အေးအေးဆေးဆေးလမ်း

ပြီးခဲ့တဲ့တပတ်က ခိုင်မြဲကျော်စွာ ရဲ့ အေးအေးဆေးဆေးလမ်း ဆိုတဲ့ကဗျာစာအုပ်လေးဖတ်ဖြစ်တယ်။ လစဉ်ထုတ်မဂ္ဂဇင်းတွေမှာ ပါထားတဲ့ ကဗျာတွေကို ပြန်စုထားတဲ့စာအုပ် ဖြစ်ပါတယ်။ ကဗျာပေါင်း ၅၂ ပုဒ်ပါပါတယ်။

အကြိုက်ဆုံးတစ်ပုဒ်ကို မျှဝေလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။

*****************************************************

အထီးကျန်ခြင်း


ကိုယ်ကျင့်တရားမှာ ချွေးတစိုစို

ငါ့ကိုယ်ငါ အရမ်းစိတ်ပူတယ်

အစွန်းရောက်အာရုံကို အဖုံးဖုံး

ငါဟာ သူတော်စင်လို မျက်လုံးအောက်စိုက်လမ်းလျှောက်လို့

တကယ်တော့ စိတ်များလွန်းတဲ့ ပုရွက်ဆိတ်တစ်ကောင်

ခေါင်းကို ဆတ်ခနဲ ဆတ်ခနဲ လွှဲရ

ကိုယ့်ကိုယ်ကို အမြဲအာပတ်ဖြေနေရတဲ့လူပါ

ငါဝတ်လက်စ ဂျင်းဘောင်းဘီ

ဒီရာသီအကုန် တန်းပေါ်ပစ်တင်ထားလိုက်တော့မယ်ဆိုလည်း

ရန်ပွဲတွေ့ရင် သွေးက၀င်ရိုက်ခွဲချင်တုန်းပဲ

ဝရန်တာပန်းအိုးထဲက မြေလို

လူငယ်စိတ်လို့ အော်ပြောနေတဲ့ အရုပ်တွေကြည့်ရင်း

ဆံပင်ရှည်ပြန်ထားချင်တယ်

ဆောင့်ဆွဲနေရတဲံ အရာတွေများလွန်းလို့

လက်ထဲကခွက်မှာ သံချေးတက်တက်လာ

လက်ဆစ်တဖျောက်ဖျောက်ချိုးရင်း

အပိုးမကျိုး ဘာမကျိုး

တောက်ထုတ်ပစ်ပြီးသား အဲသည်ဘ၀မျိုး သတိရတယ်

ငါ ဘယ်လို အယောင်ဆောင်ဆောင်

ငန်ကျိကျိလမ်းမပေါ်

အင်္ကျီကော်လံ ထောင်ထားချင်တုန်းပဲ။    ။

ခိုင်မြဲကျော်စွာ

4 thoughts on “အေးအေးဆေးဆေးလမ်း

  1. လက်ဆစ်တဖျောက်ဖျောက်ချိုးရင်း
    အပိုးမကျိုး ဘာမကျိုး
    တောက်ထုတ်ပစ်ပြီးသား အဲသည်ဘ၀မျိုး သတိရတယ်
    ငါ ဘယ်လို အယောင်ဆောင်ဆောင်
    ငန်ကျိကျိလမ်းမပေါ်
    အင်္ကျီကော်လံ ထောင်ထားချင်တုန်းပဲ။ ။

    မိုက်သဗျ.. နော

  2. ငန်ကျိကျိ လမ်းမပေါ်က ကော်လံကို ပဲလာထောင် သွားပါတယ်
    အသစ်လည်းမတင်ဘူး ညစ်ပတ်တယ်

  3. တတိယမြို့ သူလေးဖြစ်တာရယ်။ စာပေ၀ါသနာပါတာရယ်။ ကျစ်ဆံမြီးကိုဖြုတ်ပစ်တာရယ်ကြောင့် စိတ်ဝင်စားသွားပါတယ်။ အရိုးကိစ္စကြောင့်ရောက်လာဖြစ်တာပါ။ ကျန်းမာပါစေ။ မကြာခဏလာလည် ပါဦးမယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s