Archive for October 31, 2011

စီရင်ချက်

Posted: October 31, 2011 in diary, special

လှည့်မကြည့်ချင်သောအတိတ် မဖြစ်စေပါ။ ထို့အတွက် … နောင်တ ဟုခေါ်တွင်ရန် အကြောင်းမရှိ။ နောက်ပြန်လည်၍ နောင်တစ်ကြိမ်ရွေးချယ်ခွင့် ထိုသို့ရှိလျှင်ပင် .. လျှောက်လှမ်းသောလမ်းကို ပြောင်းလဲရန်အတွေးမရှိ။ ကိုယ်ချင်းစာတရားကို ပြောင်းပြန်အသုံးချခြင်းဖြင့် ကသိကအောင့်ဖြစ်စေမှုများကိုသာ ဝေငှမိလေသည်။ အချစ်ဟူသော ခေါင်းစဉ်တခုတည်၍ ကျဉ်းကျပ်မှုများ၊ မွန်းကျပ်မှုများဖြင့်သာ အနှောင့်အယှက်ပေးမိလေသည်။ ဖြောင့်ဖြူးမှန်ကန်နေသောလမ်းတွင် မလိုအပ်သော မီးအိမ်ထွန်းပေးမှုဖြင့် နှောင့်နှေးဖြုန်းတီးမှုကိုသာဖန်တီးမိလေသည်။ တယူသန်ဆန်စွာ ခေါင်းမာစွာ ဆင်ခြင်တုံတရားကင်းမဲ့စွာ အတ္တကြီးစွာ… ဥာဏ်ရည်နိမ့်ပါးစွာ.. မိမိခံစားမှုကို ဦးစားပေးခဲ့၏။ ထိုထိုသော.. အထိန်းအချုပ်ကင်းမဲ့မှုများအတွက်……….. တသက်တာကာလပတ်လုံး…. ဖွင့်ဟညည်းတွားခြင်းမပြုနိုင်သော ပင်ပန်းမှုကို ထုတ်ဖော်မပြနိုင်သော လူမသိသူမသိ သိမ်ငယ်မှုများဖြင့် ချစ်ခြင်းမခံရသော ထာဝရနာကျင်နေရသော ကိုယ်ဖြစ်ရပါလို၏။ ။