Bigbag Telepunk

BigBag ရဲ့ Telepunk

1.  telepunk
2.  လက်ခံထားဆဲ
3.  cancer
4.  ခွင့်လွှတ်ပေးရမယ်ပေါ့
5.  ကြုံရင်ပြောပေးပါ
6.  ခုနစ်လွှာ
7.  ၂ကဒ်ထဲပါသောရုပ်ရှင်
8.  ဟိုလိုဒီလို
9.  bluetooth
10. see green
11. ကျွန်ုပ်၏ အခြားတ၀က်
12. မေ့ထားလိုက်
13. သီချင်း(၂)
14. မသိမရှိ

နားထောင်ပြီးလောက်ကြပါပြီနော့။ ဘယ်လိုနေတုန်း။ နည်းနည်းပါးပါးပြောကြည့်ရအောင်လေ။
ကျွန်မကတော့ ခုတလော ဒီခွေပဲ ဆက်တိုက်နားထောင်ဖြစ်နေတယ်။ အကြိုက်ဆုံးနှစ်ပုဒ်ရှိတယ်။

ခဏခဏ ဒဏ်ရာရလာတော့.. တခါတခါ အသက်ရှူတိုင်း ရင်ဘတ်ထဲက အောင့်အောင့်လာ။ ကြာကြာခံပါတော့မလား။……………………..။
ရော့ အသဲနှလုံး နင်ယူပါတော့… အမှတ်တရ နင်နံရံမှာ ချိတ်ထားပေါ့။ တဘ၀လုံးအတွက် ၀ဋ်ကြွေးတွေကျေပါတော့…။
ဆိုတဲ့ cancer ရယ်။

မထင်မှတ်ဘဲ ဖြစ်တယ်ပေါ့။ နင်ထွက်သွားတော့မယ်ပေါ့။ ခွင့်လွှတ်ပေးရမယ်ပေါ့။ မဖြစ်နိုင်တော့လို့ပါပေါ့။ ……………………….ယုတ္တိလုံးဝမရှိဘူး။ ဘာကိုမှ မသိချင်ဘူး။ ခြုံခိုမတိုက်ခိုက်ပါနဲ့။ ငါဟာ ကျရှုံးနေပြီ။ ……… ဆိုတဲ့ ခွင့်လွှတ်ပေးရမယ်ပေါ့ ရယ်။

မိုးထက်သီချင်းဖြစ်တဲ့ ကြုံရင်ပြောပေးပါ ကလည်း ပုံစံနည်းနည်းပြောင်းပြီး ပိုနားထောင်လို့ကောင်းနေပါတယ်။
telepunk, bluetooth, ခုနစ်လွှာတို့ကလည်း မိုက်တယ်။  ကျွန်ုပ်၏အခြားတ၀က်ကတော့ သူ့မိန်းမအကြောင်းရေးထားတာပါ။

ခြုံပြောရရင်တော့ တခွေလုံးကြိုက်ပါတယ်။  ကဲ.. ဘယ်လိုလဲ။ နားထောင်ပြီးရင်လည်း ဘယ်သီချင်းလေးတွေ ကြိုက်သလဲ ပြောကြပါဦး။ နားမထောင်ရသေးရင်လည်း ၀ယ်နားထောင်ပေါ့။ ၀ယ်မရတဲ့နေရာမှာဆိုလည်း download လုပ်လို့ရပါတယ်လေ။ နားထောင်လိုက်ပါဦးနော့။

3 thoughts on “Bigbag Telepunk

  1. ခွင့်လွှတ်ပေးရမယ်ပေါ့ဆိုတဲ့သီချင်းရှာရင်းရောက်လာတာ လက်စသတ်တော့ မနေ.က အစ်မကြီးကိုးးးးးးးးးးးးး )

  2. တစ်ခွေလုံးကြိုက်တယ်။bluetooth နဲ့  ခွင့်လွှတ်ပေးရမယ်ပေါ့
    ကမိုက်တယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s