Archive for the ‘special’ Category

စီရင်ချက်

Posted: October 31, 2011 in diary, special

လှည့်မကြည့်ချင်သောအတိတ် မဖြစ်စေပါ။ ထို့အတွက် … နောင်တ ဟုခေါ်တွင်ရန် အကြောင်းမရှိ။ နောက်ပြန်လည်၍ နောင်တစ်ကြိမ်ရွေးချယ်ခွင့် ထိုသို့ရှိလျှင်ပင် .. လျှောက်လှမ်းသောလမ်းကို ပြောင်းလဲရန်အတွေးမရှိ။ ကိုယ်ချင်းစာတရားကို ပြောင်းပြန်အသုံးချခြင်းဖြင့် ကသိကအောင့်ဖြစ်စေမှုများကိုသာ ဝေငှမိလေသည်။ အချစ်ဟူသော ခေါင်းစဉ်တခုတည်၍ ကျဉ်းကျပ်မှုများ၊ မွန်းကျပ်မှုများဖြင့်သာ အနှောင့်အယှက်ပေးမိလေသည်။ ဖြောင့်ဖြူးမှန်ကန်နေသောလမ်းတွင် မလိုအပ်သော မီးအိမ်ထွန်းပေးမှုဖြင့် နှောင့်နှေးဖြုန်းတီးမှုကိုသာဖန်တီးမိလေသည်။ တယူသန်ဆန်စွာ ခေါင်းမာစွာ ဆင်ခြင်တုံတရားကင်းမဲ့စွာ အတ္တကြီးစွာ… ဥာဏ်ရည်နိမ့်ပါးစွာ.. မိမိခံစားမှုကို ဦးစားပေးခဲ့၏။ ထိုထိုသော.. အထိန်းအချုပ်ကင်းမဲ့မှုများအတွက်……….. တသက်တာကာလပတ်လုံး…. ဖွင့်ဟညည်းတွားခြင်းမပြုနိုင်သော ပင်ပန်းမှုကို ထုတ်ဖော်မပြနိုင်သော လူမသိသူမသိ သိမ်ငယ်မှုများဖြင့် ချစ်ခြင်းမခံရသော ထာဝရနာကျင်နေရသော ကိုယ်ဖြစ်ရပါလို၏။ ။

3rd Anniversary

Posted: September 2, 2010 in special

ယနေ့ကြွလာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ.. (စိုင်းစိုင်းခမ်းလှိုင်လေသံဖြင့် ဖတ်ရှုပါရန်) ဟိုပြောင်းဒီရွှေ့၊ အသက်တငင်ငင်၊ ဖုန်တထောင်းထောင်း၊ ချိချိနဲ့နဲ့၊ ယိုင်တိုင်ယိုင်တိုင်နဲ့ HoLOLoDiLOLoလည်း ဒီနေ့ သုံးနှစ်ပြည့်သတဲ့.. ထုံးစံအတိုင်းပေါ့.. ဒီနေ့     Sep 2nd .. ဒီအိမ်ထဲထိ ရောက်လာတဲ့ ဘယ်သူ့ကိုမဆို ကော်ဖီတိုက်ပါ့မယ်.. (အဲ.. ဒီနေ့အတွင်း ကျွန်မဆီလူကိုယ်တိုင် ရောက်လာဖို့တော့ လိုမယ်နော်..:D) readerကဖတ်တဲ့သူတွေကတော့….. အင်း… သကြားလုံးကျွေးရကောင်းမလား.. ရောက်လာပြီးမှတော့ ဘာနဲ့ ဧည့်ဝတ်ပြုရင် ကောင်းမလဲ.. အင်း…….. ညကလည်း ဘာမှ ရေရေရာရာ စာအုပ်မဖတ်ဖြစ်…….. အော်.. ကြိုက်တဲ့ကဗျာတွေ စုကူးထားတဲ့ စာအုပ်လေးတော့ ပြန်ဖတ်ဖြစ်တယ်.. ဒီတော့ ဆားချက်တယ်ပဲဆိုဆို… အဲဒီထဲက မိုသျှန်းရဲ့ ကဗျာလေးကိုပဲ ဖတ်သွားကြပါဦး.. သင်းကွဲငှက်သီချင်းတဲ့.. coffeeလေးနဲ့ မြည်းပေါ့.. သင်းကွဲငှက်သီချင်း ဘယ်အတိုင်းအတာအထိ [...]

Oops.. ဘ၀ရဲ့ သုံးပုံတစ်ပုံကို ရောက်ပါပေါ့လား။ သွားရင်း လာရင်း လုပ်ရင်း ကိုင်ရင်း တွေ့တဲ့လူ တော်တော်များများကို ကလေးတွေလို့ပဲ မြင်မြင်လာနေတော့သည်။ (ဒီကလေးမလေး ချစ်ဖို့ကောင်းလိုက်တာ..။ အော်.. ကလေးတွေကိုး.. အပူအပင်မရှိဘူးပေါ့..။ ငယ်သေးတာကိုး.. ဒီလိုပဲပေါ့..။ အစရှိသဖြင့် ) တကယ် ကိုယ့်ထက် ငယ်မငယ် မသိ။ ငယ်တယ်ချည်း ထင်နေတတ်လာသည်။ မျှော်လင့်ထားသည်များ.. ပန်းတိုင်များ.. ကြီးကြီးမားမား ထင်ထင်ရှားရှား မရှိတော့၍ပဲလား မသိ။ တနေ့ တနေ့ ရယ်နေ မောနေရင်းကကို နေရထိုင်ရတာ ပျင်းခြောက်ခြောက်ကြီး ဖြစ်ဖြစ်လာသည်။ ဟိုး.. အရင်လို အနောက်ပဲ လှည့်ရင်းလည်း မသွားချင်တော့သလို။ ရှေ့ကိုလည်း မျှော်ကြည့်စရာ မရှိတော့တော့ အချိန်တွေကို ရစ်ပစ်ပြီး အသက် ၄၀ လောက်ကို တခါတည်း ကျော်သွားလို့ [...]

ငပလီ

Posted: February 7, 2010 in picture, special
Tags: , ,

ပြီးခဲ့တဲ့သုံးရက်က အလုပ်ကပို့ပေးတဲ့ တနှစ်တခါ trip အနေနဲ့ ငပလီကိုရောက်ဖြစ်တယ်။ အမှန်က ကျွန်မ beach တွေကို မကြိုက်လှဘူး။ တောင်တက်မလား ကမ်းခြေသွားမလားဆို တောင်တက်မယ်ပဲ ပြောခဲ့တာပါ။ ခု ငပလီရောက်မှ အဲဒီခံစားမှုလေး ပြောင်းသွားတယ်။ နောက်တခါဆို beach သွားမယ်လို့ပဲ ပြောဖြစ်မလားပဲ။ ကမ်းခြေဆိုရင် မော်လမြိုင်သူဖြစ်လို့ တစ်နှစ်တစ်ခါတော့ စက်စဲကမ်းခြေ ရောက်ဖြစ်တယ်။ မနှစ်ကတော့ ငွေဆောင် ရောက်တယ်။ ဒီလောက်ပဲ ရောက်ဖူးတာပါ။ ငပလီကတော့ တော်တော်လေးကိုလှတယ်။ သန့်လည်းသန့်တယ်။ လေလည်း သန့်တယ်။ ရေလည်းသန့်တယ်။ တော်တော်ကောင်းတဲ့ ခံစားမှုလေးရပါတယ်။ တည်းရတဲ့ Amazing hotel ကလည်း ကောင်းလို့ဖြစ်ပါလိမ့်မယ်။ အစစအဆင်ပြေပြီး စိတ်ချမ်းသာခဲ့တဲ့ နှစ်ညအိပ်ခရီးပါပဲ။ ပုံလေးတွေနည်းနည်းကြည့်ပါဦး။ လှပတဲ့ Amazing Hotel ဒါကတော့ Amazing [...]

2nd Anniversary

Posted: September 2, 2009 in special

စက်တင်ဘာ ၂ ရက်.. ယနေ့သည် ဟိုလိုလိုဒီလိုလို စတင်ခဲ့သည်မှာ နှစ်နှစ်ပြည့်မြောက်သောနေ့ ဖြစ်ပါသည်။ ကျွန်မရဲ့ ညံ့ဖျင်းမှုကြောင့် သူမသည် အထီးကျန်ဆန်ဆန် ကြီးပြင်းလာခဲ့ရပြီး ယနေ့ကဲ့သို့ အထိမ်းအမှတ်နေ့မျိုးတွင်ပင် အထိမ်းအမှတ်ဖြစ်စရာ ပို့စ်မတင်နိုင်ပါ။ ထို့ကြောင့် ယနေ့ ဟိုလိုလိုဒီလိုလိုသို့ ရောက်ရှိခဲ့သော မိတ်ဆွေများရှိပါက ယနေ့အတွင်း ဆက်သွယ်ပါက ယနေ့အတွင်း မုန့်ကျွေးမည် ဖြစ်ကြောင်း……

Hoaxes

Posted: August 16, 2009 in special

ဒီနေ့တော့ Internet ပေါ်က Hoaxes ဆိုတာဘာလဲ ပြောချင်ပါတယ်။ အားလုံး သိဖူး၊ ကြားဖူးပြီးသားတော့ ဖြစ်မှာပါ။ံHoax ဆိုတာဘာလဲဆိုတာက စရအောင်ပါ။ အဘိဓါန်ရဲ့အလိုအရ Hoax ဆိုတာ အလိမ်၊ လိမ်လည်ကျီစယ်ခြင်းဖြစ်ပါတယ်။ Hocus-pocus ဆိုတဲ့မျက်လှည့်၊ လှည့်စားသည်၊ လှည့်ဖြားသည် ကနေလာတယ်လို့လည်း ဆိုပါတယ်။ တကယ်မဟုတ်တဲ့ အဖြစ်အပျက်၊ ကိစ္စတွေကို တကယ်လို့ထင်လာအောင် လှည့်ဖြားခြင်းဖြစ်ပါတယ်။ လှည့်ဖြားတယ်ဆိုတဲ့နေရာမှာလည်း လုံးဝမဖြစ်နိုင်တဲ့ကိစ္စကြီးကို လီဆယ်တာမျိုး မဟုတ်ဘဲနဲ့ တွေးကြည့်လိုက်ရင် ဖြစ်နိုင်လောက်တဲ့၊ လူတွေယုံကြည်နိုင်လောက်တဲ့ အချက်တွေကိုသုံးပြီး လှည့်စားတာပါ။ တခါတရံတော့ Hoax တွေက နောက်ပြောင်ကျီစယ်တာတွေလည်း ဖြစ်တတ်ပါတယ်။ လူတွေရဲ့အာရုံစိုက်မှု အပြောင်းအလဲကို လိုချင်လို့လည်း ဖြစ်တတ်ပါတယ်။ တချို့သော hoax တွေဟာ ကာလတခု ကြာပြီးတဲ့နောက်မှာ လူတွေ၊ အုပ်စုတွေက လက်ခံကျင့်သုံးလာတဲ့ [...]

ခုတလော

Posted: August 3, 2009 in special

ညနေကီနန်းညီက တက်ဂ်ထားလိုက်မယ်တဲ့။ တခါမှတော့ တက်ဂ်တာကို မရေးဖြစ်တော့လေ လန့်သွားသေးတယ်။ ကြည့်လိုက်တော့.. ခုတလောဆိုတော့ ခေါင်းထဲရှိတာတွေ ရေးလိုက်ပြန်ရော။ ဖတ်ကြည့်ပါဦး။ တွေးနေမိတာက စာတွေမရတဲ့အကြောင်း အကသင်ချင်တဲ့အကြောင်း စာရေးချင်တဲ့အကြောင်း ကိုယ့်ကိုယ်ကိုပြန်ဆင်ခြင်မိတာက သိပ်ဘ၀င်မြင့်ပြီး သိပ်တော်ချင်ယောင်ဆောင်တာပဲ ကျန်းမာရေး ဘယ်နေရာက ချူချာနေမှန်းမသိ ကျားကိုးစီးစားမကုန်တဲ့ ဒီဇိုင်းပေမယ့်………. သွေးလှူမယ်ဆို ဟေမိုဂလိုဗင် မပြည့်ပြန်တာနဲ့ မျက်လုံးကကိုက်တာနဲ့ ချောင်းကဆိုးတာနဲ့ မနက်ညတရွှတ်ရွှတ်တရှက်ရှက်ဖြစ်ရတာနဲ့ ဇွန်၊ ဇူလိုင်ဆို ဒီလိုပဲ။ ဖတ်ဖြစ်တဲ့စာအုပ်တွေက ဖိုးကျော့ (အင်……ထုံးစံအတိုင်း စာအုပ်နာမည်မေ့ပြီ) ကြည်အေးရဲ့ ကြည်အေးကဗျာများ စိတ်ကူးချိုချိုစာပေကထုတ်တဲ့ မြန်မာဝတ္ထုတိုများစုစည်းမှု ရောက်နေဖြစ်တာက အင်း ……. ငါလည်း အိပ်ရာထဲပဲ။ ရေးဖြစ်နေတာက တပိုင်းတစ ကဗျာတွေ နားထောင်ဖြစ်နေတာက ခွင့်လွှတ်ပေးရမယ်ပေါ့ မှန်အိမ်လေး ဗင်းဆင့်ဗန်ဂိုးတမ်းချင်း အခါလွန်မိုး ရွတ်နေမိတဲ့ကဗျာက [...]

ဘလော့ဂ်လာ သူငယ်ချင်း၊ မိတ်ဆွေများကို ပြောပြချင်ပါသည်။ ကျွန်မ ဟိုလိုလိုဒီလိုလို(hololodilolo) ဆိုတဲ့ nick ကိုယူခဲ့တာ 2007 Sept ကတည်းကပါ။ 2007 Sept မှာ ကျွန်မရဲ့ ဟိုလိုလိုဒီလိုလိုလေးကို blogspot ကနေအစပြုခဲ့ပါတယ်။ www.hololodilolo.blogspot.com မှာတော့ ဟိုလိုလိုဒီလိုလိုကို ကျွန်မက ဘလော့ဂ်နာမည်အနေနဲ့ စပေးဖြစ်တာပါ။ ဘလော့ဂ်လေးကို နာမည်ပေးမယ်ဆိုတော့ ဟိုစဉ်းစား ဒီစဉ်းစား၊ ဟိုနာမည်ရွေး ဒီနာမည်ရွေးနဲ့ နောက်ဆုံး အမြဲတမ်း ဟိုလိုလိုဒီလိုလို ဖြစ်နေတတ်တဲ့ ကျွန်မကိုယ်ကျွန်မ အစွဲပြုပြီး ဟိုလိုလိုဒီလိုလို လို့နာမည်တပ်ဖြစ်ခဲ့ပါတယ်။ blog post တင်တော့ author, posted by တွေမှာတော့ ကျွန်မနာမည်ဖြစ်တဲ့ prizewai ကိုပဲသုံးဖြစ်ပါတယ်။ နောက်ပိုင်း ဘလော့ဂ်ဂါ သူငယ်ချင်းတွေလည်း များလာပါတယ်။ ဟိုလိုလိုဒီလိုလိုကို အကြောင်းပြုပြီး [...]

အမှတ်တရ

Posted: June 13, 2009 in about me, special

ဒီနေ့ ကျွန်မ တကယ်ကံကောင်းခဲ့ပါတယ်။ မမေ့နိုင်မယ့် နေ့လေးတစ်နေ့ပါပဲ။ ဘာရယ်မဟုတ်ပါဘူး။ မမေ့အောင် ဒီမှာလာမှတ်တာပါ။

1st Anniversary

Posted: September 2, 2008 in special

Hello Hololo Dilolo Happy Birthday !!! မနှစ်က ဒီနေ့မှာ ဟိုလိုလို ဒီလိုလို ဆိုတာ စဖြစ်လာတယ်။ ဒီနှစ်မှာတော့ သူ့မွေးနေ့မှာ ပို့စ်လေးတင်မလို့တောင် မတင်ရဘူး။ ဒီနေ့မနက်မှ စာမေးပွဲပြီးလို့ပါ။ ၃ရက်လောက်နဲ့ ကျက်ရတာဆိုတော့ ဘာမှကို မလုပ်နိုင်ခဲ့ဘူး။ ကိုယ့်ဘာသာပဲ ကော်ဖီသောက်လိုက်တယ်။ ဒီနေ့ မကုန်ခင်အထိ ကြုံတဲ့သူကို ကော်ဖီတိုက်ပါ့မယ်။ နောက်နှစ်များစွာအထိ ဆက်နိုင်ဖို့ ကြိုးစားပါ့မယ်။