Archive for the ‘favourite’ Category

ကျွန်မကတော့ တေးရေး အရိုးကိုရော၊ စာရေးဆရာ အရိုးကိုရော အားပေးတဲ့ အရိုးပရိသတ်လို့ ဆိုရင် မမှားပါဘူး။ အရိုးရေးတဲ့ သီချင်းတော်တော်များများဆို စိတ်ဝင်တစားနားထောင်ဖြစ်တယ်။ ဟိုး..အရင်က လွှမ်းမိုးသီချင်းတွေလိုမျိုး တစ်ပုဒ်လုံး နားထောင်မှ ဇာတ်ရည်လည်တဲ့ ဇာတ်လမ်းလေးနဲ့ သီချင်းမျိုးတွေ၊ ခု အရိုးလည်း ရေးတယ်။ သူ့စိတ်ကူးလေးတွေက ဆန်းဆန်းလေးတွေ ဖြစ်နေတော့ သူရေးတဲ့ သီချင်းဆို နားထောင်ကြည့်ဖြစ်တာ များပါတယ်။ သူရေးတဲ့စာတွေလည်း ဒီလိုပါပဲ။ အရေးအသားက ပေါ့ပေါ့ပါးပါးရှိပြီး အတွေးလေးတွေ ကောင်းလို့ ဖတ်ဖြစ်တယ်။ စာအုပ်ထွက်ထားတဲ့ ဆိုသည်မှာ… တွေကအစ နံနက်ခင်းဂျာနယ်မှာပါတဲ့ အရိုးရဲ့ခုနစ်ရက်မှတ်တမ်းအထိ ကြုံရင်ကြုံသလို ဖတ်ဖြစ်တယ်။ ဂျာနယ်ကတော့ အပတ်တိုင်းလည်း မဖတ်ဖြစ်၊ ဂျာနယ်ပေါင်းစုံလည်း မဖတ်ဖြစ်တော့ ဘယ်ဂျာနယ်တွေမှာ ရေးသေးလဲတော့ မသိဘူး။ သူ့စာတွေပါရင်တော့ ၀ယ်ဖတ်ဖြစ်မှာပါ။ ဆိုသည်မှာ.. ဆိုရင်လည်း [...]

အဖြစ်

Posted: February 7, 2010 in favourite, poem

အချိန်ကြာကြာ စာဖတ်ချိန်မရမယ့် နေရာမျိုးဖြစ်ရင် ကဗျာစာအုပ်က ဖတ်ဖို့အလွန်ကို သင့်တော်ပါတယ်။ ကဗျာတွေက အများကြီးတဆက်တည်း ဖတ်ရရင် ထုံတုံတုံနဲ့ ခံစားရမကောင်းတော့ဘူး။ ဖြည်းဖြည်းနဲ့ နှစ်ပုဒ်လောက်ဖတ်လိုက်၊ နားလိုက် အဲလိုပုံစံမျိုးဖတ်မှ ခံစားလို့ကောင်းတယ်။ ကျွန်မအတွက်ပြောတာပါ။ သူများတွေတော့ ဘယ်လိုနေမယ်မသိ။ ခရီးသွားတဲ့အချိန်မှာ ယူသွားသင့်တဲ့စာအုပ်ဟာ ကဗျာစာအုပ်လို့ သတ်မှတ်ထားတဲ့ ကျွန်မအတွေး ဒီတခါလည်း မှန်ကန်ပြန်တယ်။ ဒီတခေါက်ခရီးက အပျော်ခရီးလည်းဖြစ် သူငယ်ချင်းတွေနဲ့လည်းဖြစ် ဆိုတော့ စာအုပ်သိပ်မလိုလောက်ဘူး ထင်ပေမယ့် လိုလိုမယ်မယ် ကြည်ဇော်အေး ကဗျာစာအုပ်ပါးပါးလေး သယ်သွားဖြစ်တယ်။ လှိုင်းပုတ်သံတွေနားထောင်ရင်း ကဗျာစာအုပ်ဖတ်ရတဲ့ အရသာလည်းမဆိုးပါဘူး။ ဖတ်ပြီးသားပေမယ့် အသစ်အသစ်သော ခံစားမှုတွေရတာပါပဲ။ အဲဒီအထဲက ဒီ အဖြစ် ဆိုတဲ့ ကဗျာလေးရောက်တော့ တခုခုကို သတိရသွားတယ်။ အရင်ဖတ်တုန်းက ဘယ်လိုမျိုးတွေးမိလဲ မမှတ်မိတော့ပေမယ့် ဒီတခေါက်တော့ ပြုံးချင်စရာလေး ဖြစ်သွားတယ်။ [...]

ကျွန်မအိမ်လေးကို လာလာလည်ကြတဲ့ တချို့တချို့တွေက ပြောပါတယ်။ သူများကဗျာတွေ မတင်ပါနဲ့တဲ့။ ကျွန်မကလည်း ဖတ်မိပြီး ကြိုက်ရင် သူများကိုလည်း ဖတ်ကြည့်စေချင်ရော။ နောက်ပိုင်းလည်း ကျွန်မ ကဗျာပဲ အဖတ်များတာကိုး။ ဒီတော့ ခဏခဏ ကြိုက်တဲ့ကဗျာတွေ့၊ တင်ချင်၊ တင်မိရော။ ဘာကြောင့်ကြိုက်လဲ ဆိုတဲ့ ကွန်မန့်လေးတော့ ရေးချင်သား။ ဒါပေမယ့် လာဖတ်တဲ့သူ ခံစားမှုမှာ အကန့်အသတ်ဖြစ်မှာစိုးတယ်။ ကျွန်မကိုယ်တိုင်ကလည်း ကဗျာဖတ်ရင် ကျွန်မကြိုက်သလို ရှုထောင့်က ခံစားပြီးဖတ်တာကိုး။ ဒီတခေါက် ဒီခံစားချက်ပေမယ့် နောက်တခေါက် တူချင်မှတောင် တူမှာ။ ဒီတော့ အကန့်အသတ်ဖြစ်စေမယ့် ကွန်မန့်တွေတော့ မရေးတော့ပါဘူး။ အဆင်ပြေသလို၊ နှစ်သက်သလိုသာ ခံစားသွားကြပါ။ ကျွန်မကတော့ ဖတ်တဲ့အချိန်မှာ နှုတ်ခမ်းနည်းနည်းတွန့်ဖြစ်သွားတဲ့ ကဗျာလေးတွေ ခုတလော ကြိုက်နေတယ်။ ဆရာ ကြည်ဇော်အေးရဲ့ အပြောင်းအရွှေ့အရောင်းအ၀ယ်တဲ့။ ဖတ်သွားပါဦး။ [...]

ဒီတပတ်တော့ ကြည်ဇော်အေးရဲ့ ပထ၀ီအနေအထားလို့ခေါင်းစဉ်တပ်ထားတဲ့ ကဗျာ ၄၅ ပုဒ်ပါတဲ့ ကဗျာစာအုပ်လေးဖတ်ဖြစ်ပါတယ်။ တော်တော်များများကတော့ လစဉ်ထုတ်မဂ္ဂဇင်းတွေမှာ ပါဖူးပြီးသား ကဗျာတွေပါပဲ။ အမှာ မှာရေးထားတဲ့ စာသားလေးကို တော်တော်ကြိုက်သွားပါတယ်။ သူရေးထားတာက… မလိုအပ်ဘဲစကားများခြင်းနဲ့ မလိုအပ်ဘဲ ဆေးထိုးခြင်းဟာ အတူတူပါပဲ။ အပိုတွေ ပြောမနေချင်လို့ အပိုတွေ ရှင်းပြမနေချင်လို့ ကဗျာရေးနေကြတာ မဟုတ်လား။ ရောက်မရောက် ရမရ ဆိုတာကတော့ ရေးသူ ဖတ်သူ နှစ်ဦးစလုံးအပေါ်မူတည်ပါလိမ့်မယ်။ လူနဲ့ကဗျာဟာ ယူဇနာဘယ်နှစ်သန်း ဝေးကွာခဲ့ပါသလဲ…. ခုဆိုကျွန်တော်တို့ အရောင်းအ၀ယ် ဖြစ်သွားကြပြီ ဆိုပါစို့…….။ ။ ကဲ.. ထုံးစံအတိုင်းပေါ့။ တစ်ပုဒ်လောက်တော့ မျှဝေခံစားပေးပါဦး။ သိပ်မစဉ်းစားဘူးဆိုရင် လမ်းပေါ်မှာ ပြေးလွှား ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတဲ့ ခေတ်ထဲမှာ နဖူးကချွေး ဘယ်နေရာကျရမှန်းမသိအောင် အစချီ ညည်းညူတော့မယ် မထင်လေနဲ့ လိုက်လျောညီထွေ [...]

Bigbag Telepunk

Posted: July 19, 2009 in favourite

BigBag ရဲ့ Telepunk 1.  telepunk 2.  လက်ခံထားဆဲ 3.  cancer 4.  ခွင့်လွှတ်ပေးရမယ်ပေါ့ 5.  ကြုံရင်ပြောပေးပါ 6.  ခုနစ်လွှာ 7.  ၂ကဒ်ထဲပါသောရုပ်ရှင် 8.  ဟိုလိုဒီလို 9.  bluetooth 10. see green 11. ကျွန်ုပ်၏ အခြားတ၀က် 12. မေ့ထားလိုက် 13. သီချင်း(၂) 14. မသိမရှိ နားထောင်ပြီးလောက်ကြပါပြီနော့။ ဘယ်လိုနေတုန်း။ နည်းနည်းပါးပါးပြောကြည့်ရအောင်လေ။ ကျွန်မကတော့ ခုတလော ဒီခွေပဲ ဆက်တိုက်နားထောင်ဖြစ်နေတယ်။ အကြိုက်ဆုံးနှစ်ပုဒ်ရှိတယ်။ ခဏခဏ ဒဏ်ရာရလာတော့.. တခါတခါ အသက်ရှူတိုင်း ရင်ဘတ်ထဲက အောင့်အောင့်လာ။ ကြာကြာခံပါတော့မလား။……………………..။ ရော့ အသဲနှလုံး နင်ယူပါတော့… အမှတ်တရ နင်နံရံမှာ ချိတ်ထားပေါ့။ တဘ၀လုံးအတွက် [...]

ပြီးခဲ့တဲ့တပတ်က ခိုင်မြဲကျော်စွာ ရဲ့ အေးအေးဆေးဆေးလမ်း ဆိုတဲ့ကဗျာစာအုပ်လေးဖတ်ဖြစ်တယ်။ လစဉ်ထုတ်မဂ္ဂဇင်းတွေမှာ ပါထားတဲ့ ကဗျာတွေကို ပြန်စုထားတဲ့စာအုပ် ဖြစ်ပါတယ်။ ကဗျာပေါင်း ၅၂ ပုဒ်ပါပါတယ်။ အကြိုက်ဆုံးတစ်ပုဒ်ကို မျှဝေလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။ ***************************************************** အထီးကျန်ခြင်း ကိုယ်ကျင့်တရားမှာ ချွေးတစိုစို ငါ့ကိုယ်ငါ အရမ်းစိတ်ပူတယ် အစွန်းရောက်အာရုံကို အဖုံးဖုံး ငါဟာ သူတော်စင်လို မျက်လုံးအောက်စိုက်လမ်းလျှောက်လို့ တကယ်တော့ စိတ်များလွန်းတဲ့ ပုရွက်ဆိတ်တစ်ကောင် ခေါင်းကို ဆတ်ခနဲ ဆတ်ခနဲ လွှဲရ ကိုယ့်ကိုယ်ကို အမြဲအာပတ်ဖြေနေရတဲ့လူပါ ငါဝတ်လက်စ ဂျင်းဘောင်းဘီ ဒီရာသီအကုန် တန်းပေါ်ပစ်တင်ထားလိုက်တော့မယ်ဆိုလည်း ရန်ပွဲတွေ့ရင် သွေးက၀င်ရိုက်ခွဲချင်တုန်းပဲ ၀ရန်တာပန်းအိုးထဲက မြေလို လူငယ်စိတ်လို့ အော်ပြောနေတဲ့ အရုပ်တွေကြည့်ရင်း ဆံပင်ရှည်ပြန်ထားချင်တယ် ဆောင့်ဆွဲနေရတဲံ အရာတွေများလွန်းလို့ လက်ထဲကခွက်မှာ သံချေးတက်တက်လာ လက်ဆစ်တဖျောက်ဖျောက်ချိုးရင်း အပိုးမကျိုး ဘာမကျိုး [...]

တိမ်တွေဟာ တရွေ့ရွေ့သွားနေကြတယ်။ လူတွေဟာလည်း ကိုယ်နဲ့ ဆိုင်ရာ ဘ၀တွေမှာ တရွေ့ရွေ့နဲ့ တစ်ရက်ပြီး တစ်ရက် ဖြတ်သန်း သွားနေကြတာပါပဲ။ တချို့ရက်တွေမှာ ကောင်းတာတွေ လုပ်ဖြစ်ခဲ့ကြမယ်။ တချို့ရက်တွေကျတော့ သိပ်မကောင်းတာတွေ လုပ်မိချင် လုပ်မိခဲ့ကြမှာပေါ့။ တချို့လူတွေဟာ သူ့တို့ဘ၀ ခိုင်မာမြင့်မားလာအောင် တစ်ရက်ချင်း တစ်ရက်ချင်း တည်ဆောက်သွားကြတယ်။ တချို့လူတွေကျတော့ မျှော်လင့်ချက် အကြီးကြီးတွေ၊ စကားလုံး အကြီးကြီးတွေနဲ့ အဝေးကြီးက မရောက်လာသေးတဲ့ အခွင့်အရေး တစ်စုံတစ်ရာကို ထိုင်စောင့်ရင်း တစ်ရက်ပြီး တစ်ရက် ဖြုန်းတီး ပစ်လိုက်ကြတယ်။ တချို့လူတွေဟာ ရောက်လာတဲ့ နေ့တွေကို သူတို့အတွက် သက်သက်ပဲ သဘောထားကြတယ်။ တချို့လူတွေကတော့ ရောက်လာမယ့် နေ့တွေကို တခြား လူတွေအတွက် အလုပ်လုပ်ပေးဖို့ ကြိုဆိုကြတယ်။ တချို့လူတွေက နေ့အသစ်တွေမှာ အတွေ့အကြုံ အသစ်တွေရှာတွေ့ကြတယ်။ [...]

ကျွန်မမျှော်လင့်နေတဲ့ တေးရေး၊ တေးဆို အရိုးရဲ့ လူလည်အာရှသား ဆိုတဲ့စီးရီးသစ်ထွက်ရှိလာခဲ့ပါပြီ။ သီချင်း(၁၃)ပုဒ်ပါဝင်ပါတယ်။ အရိုးရဲ့ ပုံစံသီချင်းတွေချည်းပါပဲ။ ကျွန်မတို့လို အရိုးသီချင်းမှန်သမျှ ကြိုက်တဲ့သူတွေအတွက် စိတ်ကျေနပ်စေမယ့် စီးရီးလေးပါပဲ။ ပါဝင်တဲ့သီချင်းတွေကတော့ .. ၁။ နေသာလေသာတဲ့နေ့ ၂။ ဥ ၃။ လူလည်အာရှသား ၄။ ကန်တင်းထဲကကွင်း ၅။ ရုပ်ရှင်ကြည့်တဲ့ည ၆။ လေတိုက်တဲ့ညတွေ ၇။ Graduation day ၈။ အမဲကင်ကျပ်တိုက်ကြော် ၉။ ဒါရိုက်တာ ၁၀။ ကံဆိုသည်မှာ ၁၁။ ရော့ခ် အန် ရိုးလ် ၁၂။ တစ်စက္ကန့်မှာတစုံတရာ ၁၃။ နောက်ဆုံးမှာတော့ နေသာလေသာတဲ့နေ့ ကတော့ တော်တော်ကြာကြာကတည်းက အင်တာနက်မှာ နာမည်ကြီးခဲ့တဲ့ ဝေါ်အိုက်နီ သီချင်းပါပဲ။ ဥ ဆိုတာကတော့ ဟာသဆန်ဆန်သီချင်းလေးပါပဲ။ [...]

ဂန္တ၀င်စကား

Posted: December 15, 2008 in favourite

စီးရီးအသစ်မထွက်တာကြာပြီဖြစ်တဲ့ သျှီ ရဲ့ ဂန္တ၀င်စကား ဆိုတဲ့စီးရီးထွက်ရှိခဲ့ပါတယ်။ သီချင်း ၁၃ ပုဒ်ပါပါတယ်။ 01 သင့်ကမ္ဘာ 02 ငါ့အသဲနှလုံးမင်းယူပါ 03 ဂန္တ၀င်စကား 04 တို့လာတယ် 05 မသေသောရော့ခ် 06 အိမ်မက်ဆိုး 07 အဆုံးသတ်အဝေး 08 ဇာတ်ကောင် 09 ငါဒုတိယအကြိမ်သေတယ် 10 မနက်ကိုနမ်းပါ 11 အိမ်ပြေးသူ 12 ခါးတဲ့သင်ခန်းစာ 13 ငြိမ်းချမ်းခြင်းသို့ သျှီရဲ့ထုံးစံအတိုင်း သူမပုံစံအတိုင်းသီချင်းတွေပါပဲ။ သူမရဲ့ အသံနဲ့ လိုက်ဖက်တဲ့ စကားလုံးခံ့ခံ့ညားညားတွေနဲ့ပေါ့။ မသေသောရော့ခ် ကတော့ တခါကရော့အင်ရိုး ကိုသတိရစေပါတယ်။ အချစ်ကခါးသက်တယ် ဆိုတဲ့အကြောင်းလေးကိုဆိုထားတဲ့ အဆုံးသတ်အဝေး ကတော့ အကြိုက်ဆုံးပါ။ ဇာတ်ကောင် ကလည်း တော်တော်လေးကိုမိုက်တဲ့ သီချင်းပါ။ ဘ၀ဆိုတာကို ခပ်မိုက်မိုက်သီဆိုထားတာပါ။ [...]

BOB ခံစားမှု

Posted: December 15, 2008 in favourite

ကျွန်မတို့ရဲ့ Hero လေးဖြူ ရဲ့ ဘင်္ဂလားပင်လယ်အော် ဆိုတဲ့ တေးစီးရီးအသစ်ထွက်ရှိခဲ့ပါပြီ။ တေးရေးတွေကတော့ မောင်မောင်ဇော်လတ်၊ ရယ်ဂျီ၊ လင်းလင်း နဲ့ နောနော် တို့ ဖြစ်ပါတယ်။ ပါဝင်တဲ့သီချင်းတွေကတော့ – 01 တစ်ယောက်ထဲနဲ့ 02 ငါ့ရဲ့လမင်း 03 ၀ိရောဓိ 04 အလဲအကွဲ 05 ကစဥ့်ကလျားသီအိုရီ 06 ပြန်ခဲ့ပါ 07 သံယောဇဉ် 08 မိုးတိမ်ထဲဝဲ 09 မလုပ်နဲ့ 10 အရင်လိုပါပဲ 11 အလွမ်း 12 ဒါလီနေ့ 13 စာမျက်နှာ ၁၅ ကောင်းမကောင်းက ပြောစရာကိုမလိုပါဘူး။ နားထောင်ပြီးကြပြီး ဖြစ်မှာပါ။ ကျွန်မအတွက်ကတော့ အကြိုက်ဆုံးက အလဲအကွဲ။ စိတ်နာနာနဲ့ ဆိုလိုကောင်းမယ့် သီချင်းမျိုးပေါ့။ နောက် [...]