ကျွန်မ တွေးတောရခြင်းကို နှစ်သက်ပါတယ်။ တစ်ယောက်တည်းရှိတဲ့အချိန်မျိုး၊ bus ကားစီးချိန်၊ လမ်းလျှောက်ချိန်၊ အဲဒီလိုအချိန်မျိုးတွေမှာ ကျွန်မတွေးချင်ရာကို လွင့်လွင့်မျောမျော တွေးတတ်ပါတယ်။ ကျွန်မရဲ့ ပင်ကိုယ်စိတ်အခံက အပူအပင်တွေကိုလည်း ကြာကြာလက်မခံထားတတ်ပါဘူး။ ခပ်ပေါ့ပေါ့ပါပဲ။ စဉ်းစားမိရင် ခဏတော့ အသက်ရှုကျပ်လာမယ်။ မကြာခင်မှာ ပြန်ကောင်းသွားတတ်ပါတယ်။ ခုနောက်ပိုင်းတော့ စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေခဏခဏ ကြုံရတယ်။ ဒီတော့ ခဏခဏလည်း စိတ်ဓါတ်ကျတယ်။ ဒါပေမယ့် ခဏခဏလည်း ပြန်ကောင်းကောင်းလာတယ်။ အိပ်စက်ခြင်းကို တကယ်ကို သဘောကျပါတယ်။ ငပျင်းလို့ပဲ ပြောမလား။ ငယ်ငယ်ကတည်းက ကျွန်မအိပ်ရင် အိမ်မက်အမြဲမက်လေ့ရှိတယ်။ ကျွန်မ အိမ်မက်တွေကို ကြိုက်ပါတယ်။ အိပ်ရင်လည်း အချိန်ယူစရာမလိုပါဘူး။ ခဏနဲ့ အိပ်ပျော်လေ့ရှိပါတယ်။ အဲ ကိုယ့်အိမ်မှာဆိုရင်ပေါ့။ ကိုယ့်အိမ်မဟုတ်တဲ့ တခြားဘယ်နေရာမဆိုကျရင်တော့ ဘယ်သောအခါမှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လေ့မရှိပြန်ဘူး။ ဒါကြောင့်လည်း တော်ရုံတန်ရုံ ညအိပ်သွားလေ့မရှိပါဘူး။ [...]
Archive for the ‘habits’ Category
စောရနက္ခတ်နဲ့ ယှဉ်မွေးတာတို့၊ ဘာတို့ ကြားဖူးကြမယ် ထင်တယ်။ ကျွန်မကျ ဘာနက္ခတ်နဲ့ ယှဉ်မှန်းမသိပါဘူး။ ကျွန်မလက်နဲ့ထိရင် ပျက်တာချည်းပဲ။ ကျွန်မအစ်ကိုကြီးက ဆိုရင် ခဏခဏ ပြောဖူးတယ်။ ကျွန်မက ဖျက်ဆီးရေး Monster တစ်မျိုးပဲတဲ့။ ဟုတ်များနေမလားပဲ။ ငယ်ငယ်ကတည်းက ဘာလုပ်လုပ် ပျက်တာများကိုကိုး။ အိမ်မှာ ပစ္စည်း ၁၀ခုပျက်ရင် ၉ခုက ကျွန်မလက်ထဲမှာ ပျက်တာ။ ကျွန်မထင်တာတော့ ပျက်ခါနီးကိုင်မိလို့များလားလို့ပါ။ ပစ္စည်းတစ်ခုကို သူရော ကိုယ်ရော တူတူသုံးတယ်ဆိုအုံးတော့ ကျွန်မလက်ထဲက ပစ္စည်းပဲ အရင်ပျက်တာ၊ ပျောက်တာများတယ်။ ကြမ်းကြမ်းတမ်းတမ်းရှိလို့လားလဲ မသိပါဘူး။ တခါတခါဆို အဲဒီလို အပျက်ဓါတ်က ရက်ဆက်ကျတာ။ တခါတလေလည်း အကောင်းပါ။ ခုတလောတော့ အပျက်ဓါတ်လေးပြန်ကျနေပြန်ရော။ ပြီးခဲ့တဲ့ ရက်က ကျွန်မအရမ်းကြိုက်တဲ့ ကျွန်မရဲ့ ထီးအမည်း အရှည်လေး (ကျွန်မက [...]
လူတစ်ယောက်၏အမူအကျင့်ဟုဆိုရာတွင် တမင်လုပ်ယူတဲ့အကျင့်၊ ပတ်ဝန်းကျင်ကြောင့် ဖြစ်လာတဲ့အကျင့်၊ သူ့ဘာသာ အလိုအလျောက်ဖြစ်လာတဲ့အကျင့် စသဖြင့် အမျိုးမျိုးကွဲပြားမည်ဖြစ်သည်။ ယေဘုယျအားဖြင့် ကောင်းသောအကျင့်ကို အတုယူရန်ထက်ဆိုးသောအကျင့်ကိုပြုပြင်ရန်မှာ ပိုမိုခက်ခဲတတ်ကြသည်။ တမင်လုပ်ယူထားသောအကျင့်ကိုဖယ်။ ကျန်အကျင့်များတွင်မှ တချို့အကျင့်များကို ကိုယ်တိုင်ကနှစ်နှစ်သက်သက် ပြုမူသော်လည်း၊ တချို့အကျင့်များမှာမူ ကိုယ်တိုင်ကမနှစ်သက်ဘဲ၊ မသိစိတ်ကြောင့်သော်လည်းကောင်း၊ ဂရုမမူမိ၍သော်လည်းကောင်း ပြုမူမိတတ်ကြသည်။ ကျွန်မတွင်လည်း ကျွန်မကိုယ်တိုင်နှစ်သက်၍ လက်ခံထားသောအကျင့်များရှိသလို၊ လက်မခံချင်ဘဲ လက်ခံ ထားရသောအကျင့်များလည်းရှိသည်။ လက်မခံချင်ဟုဆိုရာတွင်လည်း လက်မခံနိုင်လောက်တဲ့ အကျင့်ဆိုးများသာမက ကျွန်မကိုယ်တိုင်၏ ပုဂ္ဂလိကခံစားချက်သက်သက်နှင့်သာ မနှစ်သက်သော အပြုအမူများလည်း တချို့ တချို့ပါဝင်သည်။ ၄င်းတို့အနက် ….. မနှစ်သက်ဆုံးနှင့် နေ့တိုင်းလုပ်ဖြစ်နေသော အကျင့်တစ်ခုမှာ “ဟုတ်”……………………………… ယဉ်ယဉ်ကျေးကျေးမြန်မာစကားတစ်လုံးဖြစ်သည့် “ဟုတ်ကဲ့” ဆိုသည့်စကားလေးနှစ်လုံးကို ယနေ့ခေတ်တွင် လူတော်တော်များများက “ဟုတ်” ဟူ၍သာ ပြောဆိုနေကြသည်ကို သတိပြုမိကြပါလိမ့်မည်။ မြန်မာစကားများပျက်စီးမည် စိုး၍ ဘာ၍ [...]