3rd Anniversary

ယနေ့ကြွလာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ.. (စိုင်းစိုင်းခမ်းလှိုင်လေသံဖြင့် ဖတ်ရှုပါရန်)

ဟိုပြောင်းဒီရွှေ့၊ အသက်တငင်ငင်၊ ဖုန်တထောင်းထောင်း၊ ချိချိနဲ့နဲ့၊ ယိုင်တိုင်ယိုင်တိုင်နဲ့ HoLOLoDiLOLoလည်း ဒီနေ့ သုံးနှစ်ပြည့်သတဲ့..
ထုံးစံအတိုင်းပေါ့.. ဒီနေ့     Sep 2nd .. ဒီအိမ်ထဲထိ ရောက်လာတဲ့ ဘယ်သူ့ကိုမဆို ကော်ဖီတိုက်ပါ့မယ်.. (အဲ.. ဒီနေ့အတွင်း ကျွန်မဆီလူကိုယ်တိုင် ရောက်လာဖို့တော့ လိုမယ်နော်..:D)
readerကဖတ်တဲ့သူတွေကတော့….. အင်း… သကြားလုံးကျွေးရကောင်းမလား.. 😀

ရောက်လာပြီးမှတော့ ဘာနဲ့ ဧည့်ဝတ်ပြုရင် ကောင်းမလဲ.. အင်း…….. ညကလည်း ဘာမှ ရေရေရာရာ စာအုပ်မဖတ်ဖြစ်…….. အော်.. ကြိုက်တဲ့ကဗျာတွေ စုကူးထားတဲ့ စာအုပ်လေးတော့ ပြန်ဖတ်ဖြစ်တယ်.. ဒီတော့ ဆားချက်တယ်ပဲဆိုဆို… အဲဒီထဲက မိုသျှန်းရဲ့ ကဗျာလေးကိုပဲ ဖတ်သွားကြပါဦး.. သင်းကွဲငှက်သီချင်းတဲ့.. coffeeလေးနဲ့ မြည်းပေါ့..

သင်းကွဲငှက်သီချင်း

ဘယ်အတိုင်းအတာအထိ ကြေကွဲခဲ့တယ်ဆိုတာ
ပြန်ပြောပြဖို့မလွယ်ဘူး။
အဲဒီလို အမာရွတ်ပြစရာမရှိတဲ့ ဒဏ်ရာတွေကြောင့်လည်း
ချစ်သူက အသည်းခွဲဖို့ ၀န်မလေးခဲ့တာ။
လိပ်တစ်ကောင်လို ခေါင်းထုတ်ပြီးခါမှ
ပြန်မ၀င်တတ်တဲ့ ကျွန်တော့်မှာ
လွမ်းလေလေ မျက်စေ့လည်လေဖြစ်ခဲ့ရ။
ဟို.. ကျေးလက်က အမေ့အိမ်ကလေးမှာ
ကဗျာတွေ စိုစွတ်စိမ့်ပြန်နိုင်ခဲ့သေးတာပဲ
မြို့တော်ကြီးဆီရောက်မှ
နှလုံးသားကျပျောက်တာကို အကြောင်းပြုပြီး
အိမ်မက်ကို ညနဲ့ဆံ့အောင် မမက်နိုင်ခဲ့တာ။
ပြောသလောက်မလွယ်တဲ့ အကြောင်းအရာတွေထဲမှာ
အချစ်ကိစ္စပါတယ်။

မိုသျှန်း

5 thoughts on “3rd Anniversary

  1. အရောက်လာပါတယ်။ ကော်ဖီကို နက်စ်အော… နို့မပါ။ သကြားနည်းနည်းနဲ့ သံပုရာသီးညှစ်ပေးပါ။

    • အိုကေ.. နက်စ်အော.. နို့မပါ.. သကြားနည်းနည်း.. သံပရာသီးနဲ့.. လာလရော့ဟယ်..

  2. ဆု နင်လူလိမ် တိုက်လည်းမတိုက်ဘဲနဲ့။ ငါနင့်ရဲ့ အိမ်ကိုလည်း ရောက်တယ်။ လူကိုယ်တိုင်လည်း တွေ့တာကို မတိုက်ဘဲနဲ့များ။

    မယုံကြပါနဲ့ဗျို့

  3. ဝေးးးးးးးးး
    ကော်ဖီသောက်ရတော့မယ်
    ငါက ၂ ယောက်စာ ဆိုတော့ ၂ ခွက်သောက်မယ်နော်

  4. ဘာလိုလို ညာလိုလိုနဲ့
    ဟိုလိုလို ဒီလိုလိုလည်း
    ၃နှစ်တောင်ပြည့်လို့
    ၃ နှစ်သားလား
    ၃ နှစ်သမီးလား

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s