ငွေရတု ရောက်တတ်ရာရာ အတွေးများ..

  • Oops.. ဘ၀ရဲ့ သုံးပုံတစ်ပုံကို ရောက်ပါပေါ့လား။
  • သွားရင်း လာရင်း လုပ်ရင်း ကိုင်ရင်း တွေ့တဲ့လူ တော်တော်များများကို ကလေးတွေလို့ပဲ မြင်မြင်လာနေတော့သည်။ (ဒီကလေးမလေး ချစ်ဖို့ကောင်းလိုက်တာ..။ အော်.. ကလေးတွေကိုး.. အပူအပင်မရှိဘူးပေါ့..။ ငယ်သေးတာကိုး.. ဒီလိုပဲပေါ့..။ အစရှိသဖြင့် ) တကယ် ကိုယ့်ထက် ငယ်မငယ် မသိ။ ငယ်တယ်ချည်း ထင်နေတတ်လာသည်။
  • မျှော်လင့်ထားသည်များ.. ပန်းတိုင်များ.. ကြီးကြီးမားမား ထင်ထင်ရှားရှား မရှိတော့၍ပဲလား မသိ။ တနေ့ တနေ့ ရယ်နေ မောနေရင်းကကို နေရထိုင်ရတာ ပျင်းခြောက်ခြောက်ကြီး ဖြစ်ဖြစ်လာသည်။
  • ဟိုး.. အရင်လို အနောက်ပဲ လှည့်ရင်းလည်း မသွားချင်တော့သလို။ ရှေ့ကိုလည်း မျှော်ကြည့်စရာ မရှိတော့တော့ အချိန်တွေကို ရစ်ပစ်ပြီး အသက် ၄၀ လောက်ကို တခါတည်း ကျော်သွားလို့ ရရင်ကောင်းမှာပဲလို့ ခဏခဏ တွေးဖြစ်လာသည်။
  • ‘ငါ’ စွဲလေးတော့ ဖျောက်အုံးမှဆိုပြီး ဖျောက်လိုက်ကာမှ.. ‘ငါတို့’ ဆိုတဲ့ အစွဲကြီး ဖြစ်သွားပါလေသည်။
  • တစ်ယောက်တည်း နေကြည့်ရင်.. ဆိုတဲ့အတွေး တွေးမလို့ ကြံကာရှိသေး.. အချစ်ဆုံးလူများ ဆိုတဲ့ စာမျက်နှာက ရှည်ရှည်လာနေသည်။
  • ဘာလို့မှန်းမသိ accident တခုခုနဲ့ လမ်းပေါ်မှာ သေရမည်ကို ယုတ္တိမရှိ မတရား ကြောက်လန့်တတ်နေသည်။ (bus ကားစီးရင်း gas အိုးထပေါက်မလား တထင့်ထင့် ဖြစ်နေတတ်လာခြင်းက အဆိုးရွားဆုံးဖြစ်သည်။)
  • ပုံမှန်ရှိနေကျ ကိုယ်အလေးချိန်ထက် ၁၀ပေါင် တိုးတက်လာသည်။ (အော်.. အသက်ကြီးပြီးကိုး..)
  • သီချင်းတချို့ စုထားဖြစ်သည်။ (‘နေ့နဲ့ညတို့ ရေရင်လေ ၂၈နှစ်..‘ ဆိုတဲ့ ထွန်းအိန္ဒြာဗိုသီချင်းက နောက် ၃နှစ်အတွက်..။ မျိုးကျော့မြိုင်ရဲ့ ‘အသက် ၃၃ အထီးကျန် ဆန်လွန်းတယ်..‘….။ နောက် ‘အသက် ၄၀ လူတွေမေးတယ်..  ဘယ်တော့များမှ စားရမှာလဲ…‘ အဲလိုဆိုတဲ့ မိုးမိုး သီချင်းလေး..)
  • မနက် ၂နာရီ ကိုကိုကြီး ပြန်လာတာ အိမ်တံခါးထဖွင့်ပေးတော့ ခေါင်းကိုထုပြီး Happy Birthday လို့ပြောသည်။ သူမှတ်မိနေသားပဲ။ အိမ်ကထွက်တဲ့မနက်အထိ ကိုကိုငယ်က နှုတ်မဆက်ပါ။ သူမေ့တတ်သွားပါပြီ။
  • မနက် အိပ်ရာထတော့ ထုံးစံအတိုင်း အမေက ထမင်းချိုင့်အတွက် ပြင်ဆင်နေရင်း မနက်စာပါ အသင့်ပြင်ဆင်ပြီးပါပြီ။ ၂၅နှစ်တိုင်ခဲ့ပြီကိုတောင် ဒီတာဝန်တွေ ယူနေရတုန်းဖြစ်ပါသည်။
  • ဒီတနှစ်အတွင်း အသိသာဆုံးခံစားချက်က ကိုယ့်ခံစားမှုကို ယုံကြည်လွန်းခြင်းပင် ဖြစ်ပါသည်။ လျှော့ချရင် ကောင်းမလား။ ဒီအတိုင်းထားရမည်လား မစဉ်းစားချင်သေးပါ။
  • သတိတရ နှုတ်ဆက် ဆုတောင်းသူ အားလုံးကို ကျေးဇူးတင်ပါသည်။
  • ယနေ့ ၂၀၁၀ ဇွန်လ ၁၈ရက်။ မနက် ၅ခွဲ အိပ်ရာထသည်။ ရာသီဥတု ကြည်လင်သည်။ မိုးမရွာသေးပါ။ မကြာမီ မြန်မာစံတော်ချိန် ၉နာရီခွဲပါတော့မည်။
  • ယနေ့ စာမေးပွဲ ဖြေစရာ ရှိပါသည်။

6 thoughts on “ငွေရတု ရောက်တတ်ရာရာ အတွေးများ..

  1. တို့လဲအဲသလိုဘဲလန့်နေတယ် အစ်မအိမ်က ဓါတ်ကြိုးတွေ ရှုပ်ရှက်ခက်နေတာကြည့်ပြီးဓါတ်လိုက်မှာ စိုးရိမ်လိုကတာ.

  2. ငါလဲပဲ ဒီနှစ်မွေးနေ့မှာ စာမေးပွဲဖြေရတယ်တော့… သိလား

  3. အေးဟာ အသက်ကြီးမှပိုကြောက်တတ်လာတယ်
    ငါဆို ပုဇွန်တောင်တံတားပေါ်က ကားဖြတ်သွားရင် တံတားပြိုကျမှာကြောက်တယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s