ကမ္ဘာဟာ လုံးဝန်းတဲ့အ၀ိုင်းကြီးဖြစ်သတဲ့ သံသရာကိုလည်း သံသရာစက်ဝန်းလို့ပြောစမှတ်ပြုကြလေရဲ့ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိသတဲ့ မေတ္တာဆိုတာ အသွားအပြန်နဲ့ဆိုပဲ ၀ဋ်ဆိုတာလည်း လည်တတ်တဲ့သဘော အတုံ့အလှည့်.. အသွားအပြန်စသဖြင့်.. စသဖြင့် အ၀ိုင်းသံသရာ… ဒီဂရီစောင်းပြီးလည်နေတဲ့အပေါ်မှာ ငါတို့ရဲ့အတွေးတွေလည်း စောင်းစောင်းပြီးလည်နေတတ်တယ် ၀ိုင်းဝိုင်းကြီး ၀ိုင်းဝိုင်းကြီးနဲ့ အဲဒီ ၀ိုင်းဝိုင်းကြီးကိုပဲ လိုက်တမ်းပြေးတမ်းကစားနေရော အပြန်အလှန် အပေးအယူအပြင်.. အ၀ိုင်းသံသရာမှာ လက်ဆင့်ကမ်းတယ်ဆိုတာပါ.. ပုန်းပုန်းနေတယ် .. ပိုပိုလာတယ်.. ဒီဘက်ရဲ့ခံစားချက်ကို ဟိုဘက်ရောက်မှ နားလည်တယ် ဒီနာကျင်မှုကို ဟိုဘက်ကိုဆွဲရွှေ့တယ် ဒီလိုကုသမှုမျိုး တမ်းတမ်းစွဲ မက်မောတယ် ဟိုအထီးကျန်မှုကို ကိုယ်ပိုင်ကိုယ်ဆိုင်လုပ်ပစ်တယ် ဟိုဘက်ကြီးကျယ်မှုနဲ့ ကိုယ်ရောင်ကိုယ်ဝါတောက်ချင်တယ် စသဖြင့် စသဖြင့် … အ၀ိုင်းသံသရာ…
Archive for the ‘thoughts’ Category
ဖျတ်ခနဲ စာရွက်တရွက်လှန်လိုက်သလို တစ်နှစ်တဲ့.. တိုတောင်းလွန်းတာလား ရှည်လျားလွန်းတာလား သက်ဆိုင်သူ ကာယကံရှင်အသီးသီးနဲ့သာ.. မနှစ်ကလည်း ဒီလိုမီးတွေရောင်စုံ ဒီနှစ်လည်း ခုလိုမီးတွေပုံစံစုံ အရာရာက နေသားတကျ.. ရင့်ကျက်လာရမယ့် စိတ်ကူးတွေ တည်ငြိမ်လာရမယ့် ဘ၀တကွေ့ တခါတလေ ပစ်ချထားခဲ့တယ်.. ၁လ.. ၂လ.. ၃လ.. နောက် ၆လ.. ခု.. ၁နှစ်.. တဲ့.. ဆက်၍.. ဆက်၍.. ဆက်၍..
လူဆိုတာ တစ်ဦးတစ်ယောက်တည်း နေတဲ့ သတ္တ၀ါမဟုတ်ဘဲ အဖွဲ့အစည်း၊ အစုအဝေးနဲ့ နေတတ်တဲ့ အမျိုးအစား ဖြစ်တယ်လို့ဆိုကြတယ်။ ဒါကြောင့်လည်း လူ့အဖွဲ့အစည်း ဆိုတဲ့စကားလုံး ပေါ်လာတာ ဖြစ်ကောင်းပါတယ်။ အောင်မြင်မှုနဲ့ ကြုံတဲ့အခါ ကိုယ့်အောင်မြင်မှုကို တခြားသူတွေဆီက အသိအမှတ်ပြုခံချင်ကြတယ်။ ရှုံးနိမ့်မှု အခက်အခဲနဲ့ တွေ့ရင်လည်း နှစ်သိမ့်မှုကို လိုချင်ကြတယ် လို့ဆိုကြတယ်။ ဒါကြောင့် အောင်မြင်မှုကို ဝေမျှကြတယ်။ နာကျင်မှုကို ညည်းတွားရေရွတ်ကြတယ်။ အပြန်အလှန်မှီခိုရင်း ရှင်သန်နေထိုင်ကြတာကိုက လူပီသတဲ့ လူ့သဘာဝလို့ ဆိုလေမလား။ ခံစားချက်တွေကို ဝေမျှခံစားပေးတဲ့ပုံစံ၊ ခံစားချက်ကို ထုတ်ဖော်တတ်တဲ့ပုံစံတွေကတော့ လူတစ်ယောက်နဲ့ တစ်ယောက် မတူဘဲ ကွဲပြားကြမှာပါ။ တပါးသူခံစားချက်ကို ဝေမျှခံစားပေးတဲ့ကိစ္စကို အသာထားပြီး၊ ကိုယ့်ခံစားချက်ကို ထုတ်ဖော်ပြတတ်တဲ့ပုံစံတွေကိုပဲ ကြည့်ရအောင်။ အကြမ်းအားဖြင့် (၃)မျိုးခွဲပြီး မြင်ကြည့်လို့ရမှာပါ။ နံပါတ်(၁) ၀မ်းသာရင်လည်း ၀မ်းသာကြောင်းပြတတ်ပြီး၊ [...]
ဖတ်ရှုခြင်း၊ လေ့လာခြင်း၊ နားထောင်ခြင်းနှင့် လက်ခံခြင်း
Posted: August 15, 2010 in thoughtsTags: Reading, Seminar
ခဏခဏ ပြောဖူးသလိုပါပဲ၊ ခုနောက်ပိုင်း စာအုပ်တွေလည်း သိပ်မ၀ယ်ဖြစ်ဘူး။ တလတလ အသုံးစရိတ်ထဲကနေ စာအုပ်ဖိုးကို မဖယ်ထားဖြစ်ဘူး ဆိုရင် ပိုမှန်မလား။ သုံးစရာတွေက ဟိုနားတခု ဒီနားတစနဲ့ များများလာနေလို့ စာအုပ်ဝယ်ဖို့ဆိုတာ စိတ်ကူးထဲကနေ လက်တွေ့ဖြစ်လာဖို့ ခဲယဉ်းနေတယ်။ တခါတလေတော့လည်း တွေးမိသား။ အကြိုက်လုံးဝတူတဲ့ စာအုပ်ဝယ်တတ်တဲ့ သူငယ်ချင်းရှိရင် ကောင်းမှာလို့။ သူဝယ်တဲ့စာအုပ် ကိုယ်ဝယ်တဲ့စာအုပ်နဲ့ဆို ပိုဖတ်ဖြစ်မလားဆိုပြီး။ တွေးသာတွေးတာပါ တကယ်ကတော့ ၀ယ်ဖြစ်ခဲ့ရင်လည်း အရင်လို တခါတည်း ဖတ်ဖြစ်တာ ရှားလာတာပါပဲ။ အမြည်းလောက်အရင်ဖတ်။ နောက်မှ အေးအေးဆေးဆေးဖတ်မယ် ဆိုပြီးပဲ ထားဖြစ်လာတယ်။ ညဘက် စာဖတ်တတ်တဲ့အကျင့်ကလည်း ၁၀မိနစ်စာလောက်ပဲ ကျန်တော့သလားမသိပါဘူး။ အိပ်ပျော်သွားတာသာ များတယ်။ Blogတွေကလည်း ဟိုကျော် ဒီလွှားရတာကြောင့်ရော၊ ဘာရော၊ ညာရောကြောင့် လည်ဖြစ်တာ လျော့သွားတယ်။ ငွေကြောင့်ရော၊ အချိန်ကြောင့်ရော၊ [...]
မပြောဘူး မပြောဘူးနဲ့ ခင်ဗျား ပိုဆိုးဆိုးလာတယ်။ မွေးကတည်းက လည်ပင်းဖက်ကြီးလာမှတော ခင်ဗျားမရှိရင် မနေတတ်တော့တာ ခုမှ ကျူပ်ကို အပြစ်မပြောနဲ့။ လက်ပွန်းတတီးနေလာရာက ခင်ဗျား နည်းနည်း နည်းနည်း ခွာလာတာ ကျူပ် တတ်နိုင်သလောက် သည်းခံတယ်။ မရှိရင် မဖြစ်ပါဘူးဆိုမှ အပျောက်ရိုက်ရိုက်သွားတာတော့ ခင်ဗျား မလွန်လွန်းဘူးလား။ ခင်ဗျားမလည်း မနိုင်ဝန်ထမ်းနေရတယ်မပြောနဲ့ နိုင်သလောက်ပဲ ထမ်းဖို့က ခင်ဗျားတာဝန်။ ကျုပ်ဖန်တီးမယ့် စိတ်ကူးအသစ်ကျပ်ချွတ်တွေက ခင်ဗျားရှိမှ အကောင်အထည်ပေါ်လာမှာ။ ကျုပ်ရှေ့တိုးမယ့် လမ်းဖောက်ဖို့လည်း ခင်ဗျားအကူအညီလိုသေးတယ်။ မပြောဘူး မပြောဘူးနဲ့ ခင်ဗျားပိုပို ဆိုးမလာနဲ့။ မိုးလင်းလို့ မျက်လုံးမဖွင့်ခင် မီးခိုးနံ့ရှူရရင် ခင်ဗျားကိုပဲ စိတ်တိုတယ်။ ရေချိုးခန်းထဲ ရောက်လို့မှ ရေနည်းနေတာကို မုန်းတယ်။ လျှော်စရာ အ၀တ်တွေပုံပုံလာတာလည်း ခင်ဗျားနဲ့ ပတ်သက်တာပဲ။ လမ်းပေါ်မှာ ဆူညံနေတဲ့ [...]
‘Give me a theme’, the little poet cried, ‘And I will do my part.’ ‘This is not a theme you need’, the world replied, ‘You need a heart.’ အထက်ပါစကားစုကလေးက အင်္ဂလိပ်ကဗျာဆရာ R.W.Gilder ပြောခဲ့တာပါတဲ့။ ကျွန်မကတော့ မောင်သာချိုရဲ့စာအုပ်တစ်အုပ်ကတဆင့် ဖတ်မိ မှတ်မိထားတာပါ။ ကဗျာတစ်ပုဒ်အတွက် လိုအပ်တာက အချက်အလက် အကြောင်းအရာ တခုခု မဟုတ်ဘဲ ခံစားတတ်တဲ့နှလုံးသားပေါ့နော။ ဟုတ်မှာပါ။ အချက်အလက်ရှိနေရုံ၊ ကဗျာရေးနည်းလေး သိနေရုံ၊ ကာရံလေးမိနေရုံနဲ့ အလွယ်တကူ ကဗျာတစ်ပုဒ်တော့ ဖြစ်မလာလောက်ပါဘူး။ ပြောသာပြောရတာပါ။ ကျွန်မလည်း ကဗျာဆိုတာ ဘာလဲမသိပါဘူး။ [...]
ခုရက်ပိုင်း ဘယ်အချိန်အိပ်အိပ် အကြောင်းအရာတစ်ခုထဲကိုပဲ အိမ်မက်မက်နေတယ်။ ပုံစံတူတော့မဟုတ်ဘူး။ ဒီအကြောင်းအရာတခုတည်းလို့ပဲ ပြောရမယ်။ ရက်ဆက်ကို မက်နေတော့တာ။ အိမ်မက်ထဲမှာ ကျွန်မတို့တွေ အုပ်စုလိုက်ကြီး တောင်တွေပေါ် ပျော်ပျော်ရွှင်ရွှင် လျှောက်တက်နေကြတုန်း။ အေးစက်စက် ချောကျိကျိဂူတွေထဲလည်း အကြောက်အလန့်မရှိ ဖယောင်းမီးအားကိုးနဲ့ တိုးဝင်နေကြတုန်း။ ဆရာမတွေရဲ့ အဆူအပူခံနေရတုန်း။ ဂစ်တာသံဂဒေါင်ဂတင်နဲ့ သီချင်းတွေ သံပြိုင်ဆိုကြတုန်း။ ကျွန်မကလည်း ကျစ်ဆံမြီးရှည်ရှည်တစ်ခု ပိုင်ဆိုင်ထားတုန်း။ နောက်.. သူလည်း ကြည်ကြည်လင်လင် ပြုံးတတ်တုန်း။ ကျွန်မသူငယ်ချင်းတွေကို အိမ်မက်အကြောင်းပြောပြပြီး သူတို့ရော မက်ကြလား မေးမိတော့။ တခါမှမမက်ကြောင်း ရယ်ရယ်မောမောနဲ့ ပြောကြပြန်ရော။ ကျွန်မ လေးလေးနက်နက်ပြောပြပြန်တော့ နင့်ကို ခုလိုဖြစ်လာအောင် သူတမင် ကြံစည်သွားတာတဲ့။ ပက်ပင်းရင်ဆိုင်ရတုန်းကတောင် တည်တည်ငြိမ်ငြိမ် ပြတ်ပြတ်သားသား ရင်ဆိုင်နိုင်ခဲ့လို့ အားလုံးက အသည်းမာတယ်လို့ အံ့သြခဲ့ရပြီး ခုကျမှ အတွေးတွေ [...]
ဒီတပတ်တော့ မင်းလူ ၀တ္ထုတွေ ပြန်ဖတ်ဖြစ်တယ်။ ခိုးခိုးခစ်ခစ်၊ သူတို့ပျော်ကြလေပြီ၊ ကန္တ၀င်အိမ်မက်၊ နောက်.. ချီးကျူးရမလား၊ ရှုတ်ချရမလား၊ အားပဲကျရမလား၊ အဲဒီလိုစရိုက်နဲ့ ဥာဏ်ကောင်းကောင်း အကွက်မြင်မြင် စိန်ကြောင်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်အကြောင်းရေးထားတဲ့ သူငယ်ချင်းတစ်ယောက်အကြောင်း။ သူငယ်ချင်းတစ်ယောက်အကြောင်း ထဲကမှ စိန်ကြောင်ကို သူ့အဖေပြောတဲ့စကားလေး…. “ကိုယ်က တစ်ကျပ်တန်ပစ္စည်းကို ငါးမတ်နဲ့ရောင်းပြီး အမြတ်ယူတာမျိုး ငါလက်ခံနိုင်တယ်၊ တစ်ကျပ်တန်ပစ္စည်းကို တစ်မတ်အမြတ်ယူပါတယ်ဆိုပြီး တကယ်တမ်းကျတော့ သုံးမတ်တန်ပဲ ပေးတာမျိုးကျတော့ အမြတ်ကြီးစားတာကွ” (စာမျက်နှာ ၁၉၆။ သူငယ်ချင်းတစ်ယောက်အကြောင်း။ မင်းလူ) ဒီနေ့လို ခေတ်ကြီးထဲမှာ တစ်ကျပ်တန်ပစ္စည်းကို တစ်ကျပ်နဲ့ရဖို့ အင်မတန်ခဲယဉ်းမှာ သေချာပါတယ်။ လိုချင်တာက တစ်ကျပ်တန် အရည်အသွေး ရလိုက်တာက တမတ်ပဲတန်တဲ့ အရည်အသွေး။ အဲဒီလိုမျိုးတွေ လူအတော်များများတွေ့ကြုံဖူးမှာပါ။ ကျွန်မအနေနဲ့ လိုချင်တဲ့ပစ္စည်းတစ်ခု ဆိုပါတော့.. ကျွန်မ တစ်ကျပ်တန်တဲ့ [...]
အလွန်အမင်း ပူပြင်းခြောက်သွေ့လျက် အေးအောင်လုပ်ပေးနိုင်သည်ဆိုသော ကိရိယာပင်လျှင် လျှပ်စစ်မီးချို့ယွင်းချက်ကြောင့် အေးမြခြင်းငှာ မစွမ်းဆောင်နိုင်သော အနှီတခုသော နေ့လယ်ခင်းတစ်ခုတွင် အကျွန်ုပ်သည်လည်း အများသူငါ ကြည့်မြင်ခြင်းငှာ မစွမ်းနိုင်သော ချောင်တစ်ချောင်တွင် ကပ်နိုင်သမျှ ကုတ်ကပ်ထိုင်နေချိန်။ ကျွန်ုပ်၏ရှေ့မှောက်တွင်ကား ကိုးနတ်ရှင် ကြွတချက် မကြွတချက် ဖြစ်လတ္တံ့သော လယ်တောတစ်လုံးချလျက် ဟိုသည်ကို ဆည်းပူးလေ့လာသယောင် ဤသည်ကို စေ့ငုသုံးသပ်သယောင်သော အမှုကိုပြုလျက် ကိုးနတ်ရှင် ကြွလာလို ကြွလာငြား လုပ်ဆောင်ချက်ခလုတ်များစွာထဲမှ ပြန်လည်သစ်ဆန်းမှုခလုတ်တစ်ခုကို တွင်တွင်နှိပ်လျက် ရှိနေတော့ချေသည်တည့်။ အေးဆေးငြိမ်သက်စွာ နေနိုင်ခြင်းဘက်၌ ပါရမီအခံနည်းပါးရှာသော ကျွန်ုပ်သည် စဉ်းငယ်ခန့်မျှသော အချိန်၌ပင် ပျင်းရိငြီးငွေ့လာလျက် မည်သူ့အား နှောင့်ယှက်ရသော် သင့်တော်လေအံ့ဟု ၀ဲယာ ဘေးဘီအား ရှုစားလတ္တံ့လေလျှင်။ မိန့်မိန့်အိန့်အိန့်ကြီး ထိုင်လျက် မွေးမြူရေးလုပ်ငန်း၌ အာရုံဝင်စားနေအံ့သော၊ ထွန်ယက်စိုက်ပျိုးဖြင်းဖြင့် ပျော်မွေ့လျက်ရှိသော၊ မုန့်ဖုတ်ခြင်းလုပ်ငန်းကို တွင်တွင်ကြီး [...]
ဖျတ် ဖျတ် ဖျတ်.. လိုလို ရွှက် ရွှက် ရွှက်.. လိုလို.. အ၀တ်စကိုဆွဲဆန့် တိုက်သွားသံ.. ဟိုအမျိုးသမီးဖြတ်သွားမှန်း မော့မကြည့်ဘဲနဲ့ အတတ်ပြောနိုင်တယ်။ ထမီကို တော်တော်ရှည်ရှည် ၀တ်ထားပြီး၊ ခြေလှမ်းကျဲကျဲနဲ့ လမ်းလျှောက်တိုင်း ထမီခတ်သံ ခပ်ကျယ်ကျယ် ထွက်နေတတ်တဲ့ အဲဒီအမျိုးသမီး။ လမ်းလျှောက်ပုံ မနွဲ့နှောင်းတဲ့အပြင် ရှပ်အကွက် လက်တိုတွေချည်း ၀တ်တတ်တဲ့ သူမကို သတိထားမိခါစက ဒီအမျိုးသမီးနှယ်.. ထမီခတ်သံကျယ်ကျယ်ထွက်နေမယ့်အစား ဂျင်းဘောင်းဘီရှည်နဲ့ဆိုရင် ပိုမကောင်းဘူးလား လို့တွေးမိသေးတယ်။ ဆံပင်ပုံစံကလည်း အရင်ခေတ်က ဂျူးလိယက်ပုံစံဆံပင်လို့ပဲ ပြောရလေမလား၊ နဖူးအလယ်တည့်တည့်ကခွဲထားပြီး ရှေ့နဲ့နောက် တညီတည်း၊ ခပ်ပျော့ပျော့စင်းစင်း။ အမြဲတမ်းလည်း ကျောပိုးအိတ်ခပ်ကြီးကြီးတစ်လုံးလွယ်လျက်သား။ သူမဆံပင်ပုံစံ၊ အ၀တ်အစားနဲ့ အဆင်အပြင်၊ လမ်းလျှောက်ပုံတွေက ဘာမှန်းမသိ တခုခုလွဲချော်နေသလိုလို။ မြင်ရတာ သိပ်အဆင်ပြေပြေတော့ မရှိလှဘူး။ အများတကာထက်ပိုကျယ်နေတဲ့ ထမီခတ်သံကြောင့် [...]