အများသိသောလျှို့ဝှက်ချက်

တချို့..တချို့သောကိစ္စတွေမှာ..
မြင်နေတာကိုပဲ ယုံကြည်လိုက်ဖို့လိုတယ်
ပြောတာတွေကို နားထောင်နေဖို့မကောင်းဘူး။

တချို့..တချို့သောကိစ္စတွေမှာ..
အသံတွေကို လက်ခံလိုက်ဖို့လိုတယ်
ဦးနှောက်ကို အသုံးချနေစရာ မလိုဘူး။

တချို့..တချို့သောကိစ္စတွေမှာ..
ဆုံးဖြတ်ချက်အတိုင်း လိုက်နေဖို့လိုတယ်
ရင်ဘတ်က တဒိတ်ဒိတ်အသံနောက်လိုက်လို့ မဖြစ်ဘူး။

တချို့..တချို့သောကိစ္စတွေမှာ..
နှလုံးသားကို အလုပ်လုပ်စေဖို့လိုတယ်
မြင်တာကိုချည်း လက်ခံနေလို့ မရဘူး။

လိုတယ်။
မကောင်းဘူး။
မလိုဘူး။
မဖြစ်ဘူး။
မရဘူး။
အမြင်တွေနောက်ချည်း..
အသံတွေနောက်ချည်း..
စည်းမျဉ်းနောက်ချည်း..
ဆန္ဒတွေနောက်ချည်း..

တကယ်တမ်း..
ဘ၀မှာ သာသာယာယာနေနိုင်ဖို့
ခန္ဓာကိုယ်အခွံတခုကလွဲပြီး ဘာဆို ဘာမှကိုမလိုဘူး။

အလွမ်းကဗျာ

မျက်မှောင်ကြုတ်ကြည့်နေရင်းနဲ့ကို..
လွမ်းတယ်..

မျက်လုံးချင်းဆုံနေရက်နဲ့ကို..
လွမ်းတယ်..

သူ့ရင်ဘတ်မျက်နှာအပ်ထားရင်းနဲ့ကို..
လွမ်းတယ်..

ပုခုံးပေါ်ခေါင်းလာမှီထားရက်ကို..
လွမ်းတယ်..

…………………..
နောက်တော့…
…………………..

တုံးတိတိလက်သည်းလေးတွေမြင်ရင်း..
လွမ်းတယ်..

ironing sprayအနံ့ရရင်ကို..
လွမ်းတယ်..

ပေကပ်ကပ်လုပ်ချင်တဲ့အခါတိုင်း..
လွမ်းတယ်..

အနားနားထိုင်နေရင်းနဲ့..
လွမ်းတယ်..

စကားတချို့ပြောနေရင်းနဲ့..
လွမ်းတယ်..

ရေမွှေးမ၀ယ်ဖြစ်တော့တဲ့အခါတိုင်း
လွမ်းတယ်..

ဆံပင်မညှပ်ဖြစ်တော့လည်း
လွမ်းတယ်..

လွမ်းရင်းနဲ့လည်း..
လွမ်းပါတယ်..