ပေါ့ပေါ့ပါးပါး

ခုတလော…..
ခေတ်ကာလကြီးတိုးတက်လာတာနဲ့အမျှ တဖက်မှာအကောင်းတွေ ရှိသလို၊ တဖက်မှာ ပင်ပန်းဆင်းရဲ ရတာတွေလည်း ပိုများလာတယ်။ တစ်နေ့ထက် တစ်နေ့အသက်ပိုကြီးကြီးလာလို့လည်း ဒီလိုတွေးမိတာ ဖြစ်ကောင်းပါတယ်။ ဟိုတလော တကယ်ပင်ပန်းတယ်ရှင့်။ လူတစ်ယောက်မှာ စိတ်ဖိစီးမှုရှိတယ်။ နည်းတယ် များတယ်ဆိုတာ အဲဒီလူရဲ့ ခံယူချက်နဲ့ပဲ ဆိုင်ပါလိမ့်မယ်။ ပင်ပန်းအောင်လည်း ကိုယ်ကိုယ်တိုင်ပဲ လုပ်နိုင်သလို၊ ပေါ့ပါးအောင်လည်း ကိုယ်ကိုယ်တိုင်ပဲ လုပ်နိုင်ပါတယ်။

ဖြေရှင်းစရာ ပြသနာတွေကလည်း ဒီအတိုင်းပဲ ရှိနေတုန်းပဲ။ အဆင်မပြေမှုတွေကလည်း မပြေလည်နိုင်သေးဘူး။ ပင်ပန်းမယ်ဆို ဆက်ပြီး ပင်ပန်းစရာချည်းပဲ။ ဒါပေမယ့် ရုတ်တရက်ကြီး ဒီနှစ်ရက် ပေါ့ပါးသွားတယ်။ ဘာမှ မပြောင်းလဲပါဘဲနဲ့၊ အလိုလို ပေါ့ပါးနေတယ်။ မနက်အစောကြီး ထကြည့်တော့ အအေးဓါတ်တော်တော်ရနေပြီ။ ဒီရာသီဥတုက တစ်နှစ်တာလုံးမှာ အနှစ်သက်ဆုံးရာသီဥတု။ ဒီအချိန်အခါကို တစ်နှစ်လုံးမှာ အကြိုက်ဆုံး။ ကိုယ့်ဘာသာ အာရုံတွေများနေပြီး ဒီအချိန်ရောက်နေတာကို မေ့နေတာ။ သတိထားမိတော့ နောက်မကျသေးလို့ တော်ပါသေးတယ်။ ဒီရာသီဥတုနဲ့ မနက်ခင်းတွေက ချစ်ဖို့အကောင်းဆုံး။ ညနေတိမ်တိုက်တွေက ကြည့်လို့အကောင်းဆုံး။ လမ်းလျှောက်ဖို့အကောင်းဆုံး ရာသီဥတုပေါ့။

ခု စိတ်ထဲပေါ်တာတွေ လုပ်ချင်တာတွေ ပေါ့ပေါ့ပါးပါးတွေးကြည့်လိုက်ဦးမယ်။
(၁) seasonကကော်ဖီ နေ့တိုင်း သောက်ချင်တယ်။ (အဲဒီမှာ အလုပ်ခေါ်ရင် အလုပ်လျှောက်လိုက်ရ ကောင်းမလား။)
(၂) ညနေစောင်းမှာ ကျယ်ကျယ်ဝန်းဝန်းနေရာမှာ အေးအေးဆေးဆေးထိုင်ပြီး သီချင်းအကျယ်ကြီး ဆိုချင်တယ်။ (ဒီလိုပြောရင် ခွက်တလုံးပေးမယ့်လူတွေ များနေမှာပါပဲ။)
(၃) မနက်စောစောနဲ့ ညဘက်ရွှေတိဂုံဘုရားပေါ်မှာ နေချင်တယ်။
(၄) ဆံပင်ရှည်ရှည်ကို ကျစ်ဆံမြီးကျစ်ချင်တယ်။ (ကိုယ့်ဆံပင်ကလည်း မရှည်။ ကိုယ့်အနားမှာ ဆံပင်အရှည်ဆိုလို့လည်း ပိုက်ဆံအကုန်ခံပြီး သေချာဖြောင့်ထားတဲ့ ဆံပင်ပဲရှိတယ်။ သူ့ဆံပင်ကိုပဲ သွားခိုးကျစ်ရင်ကောင်းမလား။)
(၅) စိတ်မကောက်ချင်ဘူး။ ချော့လည်း မချော့ချင်ဘူး။ (ဒီလိုပြောလို့ပဲ ချော့ရတော့မယ် ထင်ပ။)
(၆) လမ်းအကြာကြီးလျှောက်ချင်တယ်။
(၇) တောင်တက်ချင်တယ်။ (တက်နိုင်ပါ့မလားပဲ။ အသက်ကကြီးလာပြီ။)
(၈) အဝေးကြီးရောက်နေတဲ့ သူငယ်ချင်းတွေနဲ့ အလုပ်ထွက်သွားတဲ့ သူငယ်ချင်းတွေကို သတိရနေပြီး၊ အနားက သူငယ်ချင်းတွေကို ကိုင်ပေါက်ချင်နေတယ်။ (အသည်းယားလို့။)
(၉) လူတွေကြည့်ပြီး နာမည်တွေပဲ ပေးချင်နေတယ်။ (ဗေဒင်ဆရာ လုပ်ရင်ကောင်းလေမလား။)
(၁၀) စီးကရက်သောက်ချင်တယ်။

9 thoughts on “ပေါ့ပေါ့ပါးပါး

  1. ဟင့်အင်း ငါကတော့ စီးကရက်မသောက်ချင်းဘူး။
    ………ပဲ သောက်ချင်တယ်။ ဟီးဟီးဟီး

    ဆုရယ်မလုပ်ပါနဲ့ ငဖြူတစ်ကောင် သနားပါတယ်။
    နင့်မြင်ရင် လန့်နေဦးမယ်။ ငါ့ဆံပင်လာ ကျစ်လေ။

  2. ဟင့်အင်း ငါကတော့ စီးကရက်မသောက်ချင်ဘူး။
    ………ပဲ သောက်ချင်တယ်။ ဟီးဟီးဟီး

    ဆုရယ်မလုပ်ပါနဲ့ ငဖြူတစ်ကောင် သနားပါတယ်။
    နင့်မြင်ရင် လန့်နေဦးမယ်။ ငါ့ဆံပင်လာ ကျစ်လေ။

    • အေးလေ ဒါတော့ဘယ်ရမလဲ ငါကချစ်တယ်နော် အလိုမလိုက်ဘူး

  3. အင်းလေ။ သူများဆံပင်ကိုကျစ်ချင်နေတယ်။
    သူ့ဆံပင်ကျတော့ နည်းနည်းလေးရှည်ရင်သွားသွားညှပ်ပြီးတော့။
    ပြီးတော့… အစ်မဆံပင်ကရောကျစ်လို့ရမလား။
    ကိုယ့်ဆံပင်လည်းကိုယ်ပြန်ကြည့်အုန်း။

  4. ဆေးလိပ်သောက်တာထက် ဖဲရိုက်ကြည့်ပါလား ဆုရေ။ဒီလိုပြောလို့တခြားသူငယ်ချင်းတွေငါ့လာသတ်မလား။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s