Archive for the ‘Article’ Category

လူ ၁။ နေရာသစ်တစ်ခုရောက်တိုင်း တော်ရုံနေသားမကျနိုင်တာကလည်း အကျင့်ဆိုးဆိုးတစ်ခု။ အလုပ်ခွင်ဆိုပေမယ့် အရာအားလုံးက ထူထောင်ခါစမို့လို့ ပုံသေအရာမရှိသေး။ မနက် ၈နာရီကစ စာတွေသင်လိုက်၊ သင်တန်းရှိရာပြေးတက်လိုက်၊ စည်းမျဉ်းတွေလေ့လာလိုက်နဲ့ ညနေ၅နာရီဆို အိမ်ပြန်။  လေ့ကျင့်ရေးတွေနဲ့ချည်း တနေကုန်တော့ အလုပ်ခွင်ထက် စာသင်ကျောင်းနဲ့သာ ပိုတူနေပါသေးတယ်။ နေသားမကျတကျ၊ အချင်းချင်းကလည်း ရင်းနှီးကာစ၊ အသွားအပြန်လမ်းချင်းတူတဲ့ တချို့တလေနဲ့ ကားပေါ်ဆုံတော့လည်း အတွေ့အကြုံဖလှယ်ရင်း စကားစမြည်ပေါ့။ အသင်းတွေ အသီးသီးခွဲထားတဲ့အတိုင်း နေရတော့ ကျွန်မက ခပ်အေးအေး တရုတ်မလေးတစ်ယောက်ရဲ့အသင်းမှာ အသင်းသားတစ်ယောက်။ လူတွေအကုန်က ခပ်အေးအေး။ အဆင်ပြေပြေပါပဲ။ အပြန်လမ်းမှာ အတူတူဆုံနေကြ ကောင်မလေးကတော့ ကျွန်မထက် နံပါတ်တစ်ခုငယ်တဲ့ အသင်းက အသင်းသား။ သူ့အသင်းအကြောင်း ခဏခဏ ပြောပြောပြနေတဲ့အထဲ “အစ်မ သိလား.. အဲတစ်ယောက်ကလေ.. ပြောတယ်.. သူ့အနားသိပ်မကပ်နဲ့.. သူ [...]

if i die now, …

Posted: February 14, 2010 in Article, thoughts
Tags:

အလွန်အမင်း ပူပြင်းခြောက်သွေ့လျက် အေးအောင်လုပ်ပေးနိုင်သည်ဆိုသော ကိရိယာပင်လျှင် လျှပ်စစ်မီးချို့ယွင်းချက်ကြောင့် အေးမြခြင်းငှာ မစွမ်းဆောင်နိုင်သော အနှီတခုသော နေ့လယ်ခင်းတစ်ခုတွင် အကျွန်ုပ်သည်လည်း အများသူငါ ကြည့်မြင်ခြင်းငှာ မစွမ်းနိုင်သော ချောင်တစ်ချောင်တွင် ကပ်နိုင်သမျှ ကုတ်ကပ်ထိုင်နေချိန်။ ကျွန်ုပ်၏ရှေ့မှောက်တွင်ကား ကိုးနတ်ရှင် ကြွတချက် မကြွတချက် ဖြစ်လတ္တံ့သော လယ်တောတစ်လုံးချလျက် ဟိုသည်ကို ဆည်းပူးလေ့လာသယောင် ဤသည်ကို စေ့ငုသုံးသပ်သယောင်သော အမှုကိုပြုလျက် ကိုးနတ်ရှင် ကြွလာလို ကြွလာငြား လုပ်ဆောင်ချက်ခလုတ်များစွာထဲမှ ပြန်လည်သစ်ဆန်းမှုခလုတ်တစ်ခုကို တွင်တွင်နှိပ်လျက် ရှိနေတော့ချေသည်တည့်။ အေးဆေးငြိမ်သက်စွာ နေနိုင်ခြင်းဘက်၌ ပါရမီအခံနည်းပါးရှာသော ကျွန်ုပ်သည် စဉ်းငယ်ခန့်မျှသော အချိန်၌ပင် ပျင်းရိငြီးငွေ့လာလျက် မည်သူ့အား နှောင့်ယှက်ရသော် သင့်တော်လေအံ့ဟု ၀ဲယာ ဘေးဘီအား ရှုစားလတ္တံ့လေလျှင်။ မိန့်မိန့်အိန့်အိန့်ကြီး ထိုင်လျက် မွေးမြူရေးလုပ်ငန်း၌ အာရုံဝင်စားနေအံ့သော၊ ထွန်ယက်စိုက်ပျိုးဖြင်းဖြင့် ပျော်မွေ့လျက်ရှိသော၊ မုန့်ဖုတ်ခြင်းလုပ်ငန်းကို တွင်တွင်ကြီး [...]

တနေ့က ကျွန်မ gmail status message မှာ “စိတ်ဓါတ်အ၀ီစိထိရောက်နေပါသည်.” လို့တင်ထားမိတယ်။ တကယ်လည်း ကိုယ့်ကိုယ်ကို ဒေါသထွက်၊ အပြစ်တင်၊ အားမလိုအားမရဖြစ်ရင်း မုန်းတဲ့အဆင့်ရောက်လာလို့ Fall in Hell ဆိုတဲ့ပို့စ်လေးတောင် ရေးဖြစ်ပါရောလား။ ကျွန်မက ကျွန်မတစ်ယောက်လည်း အလိုမကျဖြစ်နေတယ် မှတ်တာ။ ဘယ်ဟုတ်ပါ့မလဲ။ တခြားမကြည့်နဲ့ gmail status message တွေမှာတင် စိတ်ဓါတ်ကျသံပါတဲ့ message တွေပုံလို့။ online မှာလည်း ဟိုလူက စိတ်တွေလေ၊ ဒီလူက စိတ်တွေလွင့်နဲ့။ ခေါင်းကိုက်ရတာနဲ့၊ မျက်မှောင်ကြုတ်ထားရတာနဲ့။ အမြင်ပုံစံအရတော့ ကျွန်မတို့အားလုံး ရယ်မောပျော်ရွှင်နိုင်နေသေးတာပဲ။ ဒါပေမယ့် ရယ်မောနေတာနဲ့အတူ အလိုမကျခြင်းတွေက တွဲပါနေကြတယ်။ ဘာလို့များပါလိမ့်။ ဒီခေတ်ကြီးထဲမှာ အသက်ရှင်နေရတဲ့ ကျွန်မတို့မှာ လိုချင်တာတွေ၊ ဖြစ်ချင်တာတွေ သိပ်များလာတာကိုး။ လူဆိုကတည်းက [...]

JLPT

Posted: February 25, 2009 in Article

JLPT (Japanese Language Proficiency Test) Japan Educational Exchange & Services (JEES) မှကြီးမှူးကျင်းပသောဂျပန်စာ အရည်အချင်းစစ် စာမေးပွဲဖြစ်ပါသည်။ mother language ဂျပန်မဟုတ်သော လူတိုင်းအတွက်ရည်ရွယ်သော စာမေးပွဲဖြစ်ပါသည်။ JLPT စာမေးပွဲကို 1984 မှာစတင်ခဲ့ပြီး၊ နိုင်ငံပေါင်း 15နိုင်ငံတွင် ဖြေဆိုသူပေါင်း 7,000လောက်ဖြင့်သာ စတင်ကျင်းပခဲ့သည်။ 2005ခုနှစ်တွင်မူ နိုင်ငံပေါင်း 50တွင် ဖြေဆိုသူပေါင်း 350,000အထိတိုးတက်လာခဲ့သည်။ JLPT စာမေးပွဲတွင် အဆင့်လေးဆင့်ရှိသည်။ အခြေခံမှာ level 4 ဖြစ်ပြီး၊ အမြင့်ဆုံး level 1 ဖြစ်သည်။ ယင်းစာမေးပွဲကိုတစ်နှစ်လျှင် တစ်ကြိမ် ဒီဇင်ဘာလတွင် ကျင်းပလေ့ရှိသည်။ (ယခုအခါ တရုတ်၊ ကိုရီးယား စသည့် အချို့သောနိုင်ငံများတွင်မူ တစ်နှစ်လျှင်နှစ်ကြိမ်ကျင်းပလျက်ရှိသည်။) ဂျပန်နိုင်ငံသာမက [...]

ကြိုးစားမယ်။ ကြိုးစားစို့။ ကြိုးစားစမ်း။ ဒီစကားလုံးလေးတွေဟာ ကျွန်မတို့တွေ အမြဲလိုလို ပြောနေကျ၊ အပြောခံနေကျရတဲ့ စကားလေးတွေ မဟုတ်ပါလား။ ကိုယ့်ကိုယ်ကို အားပေးတဲ့စကား၊ သူများကိုအားပေးတဲ့စကား၊ ကိုယ့်ကိုအားဖြစ်စေတဲ့စကား အဲဒီလိုပဲ သတ်မှတ်ထားပါတယ်။ 1996ခုနှစ်ထုတ် ဂျပန်သတင်းစာတစ်စောင်ရဲ့ ဆောင်းပါးတစ်ပုဒ်မှာပါတဲ့ အကြောင်းအရာလေးကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ ကြိုးစား ဆိုတဲ့စကားလုံးကို မတိကျ မရေရာတဲ့ စကားလုံးလို့ ဆိုထားပါတယ်။ လူသားတိုင်းဟာ ပင်ကိုယ်အားဖြင့် ကြိုးစားမယ်လို့ မပြောလည်း ကြိုးစားပြီးသားဖြစ်ပါတယ်။ ကြိုးစားမယ်လို့ ထုတ်ပြောလိုက်ပြီဆိုရင်တော့ ပြောင်းပြန်အနေနဲ့ စိတ်ဖိစီးမှုနဲ့ စိတ်လှုပ်ရှားမှုဒဏ်တွေကြောင့် တကယ့်အရည်အချင်းကို မပြနိုင်ဘဲ ကျေနပ်လောက်တဲ့ရလဒ်တွေမရနိုင်တာက ပိုများတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း လူသားတွေဟာ ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ် သူများကိုပဲဖြစ်ဖြစ် ကြိုးစားပါ့မယ် ဆိုတာမျိုး၊ ကြိုးစားကြစို့ ဆိုတာမျိုး၊ ကြိုးစားစမ်းပါ ဆိုတာမျိုး မကြာခဏအသုံးပြုနေကြပါတယ်။ သေသေချာချာ စဉ်းစားကြည့်ရင် [...]

Love and Me

Posted: December 15, 2008 in Article, idea

အချစ်။ ပိုင်ဆိုင်ခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း၊ ပေးဆပ်ခြင်း၊ ရယူခြင်း၊ အဓိပ္ပါယ်ပေါင်းများစွာ။ ကျွန်မအတွက်တော့ အချစ်ဆိုတာ ခပ်ဝေးဝေးက ကြယ်တစ်ပွင့်သာ ဖြစ်ပါသည်။ ဆယ်ကျော်သက်အချိန်မှာ ကြုံဆုံခဲ့ရတဲ့ အချစ်တွေဟာ ရင်ခုန်စရာအကောင်းဆုံး၊ အဖြူစင်ဆုံး၊ မမေ့နိုင်ဆုံး၊ တန်ဖိုးအရှိဆုံးလို့ ဆိုစမှတ်ရှိကြပါသည်။ ကျွန်မအတွက်ရော.. အဲဒီအချိန်က ကျွန်မဘာလုပ်နေခဲ့ပါလိမ့်။ ရင်ခုန်သယောင် ရှိဖူးကောင်းရှိဖူးခဲ့လိမ့်မည်။ သေချာတာကတော့ ၀မ်းနည်းစရာကောင်းလှစွာ ကျွန်မမှာ အမှတ်ရစရာ ဆယ်ကျော်သက်ဇာတ်လမ်းမျိုးရှိမနေပါ။ တော်ရုံတန်ရုံ အစွမ်းအစလောက်နဲ့ အချစ်ဆိုသော အရာသည် ကဗျာများ၊ စာများ၊ သီချင်းများ၊ နေရာတိုင်းတွင် နေရာယူနိုင်မည်မဟုတ်ပါ။ အမှန်တကယ်အစွမ်းထက်မည်မှာ သေချာပါသည်။ ထိုအချစ်ကြောင့်ပင် အောင်မြင်တတ်ကြသည်။ ထိုအချစ်ကြောင့်ပင် ကျရှုံးတတ်ပါသေးသည်။ အဆိုများအရ ချိုမြိန်မှု၊ ခါးသီးမှု၊ ပျော်ရွှင်မှု၊ နာကျင်မှု ဆန့်ကျင်ဘက်အရသာ တော်တော်များများကို ပေးစွမ်းတတ်ပါသေးသည်။ အချစ်ဆိုတာ ဘ၀တစ်ခုလုံးမဟုတ်ပေမယ့် အရေးကြီးဆုံး [...]

Body Tempo

Posted: August 14, 2008 in Article

ဇီဝနာရီ ကမ္ဘာကြီးဟာ ကျဉ်းမြောင်းလာတာနဲ့အမျှ လူသားတွေရဲ့ လှုပ်ရှားမှုဘောင်ဟာလည်း ကျယ်ပြန့်လာပါတယ်။ အတိတ်တုန်းက တော်တော်နဲ့ မရောက်နိုင်ခဲ့တဲ့နေရာတွေဟာလည်း ခုချိန်မှာတော့ သွားနိုင်လာပြီး၊ မွေးရပ်မြေလွမ်းတဲ့ကဗျာတို့ သီချင်းတို့ဆိုတာလည်း အတိတ်မှာ ကျန်ရစ်ခဲ့ပါပြီ။ ပုံပြင်တွေထဲကလို လနတ်သမီးက လကမ္ဘာကို ပြန်သွားလို့ လိုက်သွားချင်တယ်ဆိုရင်တောင် လိုက်သွားလို့ရနိုင်တဲ့ ခေတ်ဖြစ်လာပါတယ်။ ဒါပေမယ့် အဝေးမှာ ရှိတဲ့အရာကို နီးအောင်လုပ်တယ်ဆိုတဲ့နေရာမှာလည်း ခန္ဓာကိုယ်တင်မက စိတ်ကိုပါ အလွန်အကျွံဖြစ်စေတဲ့ ကိစ္စမဟုတ်ပါလား။ ခုတလော ဇီဝကမ္မဗေဒပညာရှင် တစ်ယောက်ရဲ့ ပြောစကားကို ဖတ်ပြီး စိတ်ထဲက ချီးကျူးမိပါတယ်။ လူသားတွေရဲ့ နှလုံးဟာ အကြမ်းအားဖြင့် ၁ စက္ကန့်မှာ ၁ ကြိမ်ခုန်ပြီး၊ ကြွက်တွေက ၀.၁ စက္ကန့်မှာ ၁ ကြိမ် ခုန်ပါတယ်။ ဆင်တွေကတော့ ၁ ကြိမ် နှလုံးခုန်ဖို့ ၃ [...]

Excessive Wrapping

Posted: July 13, 2008 in Article

အလွန်အကျွံထုပ်ပိုးခြင်း ကုန်တိုက်များ၊ ဈေးဆိုင်များ၌ ဈေးဝယ်ကြရာတွင် ၀ယ်ယူသောပစ္စည်းများကို ဆိုင်မှ စက္ကူဖြင့်ထုပ်ပိုးပေးသည်။ တဖန် ပလတ်စတစ်အိတ်တွင် ထည့်သည်။ စက္ကူနှင့် ပလတ်စတစ်များကို အထပ်ပေါင်းများစွာ အသုံးပြုသည့် အခါမျိုးလည်း ရှိသည်။ ထိုသို့အထပ်ထပ်ထုပ်ပိုးခြင်းသည် ကျွန်တော်တို့အတွက် မထူးဆန်းသော ဖြစ်ရိုးဖြစ်စဉ် သာမန်ကိစ္စဟုသာထင်ကြသည်။ သို့သော် ထိုစက္ကူများ၊ ပလတ်စတစ်များသည် အမှန်တကယ် လိုအပ်ပါသလား။ အိမ်သို့ပြန်ရောက်ပြီး ၀ယ်ယူလာသောပစ္စည်းများကို ထုတ်ယူသည့်အခါ အိမ်ရှိအမှိုက်ခြင်းသည် စက္ကူများ၊ ပလတ်စတစ်များဖြင့် ပြည့်လာတော့သည်။ ယခုအတောအတွင်း အမှိုက်ကိုလျော့ချရအောင် ဆိုသောအတွေးအကြံသည် အားကောင်းလာခဲ့သည်။ ထုပ်ပိုးစက္ကူများ၊ ပလတ်စတစ်အိတ်များသည် များပြားသောအမှိုက်ကိုဖြစ်လာစေသည် ဟုဆိုသည်။ ထို့ကြောင့် ကုန်တိုက်များတွင်လည်း ထိုသို့ အလွန်အကျွံထုပ်ပိုးခြင်းကို တစတစလျော့ချလာကြသည်။ ကုန်တိုက်ကြီးများတွင် အမျိုးမျိုးသော တီထွင်ပြောင်းလဲမှုများကို စတင်လာခဲ့ကြသည်။ တခုသောကုန်တိုက်သည် ဈေးဝယ်လာသည့်အခါ မိမိကိုယ်ပိုင်အိတ်ကို ယူဆောင်လာလျှင် ကဒ်ပြား၌အမှတ်အသားလုပ်ပေးပြီး၊ [...]

Excessive Wrapping

Posted: July 13, 2008 in Article

အလွန်အကျွံထုပ်ပိုးခြင်း ကုန်တိုက်များ၊ ဈေးဆိုင်များ၌ ဈေးဝယ်ကြရာတွင် ၀ယ်ယူသောပစ္စည်းများကို ဆိုင်မှ စက္ကူဖြင့်ထုပ်ပိုးပေးသည်။ တဖန် ပလတ်စတစ်အိတ်တွင် ထည့်သည်။ စက္ကူနှင့် ပလတ်စတစ်များကို အထပ်ပေါင်းများစွာ အသုံးပြုသည့် အခါမျိုးလည်း ရှိသည်။ ထိုသို့အထပ်ထပ်ထုပ်ပိုးခြင်းသည် ကျွန်တော်တို့အတွက် မထူးဆန်းသော ဖြစ်ရိုးဖြစ်စဉ် သာမန်ကိစ္စဟုသာထင်ကြသည်။ သို့သော် ထိုစက္ကူများ၊ ပလတ်စတစ်များသည် အမှန်တကယ် လိုအပ်ပါသလား။ အိမ်သို့ပြန်ရောက်ပြီး ၀ယ်ယူလာသောပစ္စည်းများကို ထုတ်ယူသည့်အခါ အိမ်ရှိအမှိုက်ခြင်းသည် စက္ကူများ၊ ပလတ်စတစ်များဖြင့် ပြည့်လာတော့သည်။ ယခုအတောအတွင်း အမှိုက်ကိုလျော့ချရအောင် ဆိုသောအတွေးအကြံသည် အားကောင်းလာခဲ့သည်။ ထုပ်ပိုးစက္ကူများ၊ ပလတ်စတစ်အိတ်များသည် များပြားသောအမှိုက်ကိုဖြစ်လာစေသည် ဟုဆိုသည်။ ထို့ကြောင့် ကုန်တိုက်များတွင်လည်း ထိုသို့ အလွန်အကျွံထုပ်ပိုးခြင်းကို တစတစလျော့ချလာကြသည်။ ကုန်တိုက်ကြီးများတွင် အမျိုးမျိုးသော တီထွင်ပြောင်းလဲမှုများကို စတင်လာခဲ့ကြသည်။ တခုသောကုန်တိုက်သည် ဈေးဝယ်လာသည့်အခါ မိမိကိုယ်ပိုင်အိတ်ကို ယူဆောင်လာလျှင် ကဒ်ပြား၌အမှတ်အသားလုပ်ပေးပြီး၊ [...]

ဂျပန်နိုင်ငံ အနောက်ပိုင်း ကမ်ဆိုင်ဒေသရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် ပျော်ပွဲရွှင်ပွဲများ၌ မိုးပျံပူဖောင်း လွှတ်တင်ခြင်းကို ရပ်ဆိုင်းထားခဲ့သည်။ အပြာရောင်ကောင်းကင်သို့ လွင့်တက်သွားသော မိုးပျံပူဖောင်းကို ကြည့်ရှုရခြင်းသည် ကလေးများအတွက်သာမက လူကြီးများအတွက်ပါ စိတ်ကြည်နူးဖွယ်ရာ ကောင်းလှသည်။ သို့သော် မကြာသေးခင်က ထိုမိုးပျံပူဖောင်းများသည် ပြသနာများကို ဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့ကြသည်။ မိုးပျံပူဖောင်းများသည် ထင်ထားသည်ထက်ပိုဝေးဝေးသို့ လွင့်သွားကြပြီး မည်သည့်နေရာတွင် အောက်သို့ကျမည်ကို မသိနိုင်ကြပေ။ ပင်လယ်ရေ မျက်နှာပြင်ပေါ်တွင် ပြုတ်ကျနေသော မိုးပျံပူဖောင်းများကို ဝေလငါး၊ လိပ် စသော သတ္တ၀ါများက စားမိကြရာ အစာအိမ်၊ အူ တို့တွင် မိုးပျံပူဖောင်းပိတ်ဆို့၍ သေကြရသော ကိစ္စများကိုလည်း အများအပြားတွေ့ရှိခဲ့ရသည်။ ထိုမူလတန်းကျောင်းတစ်ခုတည်းတွင်သာမက မိုးပျံပူဖောင်း လွှတ်တင်ခြင်းနှင့် ပတ်သက်၍ အမျိုးမျိုးသော ပြောဆိုမှုများသည် ဆက်လက်ဖြစ်ပွားနေသည်။ သေးငယ်သောကိစ္စဖြစ်သော်လည်း ပတ်ဝန်းကျင်ပျက်စီးခြင်းနှင့် ပတ်သက်မည်ဆိုလျှင် မိုးပျံပူဖောင်းလွှတ်တင်ခြင်းကို [...]