုလို ကောင်မလေးကရေးထားတာ
အကြောင်းအရာတွေက ဟိုလိုလိုဒီလိုလိုပ
ဟိုလိုဒီလိုအတွေးတွေ ထုံနေချိန်မှာတော့
ဟိုလိုလိုဒီလိုလိုမှာ ဟိုကိုဒီကို ငေးကြစို့ ။ ။

/* သူငယ်ချင်း ကိုဂစ်တာ ကရေးပေးလိုက်တာ။ ရယ်ရတယ်နော်။ အမှတ်တရ အနေနဲ့ တင်ထားလိုက်တာပါ။ */

Birthday Present for me

သူငယ်ချင်းမ

အတိတ်ကာလ
ပြန်ပြောင်းသစ်သော်…

ပျိုရွယ်နုတဲ့
၈တန်းကာလ
ထ.၆ ၀ယ်
စိတ်ချင်းယှဉ်တွဲ
အပြုံးမပျက်
လက်တွဲမြဲခဲ့။ ။

၉တန်း၊ ၁၀တန်း
အထက်တန်းဝယ်
ကိုယ်လျှောက်မည့်လမ်း
ကိုယ်ဖောက်ကြရင်း
ခင်မင်မပျက်
စာတွေကျက်ကြ
(ငါနဲ့)
သူငယ်ချင်းမ။ ။

ရှေးရေစက်ကြောင့်
ဘ၀တက်လမ်း
တဆင့်လှမ်းတဲ့
ကျောင်းတက္ကသိုလ်
IT မြေမှာ
အတူတွဲခဲ့ကြ
(ငါနဲ့)
သူငယ်ချင်းမ။ ။

မြင်သူချင်ခင်
ဥာဏ်ထက်ထက်နှင့်
မိန်းမ EC
EC မိန်းမ
ခေါ်ခဲ့ကြ
(ငါ့ရဲ့)
သူငယ်ချင်းမ။ ။

ပျော်စရာသတင်း(အတင်း)စကားများကို
သူ၊ငါ အလုအယက်ပြောတဲ့
ဖော်သဟာရောင်းရင်းများနဲ့
တောင်တက်၊ ဂူဝင်
သွားခဲ့ကြ
(ငါနဲ့)
သူငယ်ချင်းမ။ ။

အားနွဲ့သူကို
ဖေးမကူကာ
အစဉ်သာ
တက်ကြွ
(ငါ့ရဲ့)
သူငယ်ချင်းမ။ ။

ပကာသန
ဂုဏ်ပြိုင်ဖက်မူ
တုံ့ပြန်မှုကင်း
မာနရှင်းတဲ့
(ငါ့ရဲ့)
သူငယ်ချင်းမ။ ။

ခေါင်းလောင်းသံတိတ်
ကျောင်းတွေပိတ်စ
ရင်မှာသတိရ
(ငါ့ရဲ့)
သူငယ်ချင်းမ။ ။

ဘ၀လျှောက်လှမ်း
ချောမွေ့ဖို့ရာ
မခွဲချင်ဘဲ
ခွဲခဲ့ရ
(ငါနဲ့)
သူငယ်ချင်းမ။ ။

ရာသီကုန်ဆုံး
နှစ်တွေပြုန်းလည်း
အစဉ်သာတမ်းတ
ရင်မှာလွမ်းရတာ
(ငါ့ရဲ့)
သူငယ်ချင်းမ။ ။

/* ဒီမနက် စာတိုက်ကနေ ရောက်လာတဲ့ ကျွန်မရဲ့ အချစ်ဆုံးသူုငယ်ချင်း ပို့လိုက်တဲ့ကဗျာလေးပါ။ ကဗျာတွေ ၀ါသနာမပါဘဲနဲ့ ကျွန်မအကြိုက်လိုက်ပြီး သူကြိုးစားရေးထားတာနေမှာ။ မွေးနေ့လွန်ပြီးမှ ရောက်လာပေမယ့် အရမ်းဝမ်းသာခဲ့ရပါတယ်။ ဖတ်ကြည့်ပါ။ ရေးနေကျမဟုတ်လို့ ဖတ်လို့မကောင်းလှပေမယ့် အမှတ်တရ အနေနဲ့တင်ထားလိုက်တာပါ။ */

သူမနဲ့ကျွန်မဟာ ၁၉၉၅ ကျွန်မတို့ (၄)တန်းကျောင်းသူဘ၀ကစသိခဲ့ပြီး၊ (၈)တန်းကျောင်းသူဘ၀ကစလို့ တတွဲတွဲမခွဲပဲ ရှိခဲ့တာပါ။ တက္ကသိုလ်တက်တော့လည်း တူတူဆိုတော့ အတိုင်းထက်အလွန်ပေါ့။ ကျွန်မမျက်လုံးတချက်အကြည့်နဲ့တင် ကျွန်မဘာပြောချင်လဲ ဆိုတာ သိနေတဲ့သူပါ။ တက္ကသိုလ်တက်တဲ့ ကာလတလျှောက် ကျွန်မရဲ့ နာမည်ပြောင် ‘ဂျက်လီ’ နဲ့တွဲပြီး၊ သူ့ကိုပါ ‘၀မ်ချင်းပေါင်’ လို့ ခေါ်ခဲ့ကြပါတယ်။
သူမကို ၂၀၀၆ အောက်တိုဘာလောက်မှာ ထားခဲ့ပြီး၊ ရန်ကုန်ကို ကျွန်မလာခဲ့လိုက်တာ။ ဒီကြားထဲ နှစ်ခေါက်ပဲပြန်ဖြစ်ပါတယ်။ အရမ်းချစ်ပေမယ့် ဖုန်းအဆက်အသွယ်လည်း မရှိပါဘူး။ စာလည်းအလွန်ရှားပါတယ်။ ဒါပေမယ့် ရင်ထဲမှာအမြဲရှိမှန်း သူမရော ကျွန်မပါ သိပါတယ်။