Why and How ???

Shared joy is double job and Shared sorrow is half sorrow. စကြားဖူးကတည်းက ဒီစကားလေးကို လက်ခံခဲ့ပါတယ်။ ကျွန်မလည်း ကျွန်မချစ်တဲ့သူတွေနဲ့ အတူတူ ပျော်စရာတွေ၊ ၀မ်းနည်းစရာတွေ မျှဝေခဲ့ဖူးပါတယ်။

ငယ်ငယ်ကတည်းက ကျွန်မက အပေါင်းအသင်း သိပ်မင်ပါတယ်။ ကျွန်မရဲ့ ပုံစံကိုက ပေါ့ပေါ့ပါးပါးနဲ့ စလိုက်နောက်လိုက် ဖြစ်တဲ့အတွက်ကြောင့်ပဲလား။ ခဏခဏလည်း သူငယ်ချင်းအသစ်တွေရခဲ့ပါတယ်။ ကျွန်မကို ဂရုစိုက်တဲ့ သူငယ်ချင်းတွေရော၊ ကျွန်မက ချစ်ရတဲ့သူငယ်ချင်းတွေရော၊ အမျိုးစုံပါပဲ။ သူတို့ရဲ့ တိုင်ပင်သံ၊ ရင်ဖွင့်သံ၊ တွေကိုလည်း အခါခါကြားခဲ့ဖူးပါတယ်။ သူတို့ရဲ့ အပျော်တွေကို ကျွန်မ လှိုက်လှိုက်လှဲလှဲ ၀မ်းသာခဲ့သလို၊ ၀မ်းနည်းစရာတွေကိုလည်း ရင်ထဲကနေ ခံစားပေးပါတယ်။ ဒါပေမယ့် …

ကျွန်မမှာ မျှဝေခံစားပေးခြင်း ဆိုတာသာ ရှိတာပါ။ အကြံဥာဏ်ပေးခြင်းဆိုတဲ့ အရည်အချင်းက လုံးဝကို ချို့တဲ့နေပါတယ်။ သူတို့တွေ ကျွန်မကို တခုခုလာပြောပြမယ်။ ကျွန်မနားသာထောင်ပေးနိုင်တာပါ။ ကျွန်မအမြင်ဆိုတာထွက်လာဖို့ ခဲယဉ်းပါတယ်။ အဲဒီတော့ ဘာဖြစ်လာလဲ။ သူတို့ကိစ္စတွေကို ကျွန်မစိတ်မ၀င်စားဘူးလို့ သူတို့ခံစားမိလာတာပေါ့။ ကျွန်မအချစ်ဆုံးသူငယ်ချင်းကဆို ကျွန်မကို ဒီလိုလေး ပြောဖူးပါတယ်။ “နင်က ကိုယ်မခံစားဖူးရင် နားမလည်ပေးတတ်ဘူး” တဲ့။ ဘာဖြစ်လို့များ ကျွန်မအဲဒီလိုဖြစ်ရတာပါလဲ။ အဖြေက ဒီလိုများဖြစ်မလား။ ကျွန်မကိုယ်တိုင်ကိုယ်က လုပ်ချင်တာတော်တော်များများကို သူများဘာပြောပြော ကိုယ်လုပ်ချင်တာသာ လုပ်ခဲ့တာများတာကိုး။ တိုင်ပင်တယ် ဆိုတာနည်းပြီး၊ အသိပေးတာက များပါတယ်။ နောက် ကျွန်မရဲ့အမြင်တွေကလည်း ချော်တော်တော်တွေသာ များပါတယ်။ အဲဒီတော့ ကိုယ်လုပ်ရင်သာ ကိုယ်ခံမယ်။ တခြားသူကိုတော့ မဖြစ်စေချင်ဘူးလေ။ အဲဒါကြောင့်များလား။

ကျွန်မသူငယ်ချင်းတွေအတွက် ကျွန်မဘာအထောက်အကူမှ မပေးနိုင်ရင်တောင် သူတို့လိုအပ်တဲ့အချိန်မှာ ကျွန်မလက်ကိုင်ပ၀ါတစ်ထည်၊ ပုခုံးတစ်ဖက်၊ ဟစ်တိုင်တစ်တိုင် တကယ်ကို ဖြစ်ချင်တာပါ။

ကျွန်မဘက်ကကြည့်ရင်ရော။ ကျွန်မက ခံစားချက်တော်တော်များများကို သိုဝှက်မထားတာများပါတယ်။ ကျွန်မရင်ထဲရှိသမျှ ထုတ်ပြောလိုက်ရမှ ဆိုတာမျိုးပါ။ စိတ်အခတ်မသင့်တဲ့ အခါမျိုးတွေမှာလည်း ပွစိပွစိနဲ့ ပြောပြနေတတ်ပါတယ်။ ဒါပေမယ့် တကယ့်ကို နက်နက်နဲနဲစိတ်ညစ်စရာတွေကိုတော့ ကျွန်မကိုယ်တိုင်မေ့ထားချင်တတ်ပါတယ်။ တချို့တချို့ကိစ္စတွေက ကိုယ်လုပ်လို့မရပါဘူး။ သူ့ဘာသာပြောင်းလဲမှ ဖြစ်လာတာမျိုးပါ။ ဘယ်သူမှကူလို့မတတ်နိုင်ပါဘူး။ ဒီတော့ ဘယ်သူမှ စိတ်မရှုပ်ရလေအောင် အဲဒါမျိုးဆိုရင် ဘယ်သူ့မှ မပြောချင်တော့ပါဘူး။ shared sorrow ဆိုတာကို ကျွန်မ မကျင့်သုံးနိုင်တာများလား။ တခါတလေ ကျွန်မခံစားချက်ကို ကျွန်မကိုယ်တိုင်နားမလည်ပါဘူး။

တကယ်ကို အေးစက်စက်ဖြစ်နေတာလား။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s