ဘ၀မှာ.. အရေးကြီးတယ်ဆိုတာ ဘာမှမရှိဘူး.. ဘ၀မှာ အရေးမပါဘူးဆိုတာ ဘာမှမရှိဘူး.. ဘ၀မှာ ဒီအမှတ်တရတွေထက် အရေးကြီးတာ အများကြီးရှိတယ်.. ဘ၀မှာ ဒီတသသတွေထက် အရေးပါတာ တခုမှမရှိဘူး.. တဖွဖွ ရွတ်ခဲ့တဲ့ ပေါ့ပေါ့ပါးပါးဆိုတဲ့ စကား.. လည်ပင်းကြိုးကွင်းစွပ်ထားသလို ထိပ်တုံးခတ်သံကွင်းလို.. I Can Fly.. မနက်ဖြန်များစွာရှိတယ်.. This, too, will pass.. ဒိုင်ယာရီအဟောင်းအနွမ်းမှ စာမျက်နှာများသာ.. useless, brainless, dependent, uncontrollable အားနာပါးနာ.. အသုံးဝင်တဲ့နေရာရှိခဲ့ရင် လက်ညိုးထိုးပြပါ.. နေသားကျမှုအဖုံးအကာများ.. နေပျောက်တစက်ထိုးတိုင်း.. sweetie ရေ…. အလွမ်းတွေက သည်းသည်းထန်ထန်…..။ ။
Author Archive
သူတို့အတွက် ပန်းပွင့်တွေဟာ ငါ့အတွက် ဓါးသွားထက်ထက်တွေ ဖြစ်တယ်.. သူတို့အတွက် မိုးကြိုးဆိုတာမျိုးကျ ငြိမ်းချမ်းမယ့် မိုးရေစက်မျိုး.. ထိုသို့ ခပ်တိမ်တိမ် အတွေးအခေါ်များပြည့်နှက်နေတဲ့ ဦးခေါင်းတစ်လုံး.. ၀ရုန်းသုန်းသား အပျော်တွေကြား ဘယ်ဘက်ရင်ဘတ်က အေးခဲသွားတဲ့အခါတိုင်း အနောက်ကိုချည်း ပြန်ပြန်လှည့်ကြည့်ဖြစ်တယ်.. ဘာမှ မတွေ့တော့မယ့် အတူတူ အေးစက်စက်လေတွေကြောင့်ပဲ ဖြစ်ပါစေ.. သစ္စာတရား၊ မေတ္တာတရား၊ သံယောဇဉ်တချို့၊ ယုံကြည်မှုနဲ့ ဒဏ်ရာအနာတရများ လူတိုင်း ငိုယိုတတ်ကြကြောင်း.. ဒဏ်ရာရတတ်ကြောင်း.. နှစ်သိမ့်မှုလိုအပ်ကြောင်း သတိထားမိတဲ့အခါ နှုတ်ခမ်းတွေ တိတ်ဆိတ်ကုန်တယ်.. ဘ၀ကို ခင်တွယ်နေဖို့ တခုခုကို ဆုပ်ကိုင်ထားဖို့ လိုအပ်ကြောင်း အလန့်တကြား သတိထားမိတဲ့အချိန် အဆုံးအမတရားတွေနဲ့ ဝေးလို့ မောဟတွေပဲ တရစပ်ခုန်တက်လာကြတယ် ခပ်ဖွဖွဖမ်းဆုပ်ထားမိတဲ့အရာကို လွှတ်ပေးလိုက်ဖို့ ၀န်လေးရင်း.. နံပါတ်တစ် အခက်ခဲဆုံးအရာဆိုတာ ကိုယ့်ကိုယ်ကို ပြန်ရှာဖွေဖို့ ဖြစ်ပြီး [...]
ပေမှာ ကျံမှာ ပျောက်မှာ ရှမှာ ပူပန်စရာ နတ္ထိနဲ့ ကျွန်မရဲ့ စိတ္တဇနာမ်လေးပါ… ရန်သူမျိုး ၅ပါးဓံ အနီးအဝေးဓံ ပူခြင်း အေးခြင်းဓံ ဘယ်ဓံမှ မကပ်ရောက်နိုင်ကြောင်း အာမခံချက်နဲ့… ရုပ်ဝတ္ထုမဟုတ်ခြင်းတခုတည်းနဲ့ သင်္ခါရနဲ့ မအပ်မရာ ပွန်းပဲ့ရာ ကင်းနိုင်ကြောင်း ယုံကြည်မှုအပြည့်.. ရှိခြင်းဆိုတာနဲ့ ပျက်ခြင်းကပ်နေကြောင်း အခြေခံအသိဥာဏ်တွေပါ ပါးရှားခဲ့တဲ့ အဖြစ်.. ဘယ်အရာနဲ့မှ မသက်ဆိုင်ဘဲ အရောင်တွေ ပြောင်းတဲ့အချိန်ဆိုတာ ရှိတယ်.. အရောင်တွေ ပြယ်တဲ့အချိန်ဆိုတာ ရှိတယ်.. ဆွဲမထားရက်ဘူး ရုန်းမပစ်ရက်ဘူး လွှတ်မပေးရက်ဘူး.. ကျွန်မရဲ့ စိတ္တဇနာမ်လေးပါ.. အရောင်တွေ ပြယ်ချိန်တောင် ဖွဖွလေး နက်ရှိုင်းနေတုန်း.. သာသာလေး ကပ်ငြိနေတုန်း..
၁။ ပျော်နေပြီလား အချစ်ရယ် တိမ်တွေ အရောင်စုံတဲ့ အဲဒီအရပ်မှာ.. ၂။ လိုအပ်ခြင်းတွေ ပြည့်စုံတဲ့ အဲဒီအရပ်မှာ ကျေနပ်ခြင်းတွေ ဝေဆာပါရဲ့လား.. သာယာခြင်းတွေ လန်းဖြာတဲ့ အဲဒီအရပ်မှာ ရင်ခုန်ခြင်းတွေ မှန်ကန်ပါရဲ့လား.. အပေးအယူ ပေါလျှံတဲ့ အဲဒီအရပ်မှာ နွေးထွေးခြင်းတွေ ဖြူစင်ပါရဲ့လား.. ဆွတ်ဆွတ်ဖြူလွတဲ့ အဲဒီအရပ်မှာ ချွတ်ထားတဲ့ အရောင်တွေအကြောင်း သတိပြုမိပါရဲ့လား.. ၃။ နေပျော်ပါရဲ့လား အချစ်ရယ် မလိုအပ်တာတွေနဲ့ ဝေးရာ အဲဒီအရပ်မှာ.. ပျံသန်းနိုင်ပါရဲ့လား အချစ်ရယ် လေဟာနယ်တွေ များတဲ့ အဲဒီအရပ်မှာ.. လန်းဆန်းပါရဲ့လား အချစ်ရယ် ကြိုးရှုပ်ရှုပ်တွေနဲ့ ကင်းရာ အဲဒီအရပ်မှာ.. ကြည်လင်ပါရဲ့လား အချစ်ရယ် ပြန်ဆုံခြင်းတွေ မှုန်မှိုင်းတဲ့ အဲဒီအရပ်မှာ.. ၁။ သာယာပါစေ အချစ်ရယ် ငါ့အလွမ်းတွေ ကင်းဝေးရာ အဲဒီအရပ်မှာ..
လူ ၁။ နေရာသစ်တစ်ခုရောက်တိုင်း တော်ရုံနေသားမကျနိုင်တာကလည်း အကျင့်ဆိုးဆိုးတစ်ခု။ အလုပ်ခွင်ဆိုပေမယ့် အရာအားလုံးက ထူထောင်ခါစမို့လို့ ပုံသေအရာမရှိသေး။ မနက် ၈နာရီကစ စာတွေသင်လိုက်၊ သင်တန်းရှိရာပြေးတက်လိုက်၊ စည်းမျဉ်းတွေလေ့လာလိုက်နဲ့ ညနေ၅နာရီဆို အိမ်ပြန်။ လေ့ကျင့်ရေးတွေနဲ့ချည်း တနေကုန်တော့ အလုပ်ခွင်ထက် စာသင်ကျောင်းနဲ့သာ ပိုတူနေပါသေးတယ်။ နေသားမကျတကျ၊ အချင်းချင်းကလည်း ရင်းနှီးကာစ၊ အသွားအပြန်လမ်းချင်းတူတဲ့ တချို့တလေနဲ့ ကားပေါ်ဆုံတော့လည်း အတွေ့အကြုံဖလှယ်ရင်း စကားစမြည်ပေါ့။ အသင်းတွေ အသီးသီးခွဲထားတဲ့အတိုင်း နေရတော့ ကျွန်မက ခပ်အေးအေး တရုတ်မလေးတစ်ယောက်ရဲ့အသင်းမှာ အသင်းသားတစ်ယောက်။ လူတွေအကုန်က ခပ်အေးအေး။ အဆင်ပြေပြေပါပဲ။ အပြန်လမ်းမှာ အတူတူဆုံနေကြ ကောင်မလေးကတော့ ကျွန်မထက် နံပါတ်တစ်ခုငယ်တဲ့ အသင်းက အသင်းသား။ သူ့အသင်းအကြောင်း ခဏခဏ ပြောပြောပြနေတဲ့အထဲ “အစ်မ သိလား.. အဲတစ်ယောက်ကလေ.. ပြောတယ်.. သူ့အနားသိပ်မကပ်နဲ့.. သူ [...]
ပေါ့ပေါ့ပါးပါးပဲပေါ့ ချစ်ရယ်.. ဖြတ်လျှောက်သွားရင်း တိုက်မိကြတဲ့ ခရီးသွားတွေပဲ မဟုတ်လား။ ၁။ နင်သာတယ်. ငါနာတယ်.. သူညာတယ်. သူချန်ရစ်တယ်.. ငါထွက်သွားတယ်.. နင်ထားခဲ့တယ်.. ………. တွက်ချက်နေရလောက်အောင် အချိန်မှ မများဘဲ။ ၂။ ခလုတ်တိုက်မယ်.. ဒူးပြဲမယ်.. ခေါင်းကွဲမယ်.. ကိုယ့်အနာမှ ဒဏ်ရာမဟုတ်ဘူး …………….. ဘယ်သူ့ကြည့်ကြည့် ပလာစတာအရာ ကင်းမှ မကင်းဘဲ။ ၃။ နာရင်ငိုမယ်.. ကြုံရင်နှစ်သိမ့်မယ်.. ပုခုံးတဖက်အတွက် ကမ်းလက်တစုံအတွက် ကျေးဇူးတင်မယ်.. …………….. ရပ်နေလို့မရတဲ့ခရီးမှာ မှီခိုထားလို့မှ မရဘဲ။ ၄။ အသာလိုတယ်.. မနာလိုတယ်.. အူတိုတယ်.. ဟိုဘက် ဒီဘက် အကုန်မျှတနေတာ.. ……….. မမြင်နိုင်တဲ့ တချို့ကိစ္စတွေကို လက်မခံလို့မှ မရဘဲ။ __။ ပေါ့ပေါ့ပါးပါးပဲပေါ့ ချစ်ရယ်.. ပြုံးပြကြမယ် ရယ်မောကြမယ် [...]
တချို့..တချို့သောကိစ္စတွေမှာ.. မြင်နေတာကိုပဲ ယုံကြည်လိုက်ဖို့လိုတယ် ပြောတာတွေကို နားထောင်နေဖို့မကောင်းဘူး။ တချို့..တချို့သောကိစ္စတွေမှာ.. အသံတွေကို လက်ခံလိုက်ဖို့လိုတယ် ဦးနှောက်ကို အသုံးချနေစရာ မလိုဘူး။ တချို့..တချို့သောကိစ္စတွေမှာ.. ဆုံးဖြတ်ချက်အတိုင်း လိုက်နေဖို့လိုတယ် ရင်ဘတ်က တဒိတ်ဒိတ်အသံနောက်လိုက်လို့ မဖြစ်ဘူး။ တချို့..တချို့သောကိစ္စတွေမှာ.. နှလုံးသားကို အလုပ်လုပ်စေဖို့လိုတယ် မြင်တာကိုချည်း လက်ခံနေလို့ မရဘူး။ လိုတယ်။ မကောင်းဘူး။ မလိုဘူး။ မဖြစ်ဘူး။ မရဘူး။ အမြင်တွေနောက်ချည်း.. အသံတွေနောက်ချည်း.. စည်းမျဉ်းနောက်ချည်း.. ဆန္ဒတွေနောက်ချည်း.. တကယ်တမ်း.. ဘ၀မှာ သာသာယာယာနေနိုင်ဖို့ ခန္ဓာကိုယ်အခွံတခုကလွဲပြီး ဘာဆို ဘာမှကိုမလိုဘူး။
မျက်မှောင်ကြုတ်ကြည့်နေရင်းနဲ့ကို.. လွမ်းတယ်.. မျက်လုံးချင်းဆုံနေရက်နဲ့ကို.. လွမ်းတယ်.. သူ့ရင်ဘတ်မျက်နှာအပ်ထားရင်းနဲ့ကို.. လွမ်းတယ်.. ပုခုံးပေါ်ခေါင်းလာမှီထားရက်ကို.. လွမ်းတယ်.. ………………….. နောက်တော့… ………………….. တုံးတိတိလက်သည်းလေးတွေမြင်ရင်း.. လွမ်းတယ်.. ironing sprayအနံ့ရရင်ကို.. လွမ်းတယ်.. ပေကပ်ကပ်လုပ်ချင်တဲ့အခါတိုင်း.. လွမ်းတယ်.. အနားနားထိုင်နေရင်းနဲ့.. လွမ်းတယ်.. စကားတချို့ပြောနေရင်းနဲ့.. လွမ်းတယ်.. ရေမွှေးမ၀ယ်ဖြစ်တော့တဲ့အခါတိုင်း လွမ်းတယ်.. ဆံပင်မညှပ်ဖြစ်တော့လည်း လွမ်းတယ်.. လွမ်းရင်းနဲ့လည်း.. လွမ်းပါတယ်..
လှည့်မကြည့်ချင်သောအတိတ် မဖြစ်စေပါ။ ထို့အတွက် … နောင်တ ဟုခေါ်တွင်ရန် အကြောင်းမရှိ။ နောက်ပြန်လည်၍ နောင်တစ်ကြိမ်ရွေးချယ်ခွင့် ထိုသို့ရှိလျှင်ပင် .. လျှောက်လှမ်းသောလမ်းကို ပြောင်းလဲရန်အတွေးမရှိ။ ကိုယ်ချင်းစာတရားကို ပြောင်းပြန်အသုံးချခြင်းဖြင့် ကသိကအောင့်ဖြစ်စေမှုများကိုသာ ဝေငှမိလေသည်။ အချစ်ဟူသော ခေါင်းစဉ်တခုတည်၍ ကျဉ်းကျပ်မှုများ၊ မွန်းကျပ်မှုများဖြင့်သာ အနှောင့်အယှက်ပေးမိလေသည်။ ဖြောင့်ဖြူးမှန်ကန်နေသောလမ်းတွင် မလိုအပ်သော မီးအိမ်ထွန်းပေးမှုဖြင့် နှောင့်နှေးဖြုန်းတီးမှုကိုသာဖန်တီးမိလေသည်။ တယူသန်ဆန်စွာ ခေါင်းမာစွာ ဆင်ခြင်တုံတရားကင်းမဲ့စွာ အတ္တကြီးစွာ… ဥာဏ်ရည်နိမ့်ပါးစွာ.. မိမိခံစားမှုကို ဦးစားပေးခဲ့၏။ ထိုထိုသော.. အထိန်းအချုပ်ကင်းမဲ့မှုများအတွက်……….. တသက်တာကာလပတ်လုံး…. ဖွင့်ဟညည်းတွားခြင်းမပြုနိုင်သော ပင်ပန်းမှုကို ထုတ်ဖော်မပြနိုင်သော လူမသိသူမသိ သိမ်ငယ်မှုများဖြင့် ချစ်ခြင်းမခံရသော ထာဝရနာကျင်နေရသော ကိုယ်ဖြစ်ရပါလို၏။ ။
ကမ္ဘာဟာ လုံးဝန်းတဲ့အ၀ိုင်းကြီးဖြစ်သတဲ့ သံသရာကိုလည်း သံသရာစက်ဝန်းလို့ပြောစမှတ်ပြုကြလေရဲ့ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိသတဲ့ မေတ္တာဆိုတာ အသွားအပြန်နဲ့ဆိုပဲ ၀ဋ်ဆိုတာလည်း လည်တတ်တဲ့သဘော အတုံ့အလှည့်.. အသွားအပြန်စသဖြင့်.. စသဖြင့် အ၀ိုင်းသံသရာ… ဒီဂရီစောင်းပြီးလည်နေတဲ့အပေါ်မှာ ငါတို့ရဲ့အတွေးတွေလည်း စောင်းစောင်းပြီးလည်နေတတ်တယ် ၀ိုင်းဝိုင်းကြီး ၀ိုင်းဝိုင်းကြီးနဲ့ အဲဒီ ၀ိုင်းဝိုင်းကြီးကိုပဲ လိုက်တမ်းပြေးတမ်းကစားနေရော အပြန်အလှန် အပေးအယူအပြင်.. အ၀ိုင်းသံသရာမှာ လက်ဆင့်ကမ်းတယ်ဆိုတာပါ.. ပုန်းပုန်းနေတယ် .. ပိုပိုလာတယ်.. ဒီဘက်ရဲ့ခံစားချက်ကို ဟိုဘက်ရောက်မှ နားလည်တယ် ဒီနာကျင်မှုကို ဟိုဘက်ကိုဆွဲရွှေ့တယ် ဒီလိုကုသမှုမျိုး တမ်းတမ်းစွဲ မက်မောတယ် ဟိုအထီးကျန်မှုကို ကိုယ်ပိုင်ကိုယ်ဆိုင်လုပ်ပစ်တယ် ဟိုဘက်ကြီးကျယ်မှုနဲ့ ကိုယ်ရောင်ကိုယ်ဝါတောက်ချင်တယ် စသဖြင့် စသဖြင့် … အ၀ိုင်းသံသရာ…