—– ၁။ —– အိပ်တယ်.. မက်မက်စက်စက် တခါမှ ဒီလောက် မနှစ်ခြိုက်ခဲ့ဖူးဘူး။ စားတယ်.. နှစ်နှစ်သက်သက် တခါမှ ဒီလောက် မခုံမင်ခဲ့ဖူးဘူး။ သွားတယ်.. စစ်စစ်ပေါက်ပေါက် တခါမှ ဒီလောက် မတက်ကြွခဲ့ဖူးဘူး။ ရယ်တယ်.. ဟက်ဟက်ပက်ပက် တခါမှ ဒီလောက် မလှိုက်လှဲခဲ့ဖူးဘူး။ —– ၂။ —– အချိန်တွေ တန်ဖိုးတွေ မပြောကြပါနဲ့ ဘယ်အရာကိုမှ နေရာမပေးချင်လောက်အောင် ပိုနေလွန်းလို့။ ကြိုက်တာတွေ အရသာတွေ မပြောကြပါနဲ့ လည်ချောင်းထဲ မျိုမျိုချနေရတာကိုပဲ အာရုံရှိလွန်းလို့။ ပေတေတာတွေ လေလွင့်တာတွေ မပြောကြပါနဲ့ လူတွေအများကြီးထဲ တိုးကျိတ်နေရတာကိုက ပုံစံခွက်မို့လို။ အခွံတွေ အကာတွေ မပြောကြပါနဲ့ တသက်လုံးရယ်နေနိုင်တာလည်း အရည်အချင်းရှိလွန်းလို့။ —– ၃။ —– ထိခိုက်တယ်။ နာကျင်တယ်။ ၀မ်းနည်းတယ်။ [...]
Archive for April, 2011
လမ်းဘေးပလက်ဖောင်း ခပ်ကျယ်ကျယ်ပေါ် လျှောက်နေရင်း တနေကုန် ခြစ်ခြစ်တောက်ပူထားတဲ့ ကတ္တရာလမ်းမပေါ်က အပူလက်ကျန်တွေကို ခု ညခင်းရောက်တဲ့တိုင် တရှိန်ရှိန်ခံစားမိနေဆဲ။ လာနီညာရာသီဥတုဆိုပြီး တလောလေးက နွေခေါင်ခေါင်မိုးရွာပြီး အေးစက်ခဲ့တုန်းကလည်း “ဟင်.. နွေကလည်း..” ဆိုပြီး ငြူစူမိခဲ့တော့ ခုတခါ နွေပီပီသသ ပူပြန်တော့ နှုတ်ခမ်းစူရမှာ အားနာသွားပြန်ရော။ တရှိန်ရှိန်ပူတက်လာတဲ့ အပူချိန်တွေ ကလေးဘ၀တုန်းကရော ဒီလောက်ပူခဲ့ဖူးသလား မမှတ်မိတော့ပြန်ဘူး။ ကမ္ဘာ့ဂေဟစနစ်ကြီး ယိုယွင်းလာပြီး၊ ရာသီဥတုတွေ ဖောက်ပြန်၊ ငလျင်ကြီးတွေလှုပ်၊ ရေတွေကြီးနဲ့ ချောင်းတဟွတ်ဟွတ် ကမ္ဘာကြီးအတွက် သစ်ပင်တစ်ပင်တောင် မစိုက်ပေးဖူးပါဘဲနဲ့ ပျက်စီးလာရကောင်းလားဆိုပြီး ခြေဆောင့်ဖို့လည်း မဖြစ်ပြန်ဘူး။ အ၀ါနုရောင် ငုပန်းတွေ။ အစိမ်းရင့်ရောင် အရွက်တွေနဲ့ အ၀ါရောင်ပန်းခိုင်တွေ။ မျက်စိပဒသ ရှိလိုက်တာ။ အရောင်အဆင်း၊ အချိန်အခါတွေကို လိုက်ဖက်ညီအောင် ဖန်တီးပေးထားနိုင်တဲ့ သဘာဝတရားကြီး။ ခံနိုင်ရည်နည်းပြီး ပျော့ပြောင်းပုံရတဲ့ [...]