ခုတလော

ညနေကီနန်းညီက တက်ဂ်ထားလိုက်မယ်တဲ့။ တခါမှတော့ တက်ဂ်တာကို မရေးဖြစ်တော့လေ လန့်သွားသေးတယ်။ ကြည့်လိုက်တော့.. ခုတလောဆိုတော့ ခေါင်းထဲရှိတာတွေ ရေးလိုက်ပြန်ရော။ ဖတ်ကြည့်ပါဦး။

တွေးနေမိတာက

  • စာတွေမရတဲ့အကြောင်း
  • အကသင်ချင်တဲ့အကြောင်း
  • စာရေးချင်တဲ့အကြောင်း

ကိုယ့်ကိုယ်ကိုပြန်ဆင်ခြင်မိတာက

  • သိပ်ဘ၀င်မြင့်ပြီး သိပ်တော်ချင်ယောင်ဆောင်တာပဲ

ကျန်းမာရေး

ဘယ်နေရာက ချူချာနေမှန်းမသိ

ကျားကိုးစီးစားမကုန်တဲ့ ဒီဇိုင်းပေမယ့်……….

  • သွေးလှူမယ်ဆို ဟေမိုဂလိုဗင် မပြည့်ပြန်တာနဲ့
  • မျက်လုံးကကိုက်တာနဲ့
  • ချောင်းကဆိုးတာနဲ့
  • မနက်ညတရွှတ်ရွှတ်တရှက်ရှက်ဖြစ်ရတာနဲ့
  • ဇွန်၊ ဇူလိုင်ဆို ဒီလိုပဲ။

ဖတ်ဖြစ်တဲ့စာအုပ်တွေက

  • ဖိုးကျော့ (အင်……ထုံးစံအတိုင်း စာအုပ်နာမည်မေ့ပြီ)
  • ကြည်အေးရဲ့ ကြည်အေးကဗျာများ
  • စိတ်ကူးချိုချိုစာပေကထုတ်တဲ့ မြန်မာဝတ္ထုတိုများစုစည်းမှု

ရောက်နေဖြစ်တာက

  • အင်း ……. ငါလည်း အိပ်ရာထဲပဲ။

ရေးဖြစ်နေတာက

  • တပိုင်းတစ ကဗျာတွေ

နားထောင်ဖြစ်နေတာက

  • ခွင့်လွှတ်ပေးရမယ်ပေါ့
  • မှန်အိမ်လေး
  • ဗင်းဆင့်ဗန်ဂိုးတမ်းချင်း
  • အခါလွန်မိုး

ရွတ်နေမိတဲ့ကဗျာက

‘ခဲဖျက်’ ဆိုတာကလည်း ငယ်တုန်းပဲ အသုံးဝင်တာ
‘မသေချာဘူး’ ဆိုတဲ့လူတွေကို ပြုံးပြုံးကြည့်ရင်း
မျက်နှာကြောတွေ တင်းလာလိုက်တာ

(မနော်ဟရီ)

ဖြစ်ချင်နေတာက

  • အိန်ဂျယ်

စားဖြစ်နေတတ်တာက

  • မုန့်ပေါင်း

သနားနေမိတာက

  • သူများအဖွဲ့နဲ့ အလုပ်ပေါင်းလုပ်နေရတဲ့ ငါတို့လေးယောက်

လွမ်းနေမိတာက

  • မော်လမြိုင်မြို့

မေ့လျော့ပစ်နေမိတာက

  • စာမေးပွဲနီးနေပြီဆိုတာကို

ခါးသက်နေမိတာက

  • ColdFusion Coding ဖတ်ရတာ နဲ့ Documentation ရေးရတာ

တမ်းတနေမိတာက

  • တောင်တက်ခဲ့တုန်းက အချိန်တွေ

ကြိတ်ပြီးချီးကျူးနေမိတာက

  • နေသန်

ကြိတ်ပြီးအထင်သေးနေမိတာက

  • နေသန်

ဆန္ဒမရှိတဲ့နေရာ

  • စာသင်ခန်း

ဆန္ဒရှိနေတဲ့ကိစ္စ

  • အလုပ်မသွားဘဲ အေးအေးဆေးဆေး စာဖတ်လိုက်၊ အိပ်လိုက်
  • တောင်တက်ချင်တာ

မုန်းတီးနေမိတာက

  • ထူလွန်းတဲ့ အပျင်း
  • ကျောက်ခဲဦးနှောက်

ချစ်နေတာက

  • ငါ့ကိုယ်ငါ

စိတ်ပျက်နေမိတာက

  • ဗူးသီးကို ဗူးသီးမှန်းသိရက်နဲ့ ဖရုံသီးပါလို့ ယုံချင်နေတဲ့အသုံးမကျမှု

စွဲလမ်းနေမိတာ

  • Lucky Seven က ကျဆိမ့်

လိုအပ်နေတာက

  • ထိန်းချုပ်မှု

တောင်းနေမိတဲ့ဆု

  • အမှန်ကိုအမှန်လို့မြင်နိုင်ပါစေ။

ထပ်ပြန်တလဲလဲအော်ဟစ်မိနေတာက

  • ဘ၀ပဲ။ ဘ၀ပဲ။ ဘ၀ပဲ။

ဝန်ခံချင်တာက

  • မယုံမရှိနဲ့ တကယ့်ကို ဟိုလိုလိုဒီလိုလိုပါ။

3 thoughts on “ခုတလော

  1. မှန်အိမ်လေးတဲ့ တူတယ်..း) အယ်နောင်းနှင့် ကိုအောင်ရဲ့ မှန်အိမ်လေး ဟုတ်လား..

    ‘ခဲဖျက်’ ဆိုတာကလည်း ငယ်တုန်းပဲ အသုံးဝင်တာ ..း)
    ဟုတ်တယ် ခုကျတော့ Backspace Key နဲ့ Delete Key

  2. နင်နဲ့ငါတော့တူနေပြီ အကသင်ချင်တာနဲ့ တော်ချင်ယောင်ဆောင်တာနဲ့ ပျင်းတာနဲ့ အရေးကြီးဆုံးက ငါလည်းအမှန်ကိုမြင်နိုင်ရမယ် ဟုတ်တယ် ကျေးဇူးပဲကွ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s