Hoaxes

ဒီနေ့တော့ Internet ပေါ်က Hoaxes ဆိုတာဘာလဲ ပြောချင်ပါတယ်။ အားလုံး သိဖူး၊ ကြားဖူးပြီးသားတော့ ဖြစ်မှာပါ။

ံHoax ဆိုတာဘာလဲဆိုတာက စရအောင်ပါ။ အဘိဓါန်ရဲ့အလိုအရ Hoax ဆိုတာ အလိမ်၊ လိမ်လည်ကျီစယ်ခြင်းဖြစ်ပါတယ်။ Hocus-pocus ဆိုတဲ့မျက်လှည့်၊ လှည့်စားသည်၊ လှည့်ဖြားသည် ကနေလာတယ်လို့လည်း ဆိုပါတယ်။
တကယ်မဟုတ်တဲ့ အဖြစ်အပျက်၊ ကိစ္စတွေကို တကယ်လို့ထင်လာအောင် လှည့်ဖြားခြင်းဖြစ်ပါတယ်။ လှည့်ဖြားတယ်ဆိုတဲ့နေရာမှာလည်း လုံးဝမဖြစ်နိုင်တဲ့ကိစ္စကြီးကို လီဆယ်တာမျိုး မဟုတ်ဘဲနဲ့ တွေးကြည့်လိုက်ရင် ဖြစ်နိုင်လောက်တဲ့၊ လူတွေယုံကြည်နိုင်လောက်တဲ့ အချက်တွေကိုသုံးပြီး လှည့်စားတာပါ။ တခါတရံတော့ Hoax တွေက နောက်ပြောင်ကျီစယ်တာတွေလည်း ဖြစ်တတ်ပါတယ်။ လူတွေရဲ့အာရုံစိုက်မှု အပြောင်းအလဲကို လိုချင်လို့လည်း ဖြစ်တတ်ပါတယ်။
တချို့သော hoax တွေဟာ ကာလတခု ကြာပြီးတဲ့နောက်မှာ လူတွေ၊ အုပ်စုတွေက လက်ခံကျင့်သုံးလာတဲ့ tradition တောင်မှ ဖြစ်လာတတ်ပါသတဲ့။ April Fool’s Day ဆိုတာလည်း hoax ကနေ tradition ဖြစ်လာတာပါလို့ wikipedia ကဆိုထားပါတယ်။

Internet ပေါ်က Hoax တွေအကြောင်း ပြောရအောင်။ လူတွေယုံသွားစေလောက်တဲ့ အထောက်အထားတွေနဲ့ ဒါအမှန်ပါလို့ထင်သွားအောင် လှည့်စားထားတဲ့ Hoax တွေ Internet ပေါ်မှာရှိသလို အဲဒီ Hoax ကိုရေးလိုက်တဲ့သူ ကိုယ်တိုင်က တကယ်ထင်ပြီး၊ သူ့အထင်တခုထဲနဲ့ ရေးလိုက်ရာက ဖြစ်လာတဲ့ Hoax တွေလည်း ရှိပါတယ်။ နမူနာတခုအနေနဲ့ ပြောရရင်တော့……
ဟိုတလောလေးက Forwarded mail တွေကနေတဆင့် ပျံ့နှံ့လာတဲ့ “Vitamin C users who eat shrimp risk death from arsenic poisoning” လိုမျိုးပါ။ ပုဇွန်နဲ့ vitamin C တွဲစားလို့ အခန့်မသင့်ရင် အသက်အန္တရာယ် စိုးရိမ်ရကြောင်း ပြောထားတဲ့ မေးလ်လေးပါ။ ပုစွန်မှာပါတဲ့ ပိုတက်ဆီယမ်အာဆင်းနစ်ဒြပ်ပေါင်းက ဗီတာမင်စီနဲ့ ပေါင်းပြီး အဆိပ်ရှိတဲ့ အာဆင်းနစ်ဒြပ်ပေါင်းအဖြစ် ပြောင်းသွားပုံက ပြောထားတာ တကယ်ဖြစ်နိုင်သလိုပါပဲ။ ဒါပေမယ့် ဒီမေးလ်လေးဟာ 2001 လောက်တုန်းက တခေါက်ပျံ့နှံ့ပြီးသား Hoax ပဲဖြစ်ပါတယ်တဲ့။ အဲဒီအကြောင်း ရှင်းထားတာ ဖတ်ကြည့်ချင်တယ်ဆိုရင်တော့ http://www.scamtypes.com/shrimps-vitamin-c-and-arsenic-make-for-a-fishy-hoax.html နဲ့ http://www.snopes.com/medical/toxins/shrimp.asp မှာကြည့်နိုင်ပါတယ်။

Internet ပေါ်က သတင်းအချက်အလက်ဆိုတာကလည်း အမှန်ရှိသလို အမှားတွေလည်း အများကြီးရှိပါတယ်။ google နဲ့ရှာလို့ထွက်လာတဲ့ result တွေထဲမှာလည်း ထင်တာတွေ လျှောက်ရေးထားတာတွေပါသလို၊ အသက် 5နှစ် 10နှစ်အရွယ်ကလေးတစ်ယောက်ရေးထားတဲ့ အချက်အလက်တွေလည်း ပါမှာပါပဲ။ ဘယ်သတင်းယုံရမလဲ ဆိုတာတော့ ကိုယ့်ဘာသာ ရှာဖွေဖတ်ရှူပြီး ကိုယ့်ဦးနှောက်နဲ့ ကိုယ်ယုံမှပဲ ဖြစ်မှာပါ။ နာမည်ကြီး Hoaxes တော်တော်များများကတော့ http://www.snopes.com လိုဆိုဒ်မျိုးမှာရှိတတ်ပါတယ်။ သူ့မှာက Rating key လေးတွေထားပေးပြီး၊ မှန်တယ်၊ မှားတယ်၊ အမှန်များတယ်၊ မဆုံးဖြတ်ရသေး၊ မခွဲခြားနိုင်သေး စသဖြင့် ထားထားပြီး၊ ကိုယ်သိချင်တာ Hoax ဟုတ်မဟုတ် ကြည့်နိုင်ပါတယ်။ Hoax တွေမှာလည်း အမျိုးအစားပေါင်းများစွာ ရှိပါတယ်။ ဆေးပညာနဲ့ဆိုင်တာ၊ ကျန်းမာရေးနဲ့ဆိုင်တာ၊ computer virus တွေနဲ့ ဆိုင်တာကနေ အချစ်အကြောင်းအထိ ရှိပါတယ်။ http://www.hoax-slayer.com, http://www.scamtypes.com တို့ကိုသွားကြည့်မယ်ဆိုရင်လည်း စိတ်ဝင်စားစရာကောင်းတဲ့ Hoax တွေအကြောင်း သိနိုင်ပါတယ်။

တကယ်တော့ Hoax ဆိုတာတွေကလည်း လူတွေရဲ့ ယုံကြည်ချင်စိတ်အပေါ် အခြေခံပြီး ဖြစ်ပေါ်လာတာပါ။ လူ့သဘာဝကိုက ယုံကြည်ချင်တတ်ပါတယ်။ များသောအားဖြင့် တခုခုသိလိုက်ရင် ဟုတ်မှာပါဆိုတာကနေ အရင်စတွေးဖြစ်ကြပါတယ်။ အဲဒီစိတ်ကို ခုတုံးလုပ်ပြီး Hoax တွေက အောင်မြင်မှုရလာတာပါပဲ။ Forwarded နဲ့ လာတဲ့ မေးလ်တိုင်းကိုလည်း အရမ်းကာရော ယုံကြည်လို့မဖြစ်ပါဘူး။ ဘာလာလာ မယုံဘူးဆိုလို့လည်း မဖြစ်ပါဘူး။ ကိုယ့်ဘာသာ စဉ်းစားဆုံးဖြတ်ရမှာပါ။

အားလုံး Hoaxes များနဲ့ ပျော်ရွှင်နိုင်ပါစေ။

3 thoughts on “Hoaxes

  1. ကြည့်ရတာ အဖြူရောင်သံစဉ် ချက်ရွန်းထဲက ဟိုလိုလိုဒီလိုလို ဆိုတဲ့ အကောင့်နဲ့ ၀င်တဲ့သူလား မသိဘူး …။ ရောက်ပါ၏ ဘယ်မှာရေးရမှန်းမသိ၍ ဒီနေရာတွင်ရေး လိုက်၏ 😛

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s