Archive for the ‘News’ Category

ပြီးခဲ့တဲ့တနင်္လာနေ့(1.12.2008) ညနေစောင်းလောက်က မော်လမြိုင်မြို့ရဲ့ ဈေးကြီးဖြစ်တဲ့ အောက်ဈေးမှာ မီးလောင်မှု ဖြစ်ခဲ့ပါတယ်။ မော်လမြိုင်မြို့ရဲ့ အစည်ကားဆုံးမြို့လယ်နေရာပါ။ မော်လမြိုင်မှာက (သားငါးဈေးမဟုတ်တဲ့) ဈေးကြီးကြီးမားမားဆိုလို့ “ဈေးကြီး” လို့ ခေါ်တဲ့ အဲဒီဈေးပဲရှိတာပါ။ အဲဒီဈေးမှာက အောက်ဈေး နဲ့ အပေါ်ဈေးရယ် လို့ ရှိတယ်။ အပေါ်ဈေးမှာကတော့ ၄ထပ်အဆောက်အအုံတစ်ခုနဲ့ ၂ထပ်အဆောက်အအုံတစ်ခု ကပ်လျက်ရှိပါတယ်။ အောက်ဈေးလို့ခေါ်တဲ့ ဈေးကတော့ ဈေးရုံကြီးတစ်ခုပါ။ သံလွင်မြစ်ကမ်း၊ ကမ်းနားလမ်းပေါ်မှာရှိတာပါ။ မီးက တော်တော်ကြီးတယ်လို့ ဆိုပါတယ်။ ကျွန်မသိတော့ အင်္ဂါနေ့နေ့လည်ရှိပါပြီ။ ရန်ကုန်ရောက်နေတဲ့ သူငယ်ချင်းက online ကနေလှမ်းပြောတယ်။ သူလည်း သေချာမသိဘူးတဲ့။ သူ့အိမ်ကိုလည်း phone ခေါ်နေတာမရဘူးတဲ့။ ညနေကျတော့ မော်လမြိုင်မှာရှိတဲ့အဖေက ဖုန်းဆက်ထားပါတယ်။ အင်္ဂါညနေထိကို မီးခိုတွေအူနေတုန်းတဲ့ တစ်ဈေးလုံးလောက်လောင်တာတဲ့လေ။ သွားကြည့်လို့လည်း မရသေးဘူးလို့ ဆိုပါတယ်။ လောင်တဲ့အကြောင်းရင်းကိုလည်း [...]