လှည့်မကြည့်ချင်သောအတိတ် မဖြစ်စေပါ။ ထို့အတွက် … နောင်တ ဟုခေါ်တွင်ရန် အကြောင်းမရှိ။ နောက်ပြန်လည်၍ နောင်တစ်ကြိမ်ရွေးချယ်ခွင့် ထိုသို့ရှိလျှင်ပင် .. လျှောက်လှမ်းသောလမ်းကို ပြောင်းလဲရန်အတွေးမရှိ။ ကိုယ်ချင်းစာတရားကို ပြောင်းပြန်အသုံးချခြင်းဖြင့် ကသိကအောင့်ဖြစ်စေမှုများကိုသာ ဝေငှမိလေသည်။ အချစ်ဟူသော ခေါင်းစဉ်တခုတည်၍ ကျဉ်းကျပ်မှုများ၊ မွန်းကျပ်မှုများဖြင့်သာ အနှောင့်အယှက်ပေးမိလေသည်။ ဖြောင့်ဖြူးမှန်ကန်နေသောလမ်းတွင် မလိုအပ်သော မီးအိမ်ထွန်းပေးမှုဖြင့် နှောင့်နှေးဖြုန်းတီးမှုကိုသာဖန်တီးမိလေသည်။ တယူသန်ဆန်စွာ ခေါင်းမာစွာ ဆင်ခြင်တုံတရားကင်းမဲ့စွာ အတ္တကြီးစွာ… ဥာဏ်ရည်နိမ့်ပါးစွာ.. မိမိခံစားမှုကို ဦးစားပေးခဲ့၏။ ထိုထိုသော.. အထိန်းအချုပ်ကင်းမဲ့မှုများအတွက်……….. တသက်တာကာလပတ်လုံး…. ဖွင့်ဟညည်းတွားခြင်းမပြုနိုင်သော ပင်ပန်းမှုကို ထုတ်ဖော်မပြနိုင်သော လူမသိသူမသိ သိမ်ငယ်မှုများဖြင့် ချစ်ခြင်းမခံရသော ထာဝရနာကျင်နေရသော ကိုယ်ဖြစ်ရပါလို၏။ ။
Archive for the ‘diary’ Category
ခုတလော….. ခေတ်ကာလကြီးတိုးတက်လာတာနဲ့အမျှ တဖက်မှာအကောင်းတွေ ရှိသလို၊ တဖက်မှာ ပင်ပန်းဆင်းရဲ ရတာတွေလည်း ပိုများလာတယ်။ တစ်နေ့ထက် တစ်နေ့အသက်ပိုကြီးကြီးလာလို့လည်း ဒီလိုတွေးမိတာ ဖြစ်ကောင်းပါတယ်။ ဟိုတလော တကယ်ပင်ပန်းတယ်ရှင့်။ လူတစ်ယောက်မှာ စိတ်ဖိစီးမှုရှိတယ်။ နည်းတယ် များတယ်ဆိုတာ အဲဒီလူရဲ့ ခံယူချက်နဲ့ပဲ ဆိုင်ပါလိမ့်မယ်။ ပင်ပန်းအောင်လည်း ကိုယ်ကိုယ်တိုင်ပဲ လုပ်နိုင်သလို၊ ပေါ့ပါးအောင်လည်း ကိုယ်ကိုယ်တိုင်ပဲ လုပ်နိုင်ပါတယ်။ ဖြေရှင်းစရာ ပြသနာတွေကလည်း ဒီအတိုင်းပဲ ရှိနေတုန်းပဲ။ အဆင်မပြေမှုတွေကလည်း မပြေလည်နိုင်သေးဘူး။ ပင်ပန်းမယ်ဆို ဆက်ပြီး ပင်ပန်းစရာချည်းပဲ။ ဒါပေမယ့် ရုတ်တရက်ကြီး ဒီနှစ်ရက် ပေါ့ပါးသွားတယ်။ ဘာမှ မပြောင်းလဲပါဘဲနဲ့၊ အလိုလို ပေါ့ပါးနေတယ်။ မနက်အစောကြီး ထကြည့်တော့ အအေးဓါတ်တော်တော်ရနေပြီ။ ဒီရာသီဥတုက တစ်နှစ်တာလုံးမှာ အနှစ်သက်ဆုံးရာသီဥတု။ ဒီအချိန်အခါကို တစ်နှစ်လုံးမှာ အကြိုက်ဆုံး။ ကိုယ့်ဘာသာ အာရုံတွေများနေပြီး [...]
ဟိုလို ဒီလိုတွေ မင်းသိပ်မလုပ်နဲ့… ကောင်မလေး မင်းသိပ်ရှုပ်တယ်… နေပူလှန်းထားတတ်တယ်.. …………………… အချိန်တွေကုန်လာပြီ.. ငါလုံးဝနှမြောတယ်.. ငါလေလုံးဝမောတယ်….. ဟင်း.. ငါ့များစောင်းဆိုသလား မှတ်ရတယ်.. ဒီသီချင်းကလည်း နော်.. Japanese Language Proficiency Test(JLPT)ကလည်း ဒီဇင်ဘာ ၆ရက်နေ့ ဖြေရမယ်၊ တစ်နှစ်နီးပါးလေ့လာထားပြီး စာမေးပွဲကျပြန်ရင် အရှက်ကကွဲဦးမယ်။ အလုပ်တွေကလည်း အောက်တိုဘာ၊ နိုဝင်ဘာမှ များလိုက်တာ။ ဖတ်ဖတ်ကိုမော၊ ရင်ဘတ်နောက်ကကျောပဲ။ စာကျက်ခြင်းအမှုကိစ္စကို နိုဝင်ဘာတစ်လလုံး ဖိဖိစီးစီးလုပ်ပါမယ် ဆိုနေကာမှ……. မပြန်မဖြစ်နဲ့ ဇာတိချက်ကြွေ မော်လမြိုင်မြေကို ပြန်သွားရသေးတယ်။ ၃နှစ်လောက် မရောက်ဖြစ်တဲ့အတွက် ရသလောက်အချိန်အတွင်း ရနိုင်သမျှ သူငယ်ချင်းနဲ့တွေ့၊ စားချင်တာတွေ လိုက်စား၊ ဓါတ်ပုံတွေလည်း ရိုက်ခဲ့သေးတယ်။ လိုင်းကား ဆွဲနေတဲ့ ချက်ပလက် ကားကြီးတွေ၊ တောင်ပေါ်ကလှမ်းမြင်တဲ့ ရှုခင်းတွေ၊ သံလွင်တံတားကြီး၊ [...]
ကျွန်တော်က ကျွန်တော်သခင်သွားရာနောက် တကောက်ကောက်လိုက်ရတဲ့ ကျောပိုးအိတ်ကလေးပေါ့။ တနေ့ ကျွန်တော့်သခင်က ကျွန်တော့်ကို ပြည်ကို ခရီးသွားကြမယ်လို့ ခပ်တိုးတိုးလေးပြောပါတယ်။ shirikittara 2.0 ဆိုပဲ။ ဘာလဲတော့ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော့်အတွက်က ခရီးသွားရမယ်ဆိုတဲ့ စိတ်လှုပ်ရှားမှုသာရှိပါတယ်။ အဲဒီနေ့က Aug 29th။ ကျွန်တော့်သခင်က အပြင်က ပြန်ရောက်ရောက်ချင်း ခဏနားစေပြီး ညနေစောင်းလောက်မှာ ကျွန်တော့်ဗိုက်ထဲကို ရှပ်အကျီတစ်ထည်၊ rain coatတစ်ထည်၊ ဦးထုပ်တစ်လုံး၊ စာအုပ်တစ်အုပ်၊ သွားပွတ်တံနဲ့ တစ်ရှူးစတာတွေကို ထည့်ပါတယ်။ ည ၉နာရီလောက်မှာ ကျွန်တော့်သခင်က ကျွန်တော့်ကိုခေါ်ပြီး အိမ်ကနေ ထွက်လာတာကစပြီး ကျွန်တော့်ဘ၀အတွက် မမေ့နိုင်စရာ ခရီးတစ်ခု အစပြုပါတော့တယ်။ အဖြူရောင်တွေတရုံးရုံးနဲ့ ကားပေါ်တက်ကြတော့ ကျွန်တော့်သခင်က ကျွန်တော့်ကို သူ့အပေါ်တည့်တည့်က စင်ပေါ်မှာ နေစေပါတယ်။ ကျွန်တော်နည်းနည်းတော့ စိတ်မကောင်းဖြစ်သွားတယ်။ [...]
Aprilလ 11ရက်နေ့ကစ 21ရက်နေ့အထိဖြစ်တဲ့ မြန်မာပြည်ရဲ့ အရှည်ဆုံးသော အစိုးရရုံးပိတ်ရက်ကြီးရောက်လာပြန်ပါပြီ။ ကိုယ်စီကိုယ်စီ သူ့အစီအစဉ်နဲ့သူ ဖြစ်နေလောက်ပါပြီ။ ကျွန်မရော.. ။ ရှိတာပေါ့။ (၁) စာကျက်မယ်။ မေလမှာ ပြန်တက်ရမယ့် အတန်းမှာ စာလိုက်နိုင်အောင် ပေါ့ပေါ့လျော့လျော့ နေထားတဲ့စာတွေကို ပြန်ကျက်ရမယ်။ (၂) စာဖတ်မယ်။ စာမဖတ်ဖြစ်တာ တော်တော်ကြာပြီ။ ebook တော့မဖတ်ချင်ဘူး။ စုထားတဲ့ စာအုပ်တွေဖတ်ရမယ်။ အများကြီးရှိတယ်။ (၃) အိပ်မယ်။ ဒါလောက်ပါပဲ။ အားလုံးပဲ သင်္ကြန်ကာလအတွင်းမှာ အန္တာရယ်ကင်းကင်းနဲ့ ပျော်နိုင်ကြပါစေ။
ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ၊ တနင်္လာ ငွေဆောင်မှာရောက်နေခဲ့တယ်။ ပြန်ရောက်လာတော့ အလုပ်ရော၊ သင်တန်းရော၊ လူမှုရေးတွေပါ ပိနေတဲ့အပြင် အလွန်တရာ သောင်းကျန်းခဲ့တဲ့ အရှိန်နဲ့ ကိုယ်ကိုယ်တိုင်က ခုထိ အိပ်ရေးမ၀သေးပါ။ စာရေးချင်ပေမယ့် မရေးနိုင်ဘူး ဖြစ်ဖြစ်နေတယ်။ အိပ်ပျော်ပျော်သွားလို့။ စိတ်ထဲမှာ ရေးစရာစာတွေ၊ ပေါ်လာနေတဲ့ ကဗျာအပိုင်းအစတွေရှိနေပေမယ့် ချမရေးဖြစ်ဘူး။ လွင့်သွားတော့မှာပဲ။ လောလောဆယ် လုပ်ဖြစ်နေတာက — သီချင်းကတော့ လူလည်အာရှသားကို ရေရေလည်လည် နားထောင်နေတယ်။ (အဲဒီထဲက သီချင်းတွေဆိုပြီး ကတောင်ကခဲ့သေးတယ် ငွေဆောင်မှာ အဟက် အဟက်) ဝေမှူးသွင်ရဲ့ အသဲကွဲလူရွှင်တော် ဖတ်နေတယ်။ အဟောင်းပါ။ (တနေ့ ၅ရွက်နှုန်းနဲ့) ကျန်တာတော့ အလုပ်သွားတယ်။ အိပ်တယ်။ အိပ်တယ်။ ကဲ … နောက်မှပဲ။
ကျွန်မခုတလော စာတွေလည်းမရေးဖြစ်သလို ဖတ်လည်းမဖတ်ဖြစ်ဘူး။ အပျင်းပိုးလေး ဖြစ်နေတာ။ ဟိုလိုလိုဒီလိုလိုလေးကိုလည်း banner ကအစ ပြန်ပြောင်းမယ် စဉ်းစားထားပေမယ့် ထိကိုမထိဖြစ်ဘူး။ ခုထားထားတဲ့ banner ကလည်း ယာယီဆိုပြီး ထည့်ထားတာ။ ပြီးမှ ပြန်ပြောင်းမယ်ဆိုတာ နှစ်တောင်ပေါက်တော့မယ်။ blogspot ကလည်းဝင်ရတာ လက်ပေါက်ကတ်တယ်။ ခုနောက်ပိုင်းဆို ကိုယ့်ရဲ့ dashboard ထိတောင် မရောက်တောင် တော်တော်ကြာနေပါပြီ။ အားလုံး mail to blogger ပဲလုပ်နေတာ။ တင်ထာတဲ့ စာတွေလည်း alignment တွေ မညီတာ ဒီအတိုင်း ထိုင်ကြည့်နေဖြစ်တယ်။ cbox မှာ နှုတ်ဆက်တဲ့သူ ပိုပို ရှားလာတာ။ visitor count မတက်လာတာတွေကိုတော့ မသိချင်ယောင်ပဲ ဆောင်ထားတော့တယ်။ အရင်က အသားကုန်ဖတ်ဖြစ်တဲ့ blog တွေကိုလည်း google [...]
My Web My Style ဆိုတဲ့ပြိုင်ပွဲ၊ ပြပွဲလေးကို ဒီနေ့ MICT မှာပြုလုပ်ခဲ့ပါတယ်။ ကိုဘလာဂေါက်ဦးစီးတဲ့ တကိုယ်ရေအင်တာနက်စာမျက်နှာများပြပွဲဆိုတာပါ။ ပြိုင်ပွဲဝင်ဆိုဒ်တွေထဲက နောက်ဆုံး စကာတင်ဆိုဒ် 15ခုကို ပြထားပြီး ပရိသတ်တွေရဲ့မဲစနစ်နဲ့ဆုပေးပါတယ်။ ပရိသတ်အကြိုက်ဆုံးဆုရသွားသူကတော့ ကိုမျက်လုံး၊ ဒုတိယက ကိုမောင်လှ၊ တတိယက 969 က မောင်ခပါ။ ပွဲအကြောင်းကိုတော့ မယမင်းရဲ့ ရွှေမြန်မာ မှာလည်းဖတ်ကြည့်နိုင်ပါတယ်။ အဓိကရေးချင်တာက ဒီနေ့အရမ်းပျော်တဲ့အကြောင်းပါ။ တခါမှမတွေ့ဘူးသေးတဲ့ mysteryzillion ကလူတွေကိုနဲ့လည်း ဆုံရတွေ့ရတယ်။ ဓါတ်ပုံတွေရိုက်ရတယ်။ နောက် 969 ကမောင်လေးနှစ်ယောက်ဆီက စက္ကူအရုပ်လေးရခဲ့တယ်။ (အင်း လုခဲ့တယ် ဆိုပိုမှန်မလား။) ဒီနေ့အတွက်တော့ အဲဒါအပျော်ဆုံးပဲ။ မနက်ပွဲစကတည်းက အဲဒီအရုပ်ကလေးကို သဘောကျနေတာလေ။ တောင်းရမှာအားနာလို့။ နောက်ဆုံးတော့ လက်ကမချတာနဲ့ ပေးလိုက်ကြတာဖြစ်မှာပါ။ ဘာဖြစ်ဖြစ် သိပ်ဝမ်းသာပါတယ်။ (thz [...]
အကြိုက်ဆုံး၊ သဘောအကျဆုံးအချိန်၊ နှစ်တစ်နှစ်ကုန်ပြန်ဦးမယ်။ အေးတယ်။ ခံစားချက်တွေရော။ အားလုံး။ ၀ိုင်းဝိုင်းရဲ့ အိမ်လွမ်းသူ သီချင်းပဲ နားထဲကြားယောင်တယ်။
2008 တစ်နှစ်ကုန်တော့မယ်။ အနောက်ကိုပြန်လှည့်ကြည့်တော့ အမှတ်ရစရာချည်းပဲ။ အမှတ်တရအနေနဲ့ ကျွန်မနှင့်…. ဆိုပြီး အတွဲလိုက် တင်ဖို့စိတ်ကူးထားပါတယ်။ စိတ်ဝင်စားရင် လာဖတ်ကြပါဦးလို့။