နိဒါန်း

2014၂၀၁၄
ကြည်လင်သာယာသော ကနဦး နေ့သစ်လေးများ။ နေရောင်နွေးနွေးနဲ့ ခြေခင်းလက်ခင်းသာသော အားလပ်ရက်တချို့။ တစ်နှစ်လုံးစာ အားအင်အပြည့်ဖြည့်ထားဖို့ တိုက်တိုက်တွန်းတွန်း။ ဟုတ်ကဲ့.. တယုတယသုံးစွဲခဲ့ပါတယ်။

သက္ကရာဇ်အသစ် ပြောင်းပြောင်း မပြောင်းပြောင်း ရက်စွဲတွေကတော့ ပုံမှန်အတိုင်းကုန်လွန်နေတာပါပဲ။ ခဏလေး မျက်စိတမှိတ်ပဲ။ သို့သော်ငြား ပြောင်းလဲချင်ရင် အရာရာပြောင်းလဲနိုင်ဖို့ အနေတော်အချိန်၊ လုံလောက်သောအချိန်။ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်၊ လေးယောက်…၊ တစ်ခု၊ နှစ်ခု၊ သုံးခု…၊ ပြောင်းလဲမှုများ၊ အပြောင်းအလဲများ။ ဘယ်တခု မပြောင်းမလဲ ကျန်နေပါလိမ့်။ မှန်ထဲ မြင်မြင်နေရတဲ့ အမျိုးသမီးကိုလည်း တစတစ မမှတ်မိချင်လာတော့ဘူး။ မျက်လုံးထဲမှာ ဘာအရောင်မှလည်း ရှိမနေဘူးလို့ ကြားဖူးခဲ့တာ ဘယ်လောက်မှတော့ မကြာခဲ့သေးသလိုလို။ ခုမြင်ရတဲ့ မျက်လုံးထဲလည်း ဘာအရောင်မှ ရှိမနေတော့ပါဘူးလေ။ ရှိမနေပုံချင်းသာ ကွာခြားသွားခဲ့တာ။ တခါက စွဲလမ်းနှစ်ခြိုက်ခဲ့ဖူးတဲ့ ၀တ္ထုဇာတ်ကောင်တွေ၊ ဟီးရိုးတွေအပေါ် စိတ်ခံစားချက်တွေလည်း ပါးလျလာနေလေပြီ။

မငြီးငွေ့ချင်သေးပါဘူး။ မငြီးငွေ့သင့်သေးပါဘူး။ ၂၉ဆိုတာ တက်ကြွနေရဦးမယ့် အသက်အရွယ် မဟုတ်ပါလား။ warm-up, warm-upနဲ့တော့ သတိထားပြီး အော်နေရတာပါပဲ။ ခဏခဏ ငြိမ်မသွားဖို့ သတိထားနေလျက် တခါတခါလည်း အတက်ကြွလွန်နေပြန်ရော။ သားရေကွင်းများလိုပဲ စိတ်ခံစားမှုဆိုတာ အလျော့အတင်း၊ အတက်အကျများရင် လျော့ရဲပြတ်တောက်မသွားလောက်ဘူးလို့တော့ ထင်ရတာပါပဲ။ Frozen ထဲက Annaလို နှလုံးသားတခုလုံး အေးခဲသွားဖို့ ကြံကြံဖန်ဖန် တွေးမိလေရဲ့။

မြေကြီးများ လေးလံလာလေပြီလား။ ဆယ်ကျော်သက်အရွယ် မက်ခဲ့တဲ့ အိမ်မက်တွေ ခုထိကို မကြာမကြာ ပြန်မက်တတ်တုန်းမဟုတ်ပါလား။ ဒါဆို လုံလောက်ရမယ် မဟုတ်ပါလား။ အသက်ရှူရတဲ့ အရသာလေးတော့ သိနေမှ။ ပြန်ပေးခဲ့ချင်တဲ့အရာတွေ၊ ချန်ရစ်ထားချင်တဲ့အရာတွေ ရှိတယ်မဟုတ်ပါလား။ ကိုယ်တိုင် မတ်မတ်ရပ်နိုင်မှသာ အခြားသူကို ကူနိုင် တွဲနိုင်မယ် မဟုတ်ပါလား။ .. မဟုတ်ပါလား။ .. မဟုတ်ပါလား။

ကဲပါလေ။ ကောင်းခြင်းတွေကိုပဲ သယ်လာလာ၊ ညစ်ညူးစရာတွေပဲ သယ်လာလာ မငြီးမညူ လက်ခံယူလို့ အသင့်အနေအထား။  ကြည်ကြည်လင်လင် ငြိမ်းငြမ်းချမ်းချမ်း တည်တည်ငြိမ်ငြိမ်။
May the tears come from laughingပေါ့။

One thought on “နိဒါန်း

  1. ၂၉ ဆိုတာ တက်ကြွနေရဦးမည့် အရွယ်ပါ ။ ဒါပေမဲ့ လုပ်ချင်တာထက် လုပ်သင့်တာကို လုပ်နေရမယ့် အရွယ်လေ ။ အိပ်မက်ဆိုတာ ဘယ်အရွယ် ဖြစ်ဖြစ် မက်နေရဦးမှာပေါ့ ။ လူဆိုတာ အိပ်မက်နဲ့ ရှင်သန်နေကြတာပဲလေ ။ ဘ၀မှာ တစ်ခါတစ်လေ ချန်ထားသင့်တဲ့အရာလည်း ချန်ထားခဲ့ရမှာပဲ . . လေးလံမယ်ဆိုရင်ပေါ့ ။ ကိုယ်တွေက ခရီးအဝေး ကြီး ဆက်ရဦးမှာမဟုတ်လား ။ ပေါ့ပါးလန်းဆန်းနေဖို့လိုတယ်လေ . . . .း) အိပ်မက်တွေကို မက်ရင်း ၊ တစ်လှမ်းခြင်း တစ်လှမ်းခြင်း . . . ကိုယ်တို့တွေဟာ ခရီးသွား ဌက်ငယ်တွေပေါ့ ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s