———

/***
အလုပ်မလုပ်ဘဲ ကျွန်မမျက်နှာထိုင်ထိုင်ကြည့်နေတဲ့ သူငယ်ချင်း ရေးပေးထားတာ။ ဂုဏ်ပြုကဗျာဆိုလား။ ဒီမှာ လာတင်တာသိရင် ရှက်ပြီးသေမလား.. တက်ပြီးသေမလားဘဲ.. ။ ဒီတော့ ရှူး…….. တိုးတိုး…. တိတ်တိတ်ကလေး ဖတ်သွားကြ။
***/

သူ့အရိပ်လေးပုံဖော်ရရင်
ချည်ထမီအဆင်ဆန်းလေးတွေနဲ့
ပြုံးချိုချိုကောင်မလေးတစ်ကောင်ပေါ့

မျက်မှန်တလက် ကျဆိမ့်တခွက်
အဲဒါသူအနှစ်သက်ဆုံးအရာတွေလား
သူ့ရဲ့ဂုဏ်ပုဒ်ညွှန်းကာပြရင်…….

ကမ္ဘာကျော်မင်းသားဘေယောင်ဂျွန်းကို
သူကယောက်ျား ငါနဲ့တူစရာလားလို့
မတူမတန်သလိုရေရွတ်တတ်သူ။

လမ်းပေါ်ကကြောင်လဲမချန်
သားကြီးရေသမီးလေးရေပေါင်းစုံခေါ်ရင်း
ကြောင်ဇဝေဇ၀ါဖြစ်အောင်လုပ်တတ်ပါသူ။

ငရုတ်သီးမှုန့်ဗူးလက်လှမ်းမိတိုင်း
ငဖြူနော်ငဖြူလို့မျက်မှန်တ၀င့်ဝင့်ကြိမ်းမောင်းတတ်သူ။

ငါကအခြောက်ဆိုအကောင်ကြီးမှကြိုက်တာလို့
မလွတ်မကင်းကြွေးကြော်တတ်သူ။

ပူစီနံဟာဇီယာပါလို့ အတင်းစွတ်ငြင်း
ငြင်းမနိုင်တဲ့အဆုံး သူ့လက်သုံးစကား
ငါတို့မော်လမြိုင်မှာဒီလိုပဲတဲ့
အနိုင်မခံအရှုံးမပေး အားကစားစိတ်ဓါတ်အပြည့်ရှိသူ။

စိတ်ကောက်လို့လည်းမရ
အရူးမရေ အရူးမရေ ခပ်ပြုံးပြုံးလိုက်ခေါ်ရင်း
မရယ်ရယ်အောင် လုပ်တတ်သူ။

နင်မိုးစိုမယ် ငါ့ထီးယူသွားလို့
(သူကတော့မိုးပြီးထားသလို)
စေတနာပိုအနစ်နာခံတတ်တဲ့သူ။

ဒီလိုဒီလိုနဲ့ပဲကွယ်….
ခုဆိုငါဘေယောင်ဂျွန်းပုံမြင်တိုင်းပြုံးမိလာတယ်
ထမင်းဝိုင်းမှာငခြောက်ပါတိုင်းအဲဒါဆုအရမ်းကြိုက်တာလေလို့အိမ်ကလူတွေစ,တတ်လာတယ်
ငရုတ်သီးမှုန့်စားမယ်ပြင်တိုင်းနင့်အသံကြားယောင်တတ်လာတယ်

နင့်ငါ့ကိုအရမ်းချစ်တာ ငါအားနာတယ်လို့
အူကြောင်ကြောင်ညည်းသေးတော့
နင်အနေမခက်ရအောင်
ငါတွယ်ထားတာနည်းနည်းလျှော့
အရင်ထက်နှစ်ဆအချစ်ပိုတိုးလို့
ချစ်တဲ့ငဆု
နင်များသိရင်
အားနာလွန်းလို့ ဂျွမ်းထထိုးမလား….????

6 thoughts on “———

  1. ချစ်တက်လိုက်တဲ့လူဗျာ။ အေးလေ မော်လမြိုင်သူလေးကလည်း ချစ်ဖို့ကောင်းလို့နေမှာပါ။ ဘေယောင်ဂျွန်း? နေဦးမြင်ယောင်ကြည့်လိုက်ဦးမယ်။

  2. ကဗျာလေးက တကယ့်ကို လူတစ်ယောက်ကို ပြေးမြင်မိစေတယ် .. ရေးတတ်ပါ့
    ပြီးတော့ လူတစ်ယောက်ကို တော်ရုံတန်ရုံချစ်တာနဲ့ ဒီလိုကဗျာမျိုး ထွက်လာမယ်မထင်
    ထော်ထော့်ကို သူကလည်းချစ်လို့

  3. hsu yae..
    after reading it, all of the memories came back to me.
    I miss the days we spent together.
    I really like this poem.
    It makes me remember all of your faces again.
    I will come to here and read it over and over again whenever I miss u so.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s