ဒီလိုပါပဲ…

တချို့များ ပြောပါတယ်။ 「အသုံးချခံခဲ့ရတာ」တဲ့။ 「အဖြည့်ခံပါပဲ」တဲ့။ နာကျည်းသံလေးစွက်လျက် စိတ်မကောင်းသံလေးနဲ့ ပြန်ပြောတတ်ကြတယ်။  ဖြည့်ချင်တာတောင် ဖြည့်ခွင့်မရတဲ့အခြေအနေတွေ၊ အသုံးကျချင်တာတောင် အသုံးချမခံရတဲ့ ဘ၀တွေ ဒုနဲ့ဒေးနဲ့ ရှိပါတယ်ဆိုရင် သူတို့နားလည်နိုင်ပါ့မလား။

ပေးတယ်ဆိုတာ ယူတဲ့သူမရှိရင် အလကားပဲကိုး။ အလကားဖြစ်ဖို့ကိုပဲ အဆင်သင့်ဖြစ်နေတဲ့လူတွေလည်း ရှိနေပါသေးရဲ့။ အသိအမှတ်ပြုခံရမှသာ လုပ်ဆောင်ချက်တစ်ခု အထမြောက်တယ်ဆိုပဲ။ တခါမှ လှည့်ကြည့်မခံရဘဲ နောက်ကျောကိုပဲ ကြည့်နေရတဲ့ ဘ၀တွေမှာလည်း တခုခုပြီး တခုခု လုပ်ဆောင်ပေးချင်နေတတ်ပါသေးတယ်။ သနားစရာကောင်းတယ် လို့တော့ မတွေးလိုက်ပါနဲ့။ ဒါလည်း ခံစားပုံ ခံစားနည်းတစ်မျိုးပါပဲ။ အန္တရာယ်ကြီးတာ တစ်ခုတော့ရှိတယ်။ သူတို့တွေက သိပ်စွဲမြဲလွန်းတယ်။ ဘာမှ မရဖူးတော့ ဆုံးရှုံးရလေခြင်းဆိုတာ မခံစားရဘူး။ အမှတ်တရလေး တစ်ခုခုအတွက် လနဲ့ချီ နှစ်နဲ့ချီ စောင့်စားရလို့ နေ့တိုင်းဟာ တန်ဖိုးရှိနေတတ်ပြန်တယ်။ ပင်ပန်းတယ်တော့ ဘယ်ဟုတ်မလဲ။ ဒီလိုပါပဲ…။

「ငါတို့ နေ့တိုင်း နင့်ခေါင်းကိုပုတ်လိုက်၊ နင့်ဆံပင်ကိုဖွလိုက် ကျတော့ နင်ကဘာမှ အာရုံမထားဘူး။ ဘာမှမဟုတ်ဘဲ ဘာခံစားချက်မှမပါဘဲ မတော်တဆသဘောလောက်နဲ့ ခေါင်းလေးပုတ်တာကျတော့ ၂နှစ်လောက်ကြာပြီးတာတောင် မမေ့နိုင်ဘူး။ ဘက်လိုက်လွန်းတယ်။」တဲ့။ တိုးတိုးဖော် သူငယ်ချင်းလေးက ပြောပါတယ်။ 「နင်ကလည်းဟာ」ဆိုတာကလွဲပြီး ဘာမှ ပြန်မပြောနိုင်ပါဘူး။ 「တယောက်ယောက်ကို စိတ်ကောက်နေတာ ထင်တယ်」ဆိုတဲ့အသံရယ်၊ ခေါင်းကိုဖွဖွပုတ်လိုက်တာရယ်ပဲ စိတ်ထဲ ပြန်ပြန်သတိရနေတတ်တယ်။ အမြဲအုပ်စုနဲ့ တရုံးရုံးရှိနေတတ်တာ တယောက်တည်း ငူငူငိုင်ငိုင်ထိုင်နေမှတော့ စိတ်ကောက်နေတယ်ဆိုတာ လူတိုင်းအလိုလို သိနိုင်တဲ့ကိစ္စ၊ သူလည်း သတိထားမိတာ ဘာဆန်းမလဲ။ ဒီအမှန်တရားကိုလည်း သိနေတာပါပဲလေ။ ဒါပေမယ့် အဲဒီတုန်းကတော့ ဘာမှန်းမသိ အသက်ရှူသံတွေ ခဏရပ်သွားဖူးတယ်။ ဒီလိုပါပဲ…။

「သူဘက်က ဘာမှအာရုံမပါဘူး၊ အမှတ်တမဲ့ချည်းပဲ။ နင်သာ အကုန်သိမ်းထား။」 ဂရုဏာဒေါသံသံတွေ၊ ကျေးဇူးတင်ပါတယ်။ တကယ်ပါ မနာကျင်ပါဘူး။ ယူထားပါရစေ။ ဒီလိုပါပဲ…။ အိမ်မက်ထဲမှာတော့ သူအမြဲပြုံးပြတတ်တယ်ဆိုတာ သူတို့ကို ဘယ်လိုပြောပြရမလဲ။ ဒါနဲ့ပဲ အိပ်ဆေးတွေ ပုံမှန်သောက်ဖြစ်လာတယ်ဆိုတာလည်း မပြောဖြစ်တော့ဘူးပေါ့။ သူနဲ့ပတ်သက်ပြီး အမျှော်လင့်ဆုံးတစ်ခုကို ပြောပါဆိုရင်လား။ 「ပင်ပန်းလိုက်တာဗျာ」 ဆိုတာမျိုး အမှတ်တမဲ့ပဲဖြစ်ဖြစ် ပြောစေချင်ပါတယ်။ ဘာမှမလုပ်ပေးနိုင်ပါဘူး။ ဘာမှမလုပ်ပေးနိုင်ပါဘူး။ ဒီလိုပါပဲ…။

ဒီလိုပါပဲ…။ ဘာရယ်မဟုတ်ဘူး။ ဒီလိုပါပဲ…။

ဆက်ရန်ရှိသည်။

2 thoughts on “ဒီလိုပါပဲ…

  1. ဟိတ် ချစ်.. ဒါလေး အရမ်းကြိုက်တယ်
    စိတ်ထဲ ထိထိခိုက်ခိုက်.. ဒီလိုပါပဲ..း)

    ဘာမှ မရဖူးတော့ ဆုံးရှုံးရလေခြင်းဆိုတာ မခံစားရဘူး။ အမှတ်တရလေး တစ်ခုခုအတွက် လနဲ့ချီ နှစ်နဲ့ချီ စောင့်စားရလို့ နေ့တိုင်းဟာ တန်ဖိုးရှိနေတတ်ပြန်တယ်။ ပင်ပန်းတယ်တော့ ဘယ်ဟုတ်မလဲ။ ဒီလိုပါပဲ…။
    တကယ်ပါ မနာကျင်ပါဘူး။ ယူထားပါရစေ။ ဒီလိုပါပဲ…။
    「ပင်ပန်းလိုက်တာဗျာ」 ဆိုတာမျိုး အမှတ်တမဲ့ပဲဖြစ်ဖြစ် ပြောစေချင်ပါတယ်။ ဘာမှမလုပ်ပေးနိုင်ပါဘူး။ ဘာမှမလုပ်ပေးနိုင်ပါဘူး။ ဒီလိုပါပဲ…။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s