တချို့များကတော့ ဘ၀ကို အစီအစဉ်တကျ စီမံကိန်းတွေချလို့ ဖြတ်သန်းကြတယ်။ ဒီနှစ်မှာ ဘာဖြစ်ရမယ်။ ကိုယ်က ဘာလိုချင်တယ်၊ ဘာဖြစ်သင့်တယ်။ ဘယ်လမ်းကိုလျှောက်မယ်။ ဒါအဆင်မပြေခဲ့ရင် ဘယ်ဟာကို အစားထိုးမယ်။ စသဖြင့် စည်းစနစ်ကျကျ စီမံကြသူတွေ ဒုနဲ့ဒေး ရှိသလို၊ အဆင်ပြေသလိုလေးဆိုပြီး ရေလိုက်ငါးလိုက်နဲ့ ပြီးသွားကြတဲ့လူတွေလည်း တပုံတပင်ရှိမှာပါ။ ဖြစ်ချင်တာတွေ ရည်ရွယ်ချက်တွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် ဘယ်အချိန် ဘာဖြစ်ရမယ်။ ဘာညာ မစဉ်းစားထားဘဲ ဖြစ်လာသမျှကို အဆင်ပြေသလိုဆိုပြီး နေထိုင်နေကြတဲ့ လူအမျိုးအစား။ ခပ်ညံ့ညံ့လူတွေလို့ပဲ သတ်မှတ်ကြလေမလား။ ကျွန်မကတော့ ဒုတိယလူအမျိုးအစားထဲမှာ သေသေချာချာကြီးကို ပါဝင်ပါတယ်။ စီမံကိန်းတွေ၊ ကြိုတင်ပြင်ဆင်မှုတွေဆိုတာလည်း ကျွန်မနဲ့ ခပ်ဝေးဝေးမှာပဲ ရှိနေကြပါတယ်။ ဒီအရွယ်အထိ ကျွန်မလျှောက်ခဲ့တဲ့လမ်း၊ ကျွန်မရောက်နေတဲ့နေရာ၊ ကျွန်မရွေးခဲ့တဲ့အလုပ် အားလုံးဟာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ဖြစ်ပေမယ့်၊ ဒီအရာတွေအတွက် ကျွန်မ [...]
Archive for the ‘about me’ Category
ခုတလော….. ခေတ်ကာလကြီးတိုးတက်လာတာနဲ့အမျှ တဖက်မှာအကောင်းတွေ ရှိသလို၊ တဖက်မှာ ပင်ပန်းဆင်းရဲ ရတာတွေလည်း ပိုများလာတယ်။ တစ်နေ့ထက် တစ်နေ့အသက်ပိုကြီးကြီးလာလို့လည်း ဒီလိုတွေးမိတာ ဖြစ်ကောင်းပါတယ်။ ဟိုတလော တကယ်ပင်ပန်းတယ်ရှင့်။ လူတစ်ယောက်မှာ စိတ်ဖိစီးမှုရှိတယ်။ နည်းတယ် များတယ်ဆိုတာ အဲဒီလူရဲ့ ခံယူချက်နဲ့ပဲ ဆိုင်ပါလိမ့်မယ်။ ပင်ပန်းအောင်လည်း ကိုယ်ကိုယ်တိုင်ပဲ လုပ်နိုင်သလို၊ ပေါ့ပါးအောင်လည်း ကိုယ်ကိုယ်တိုင်ပဲ လုပ်နိုင်ပါတယ်။ ဖြေရှင်းစရာ ပြသနာတွေကလည်း ဒီအတိုင်းပဲ ရှိနေတုန်းပဲ။ အဆင်မပြေမှုတွေကလည်း မပြေလည်နိုင်သေးဘူး။ ပင်ပန်းမယ်ဆို ဆက်ပြီး ပင်ပန်းစရာချည်းပဲ။ ဒါပေမယ့် ရုတ်တရက်ကြီး ဒီနှစ်ရက် ပေါ့ပါးသွားတယ်။ ဘာမှ မပြောင်းလဲပါဘဲနဲ့၊ အလိုလို ပေါ့ပါးနေတယ်။ မနက်အစောကြီး ထကြည့်တော့ အအေးဓါတ်တော်တော်ရနေပြီ။ ဒီရာသီဥတုက တစ်နှစ်တာလုံးမှာ အနှစ်သက်ဆုံးရာသီဥတု။ ဒီအချိန်အခါကို တစ်နှစ်လုံးမှာ အကြိုက်ဆုံး။ ကိုယ့်ဘာသာ အာရုံတွေများနေပြီး [...]
Oops.. ဘ၀ရဲ့ သုံးပုံတစ်ပုံကို ရောက်ပါပေါ့လား။ သွားရင်း လာရင်း လုပ်ရင်း ကိုင်ရင်း တွေ့တဲ့လူ တော်တော်များများကို ကလေးတွေလို့ပဲ မြင်မြင်လာနေတော့သည်။ (ဒီကလေးမလေး ချစ်ဖို့ကောင်းလိုက်တာ..။ အော်.. ကလေးတွေကိုး.. အပူအပင်မရှိဘူးပေါ့..။ ငယ်သေးတာကိုး.. ဒီလိုပဲပေါ့..။ အစရှိသဖြင့် ) တကယ် ကိုယ့်ထက် ငယ်မငယ် မသိ။ ငယ်တယ်ချည်း ထင်နေတတ်လာသည်။ မျှော်လင့်ထားသည်များ.. ပန်းတိုင်များ.. ကြီးကြီးမားမား ထင်ထင်ရှားရှား မရှိတော့၍ပဲလား မသိ။ တနေ့ တနေ့ ရယ်နေ မောနေရင်းကကို နေရထိုင်ရတာ ပျင်းခြောက်ခြောက်ကြီး ဖြစ်ဖြစ်လာသည်။ ဟိုး.. အရင်လို အနောက်ပဲ လှည့်ရင်းလည်း မသွားချင်တော့သလို။ ရှေ့ကိုလည်း မျှော်ကြည့်စရာ မရှိတော့တော့ အချိန်တွေကို ရစ်ပစ်ပြီး အသက် ၄၀ လောက်ကို တခါတည်း ကျော်သွားလို့ [...]
/*** အလုပ်မလုပ်ဘဲ ကျွန်မမျက်နှာထိုင်ထိုင်ကြည့်နေတဲ့ သူငယ်ချင်း ရေးပေးထားတာ။ ဂုဏ်ပြုကဗျာဆိုလား။ ဒီမှာ လာတင်တာသိရင် ရှက်ပြီးသေမလား.. တက်ပြီးသေမလားဘဲ.. ။ ဒီတော့ ရှူး…….. တိုးတိုး…. တိတ်တိတ်ကလေး ဖတ်သွားကြ။ ***/ သူ့အရိပ်လေးပုံဖော်ရရင် ချည်ထမီအဆင်ဆန်းလေးတွေနဲ့ ပြုံးချိုချိုကောင်မလေးတစ်ကောင်ပေါ့ မျက်မှန်တလက် ကျဆိမ့်တခွက် အဲဒါသူအနှစ်သက်ဆုံးအရာတွေလား သူ့ရဲ့ဂုဏ်ပုဒ်ညွှန်းကာပြရင်……. ကမ္ဘာကျော်မင်းသားဘေယောင်ဂျွန်းကို သူကယောက်ျား ငါနဲ့တူစရာလားလို့ မတူမတန်သလိုရေရွတ်တတ်သူ။ လမ်းပေါ်ကကြောင်လဲမချန် သားကြီးရေသမီးလေးရေပေါင်းစုံခေါ်ရင်း ကြောင်ဇဝေဇ၀ါဖြစ်အောင်လုပ်တတ်ပါသူ။ ငရုတ်သီးမှုန့်ဗူးလက်လှမ်းမိတိုင်း ငဖြူနော်ငဖြူလို့မျက်မှန်တ၀င့်ဝင့်ကြိမ်းမောင်းတတ်သူ။ ငါကအခြောက်ဆိုအကောင်ကြီးမှကြိုက်တာလို့ မလွတ်မကင်းကြွေးကြော်တတ်သူ။ ပူစီနံဟာဇီယာပါလို့ အတင်းစွတ်ငြင်း ငြင်းမနိုင်တဲ့အဆုံး သူ့လက်သုံးစကား ငါတို့မော်လမြိုင်မှာဒီလိုပဲတဲ့ အနိုင်မခံအရှုံးမပေး အားကစားစိတ်ဓါတ်အပြည့်ရှိသူ။ စိတ်ကောက်လို့လည်းမရ အရူးမရေ အရူးမရေ ခပ်ပြုံးပြုံးလိုက်ခေါ်ရင်း မရယ်ရယ်အောင် လုပ်တတ်သူ။ နင်မိုးစိုမယ် ငါ့ထီးယူသွားလို့ (သူကတော့မိုးပြီးထားသလို) စေတနာပိုအနစ်နာခံတတ်တဲ့သူ။ ဒီလိုဒီလိုနဲ့ပဲကွယ်…. ခုဆိုငါဘေယောင်ဂျွန်းပုံမြင်တိုင်းပြုံးမိလာတယ် ထမင်းဝိုင်းမှာငခြောက်ပါတိုင်းအဲဒါဆုအရမ်းကြိုက်တာလေလို့အိမ်ကလူတွေစ,တတ်လာတယ် [...]
hololodilolo.info ဆိုတာလေးကို Mysteryzillion ရဲ့ admin ကြီး Saturngod ကလုပ်ပေးပါတယ်။ June 18 ကတည်းက ရခဲ့ပေမယ့် ကျွန်မလည်း ဘယ်လို ပြောင်းရမှန်းမသိ။ သူကလည်း လုပ်ပေးမယ်ပြောပြီး မေ့။ ဒီနေ့တော့ ရသွားပြီရှင့်။ ဒီဘက်ကပို့စ်တွေ ဘယ်လိုပြောင်းရမလဲဆိုတာ မေးမြန်းစုံစမ်းပါဦးမယ်။ အဲဒီအိမ်ကိုလည်း လိုက်ခဲ့ကြပါဦးနော့။ စကားမစပ်… ခုတလော ကျွန်မအလုပ်များတယ်။ နေမကောင်းဖြစ်တယ်။ ရေးထားတဲ့စာတွေရှိပါတယ်။ တင်မယ်နော်။ မေ့ကျန်နေလို့ပါ။ ကဗျာတွေလည်း ရေးဖြစ်တယ်။ ခဏစောင့်ပါရှင်။
ဒီနေ့ တော်တော်ပျော်တဲ့ မွေးနေ့လေးပါပဲ။ မထင်ထားတာလေးတွေနဲ့။ သိပ်လွဲလွဲချော်ချော်တော့ မရှိခဲ့ပါဘူး။ ငါ့ကို ချစ်တဲ့သူတွေ ရှိသားပဲလို့ ပြန်တွေးဖြစ်တဲ့နေ့ပေါ့။ ဆုတောင်းပေးတဲ့ သူအားလုံးကျေးဇူးတင်ပါတယ်။ ထပ်ရေးချင်ပေမယ့် ဒီနေ့ မွေးနေ့ပို့စ်တင်တာများနေပြီ။ မရေးတော့ပါဘူး။ သတိရနေတဲ့ သူတွေရှိပါတယ်။ ကျွန်မမြို့လေးက အချစ်ဆုံးသူငယ်ချင်းနှစ်ယောက် (ဝေေ၀ နဲ့ ယမင်းစိုး)။ ချင်းမိုင်ရောက်နေတဲ့ မမငု။ သူတို့လည်း သတိရနေမှာ သေချာပါတယ်။
ဒါကတော့ ကျွန်မရုံးကလူတွေ ကျွန်မတို့ရဲ့ google group မှာ တင်လိုက်တဲ့စာတွေပါ။ ဖတ်ကြည့်ကြပါဦး။ **************************************************************** ဆု ဘုန်းကြီးပါစေ။ အသက်ရှည်ပါစေ။ ကျန်းမာပါစေ။ ချမ်းသာပါစေ။ ယောက်ျားရပါစေ။ နင့်ရဲ့ ကိုတိုးကြီး ************************************************************************************** ညီမလေး ”ဆု” အတွက် မအိ ငယ်ငယ်တုန်းက စာသင်ပေးခဲ့တဲ့ အစ်ကိုကြီးတစ်ယောက်က စာနဲ့ပတ်သက်ပြီး ပြောခဲ့ဘူးတာ။ အရမ်းသဘောကျလို့ ”ဆု” အတွက် မွေးနေ့လက်ဆောင်အဖြစ်ရေးပေးလိုက်တယ်နော်။ ”ဒီနေ့ဟာ မနက်ဖြန်အတွက် နောင်တရစရာနေ့တစ်နေ့မဖြစ်ပါစေနဲ့” တဲ့ အရမ်းကောင်းတဲ့စာသားပဲနော်။ ဆု မွေးနေ့မှာ ပျော်ရွှင်ပါစေ။ မအိ ************************************************************************************** ချစ်သော မဆု မဆုရဲ့မျက်နှာပေါ်မှာ စိတ်ဆိုးတဲ့အရိပ်အယောင်ကို တစ်စွန်းတစ်စတောင် မတွေ့ဖူးဘူးနော်။ စခင်တဲ့အချိန်ကစပြီး အခုချိန်ထိပေါ့။ ပြီးတော့ ပျော်ပျော်လဲနေတတ်တယ်နော်။ အဲဒီလို နေတတ်တဲ့ မဆု တစ်ယောက် [...]
အင်း တနေ့တနေ့ ရုံးကိုလာလိုက်၊ အလုပ်လုပ်လိုက်၊ သင်တန်းလေးသွားပြေးတက်လိုက်၊ စာတွေကျက်လိုက်နဲ့ အချိန်တွေလည်းကုန်မှန်းမသိကုန် ကုန်နေလိုက်တာ။ အချိန်ကုန်နေတာနဲ့အမျှ အသက်တွေလည်း တဖြေးဖြေးကြီးကြီးလာပြီပဲ။ ဟာ အသက်ဆိုမှသတိရတယ်၊ ဒီနေ့ သူငယ်ချင်းတယောက်ရဲ့မွေးနေ့ရှိတာပဲ၊ ငါ့နဲ့နော် အရေးကြီးတဲ့နေ့ကိုမေ့နေရတယ်လို့။ သူကအလုပ်ဝင်မှခင်တဲ့သူငယ်ချင်းလေ၊ သူငယ်ချင်းဆိုပေမဲ့ ကိုယ့်ထက်တော့မဆိုစလောက်လေး ကြီးတယ်(အသက်ကိုပြောတာပါ) သူ့ပုံစံလေးကို နဲနဲပြောပြမယ်လေ သိချင်တယ်မဟုတ်လား သူကလောကကြီးကိုဘောင်ခတ်ပြီးကြည့်တဲ့သူမျိုးလေ(မျက်မှန်တပ်ထားလို့ပါ) သွားတော့မထိလိုက်နဲ့Fighter နော်၊ဘာမှတ်နေလဲ(ကိုယ်လည်း အတူတူပါပဲ) သီချင်းဆိုလည်းကောင်းတယ် ၊ ကော်ဖီလဲကြိုက်တယ် ဘီယာဆိုလည်းရတယ်(ဟ ဟ ငါကွမိန်းမ) စိတ်သဘောလည်းကောင်းတယ်၊ စိတ်ဆိုးစိတ်ကောက်တာ တခါမှမမြင်ဖူးဘူး(ကိုယ့်လိုပဲပေါ့) ခင်ဖို့ကောင်းပြီး ပျော်ပျော်ရွှင်ရွှင်ပဲနေတတ်သူလေးပါ ဒီနေ့သူ့မွေးနေ့လေ(ဪ မေ့ပြန်ပြီ နာမည်ပြောဖို့) စုဝေထွန်းလို့ခေါ်ပါတယ်၊ လှတယ်နော်(နာမည်လေးကိုပြောပါတယ်) အဟမ်း အဟမ်း (လူရှိန်အောင်ပေါ့ ) အခုကစပြီးတော့ မစုအတွက် ချစ်ညီမ ဇင်လေးက မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးပါတော့မယ်ရှင့်(ဒီလိုပဲညာစားနေတာ ကြာပေါ့) [...]
1984 နှစ်စပိုင်း…….. မိသားစုလေးတစ်စု ရှိပါတယ်။ အဖေရယ်၊ အမေရယ်၊ ၆နှစ်အရွယ်သားကြီးတစ်ယောက်ရယ်၊ ၃နှစ်အရွယ် သားငယ်တစ်ယောက်ရယ်နဲ့ မြန်မာပြည် တတိယမြို့တော်က အိမ်လေးတစ်လုံးမှာ နေထိုင်ကြပါတယ်။ သားကြီးက ခပ်ပိန်ပိန်နဲ့ ချူချာတဲ့ကလေးတစ်ယောက်ဖြစ်ပြီး၊ သားငယ်ကတော့ လုံးနေအောင် ၀ပါတယ်။ အများသူငါလိုပါပဲ။ သားနှစ်ယောက်ပဲရှိတဲ့ အဖေနဲ့အမေဟာ သမီးမိန်းကလေး တစ်ယောက်ကို တောင့်တလာကြပါတယ်။ တစ်နေ့ အမေလုပ်သူဟာ တရုတ်ဘုံကျောင်းတစ်ကျောင်းကို မိတ်ဆွေတစ်ယောက်နဲ့ အဖော်လိုက်သွားရင်း သားဆုပန်လို့ရတယ် ဆိုတာနဲ့ပဲ၊ သမီးတစ်ယောက်လိုချင်ကြောင်း ဆုတောင်း ဖြစ်ပါတယ်။ ဥာဏ်ပညာထက်မြက်ပြီး၊ ကိုယ်လက်အင်္ဂါစုံစုံနဲ့ ကျန်းကျန်းမာမာ သမီးလေးတစ်ယောက် လိုချင်ကြောင်းပေါ့။ 1984 နှစ်ကုန်ပိုင်း………. အမေလုပ်သူမှာ ကိုယ်ဝန်လွယ်ထားရပါပြီ။ ကိုယ်ဝန်ရှိစမှာပဲ အိမ်မက်မက်ပါတယ်။ အိမ်မက်ထဲမှာ ပန်းဖြူဖြူဖွေးဖွေးတွေ အများကြီးတွေ့ပါတယ်။ ပန်းတွေ ပန်းတွေ အားလုံး အဖြူတွေချည်းပါပဲ။ မွှေးလည်းမွှေးပါတယ်။ အဲဒီအိမ်မက်ကိုချည်း [...]
ဘလော့ဂ်လာ သူငယ်ချင်း၊ မိတ်ဆွေများကို ပြောပြချင်ပါသည်။ ကျွန်မ ဟိုလိုလိုဒီလိုလို(hololodilolo) ဆိုတဲ့ nick ကိုယူခဲ့တာ 2007 Sept ကတည်းကပါ။ 2007 Sept မှာ ကျွန်မရဲ့ ဟိုလိုလိုဒီလိုလိုလေးကို blogspot ကနေအစပြုခဲ့ပါတယ်။ www.hololodilolo.blogspot.com မှာတော့ ဟိုလိုလိုဒီလိုလိုကို ကျွန်မက ဘလော့ဂ်နာမည်အနေနဲ့ စပေးဖြစ်တာပါ။ ဘလော့ဂ်လေးကို နာမည်ပေးမယ်ဆိုတော့ ဟိုစဉ်းစား ဒီစဉ်းစား၊ ဟိုနာမည်ရွေး ဒီနာမည်ရွေးနဲ့ နောက်ဆုံး အမြဲတမ်း ဟိုလိုလိုဒီလိုလို ဖြစ်နေတတ်တဲ့ ကျွန်မကိုယ်ကျွန်မ အစွဲပြုပြီး ဟိုလိုလိုဒီလိုလို လို့နာမည်တပ်ဖြစ်ခဲ့ပါတယ်။ blog post တင်တော့ author, posted by တွေမှာတော့ ကျွန်မနာမည်ဖြစ်တဲ့ prizewai ကိုပဲသုံးဖြစ်ပါတယ်။ နောက်ပိုင်း ဘလော့ဂ်ဂါ သူငယ်ချင်းတွေလည်း များလာပါတယ်။ ဟိုလိုလိုဒီလိုလိုကို အကြောင်းပြုပြီး [...]